ကျွန်ုပ် နှင့် ရွှေမြို့ တော် ပရဟိတ အသင်း
အပိုင်း (၁)
ကျုပ်တစ်သက်မှာ အလှူတွေများစွာ ပြုခဲ့ဖူးပါတယ်။ ဒါပေမယ့်လို့  ယခုတစ်ခေါက်ပြုခဲ့  တဲ့  အလှူပွဲ မျိုးကိုတော့ ပြုလဲ မပြုခဲ့ ဖူးသလို၊ ဒီလိုမျိုး အလှူပြုရလိမ့်မယ်လို တွေးလဲ မတွေးခဲ့ ဖူးပါဘူး....။
အလှူပြုဖြစ်ခဲ့  ပုံလေးကတော့ ဒီလိုဗျ...........................
တစ်နေ့ မှာ ကျုပ် မြို့ တော်ထဲကို ရောက်တော့ အလှူဖိတ်စာ တစ်ခုကိုဖတ်မိတယ်...။ မရှင်းသန့် မေ ဦးဆောင်ဦးရွက်ပြုတဲ့ အလှူတစ်ခု ဖြစ်ပါတယ်။ အဲဒါကတော့ လှိုင်သာယာ၊ အလယ်ရွာမှာရှိတဲ့  အောင်ဇေယျာမင်း မိဘမဲ့ ကလေးများပရဟိတဂေဟာမှာ သွားရောက်လှူဒါန်းဖို့  မြို့ တော်သူ/မြို့ တော်သား တွေကို လှူဒါန်းဖို့ ၊ လိုက်ပါဖို့  ဖိတ်ခေါ်ထားတာကို တွေ့ ရပါတယ်ဗျ။ ဖိတ်စာကို ဖတ်ပြီးပြီး ချင်းမှာပဲ ဒီအလှူကို တစ်ဖက်တစ်လမ်းကနေ ကူညီမယ်လို ဆုံးဖြတ်ခဲ့ မိပါတယ်။ ငွေအားနဲ့  ပဲဖြစ်ဖြစ် ၊ လူအားနဲ့ ပဲဖြစ်ဖြစ် တစ်မျိုးမျိုးနဲ့ ကူညီမယ်လို့  စဉ်းစားလိုက်ပါတယ်။ အလုပ်က မအားတော့ ငွေအားနဲ့  ပဲ ကူညီမယ်လို့ စဉ်းစားခဲ့ ပေမယ့် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလှူဒါန်းချင် တာမို့ လိုက်ဖို့  အခြေအနေကို ရအောင်ဖန်တီးယူခဲ့ ရတယ်ဗျာ....။
ဒီလိုနဲ့  အလှူမတိုင်ခင် ၁၅ ရက်နေ့ ညမှာ မနက်ဖြန် အလှူပြုရမယ့် အရေးကို တွေးပြီး စိတ်ထဲမှာ ပီတိတွေ ဖြစ်နေတယ်ဗျ...။ ကျုပ်တင်မကဘူး တစ်ခြားသူတွေလဲ ဒီလိုပဲနေမှာပါ...။ ညအိပ်တော့ သတိနဲ့  အိပ်ကြတယ်...၊ မနက်ကြတော့ ၀ီရိယနဲ့  ထကြတယ်၊ ပြီးတော့ ယုံကြည်မှု သဒ္ဓါနဲ့  လာကြတယ်...၊ ပြုလုပ်ကြမယ့် အလုပ်မျိုးက လူသာဓုခေါ် နတ်သာဓု ခေါ်မယ့် အလုပ်မျိုး...တွေးကြည့်ရင် အရမ်းကို ပီတိဖြစ်စရာပါ...။ ဘယ်လောက်တောင် ပျော်ဖို့ ကောင်းသလဲ ဆိုရင် အိမ်က အဖေ၊အမေတွေကို တောင် ဒီအလှူအကြောင်းကို ပြေးပြီးပြောချင်စိတ်တွေတောင်ပေါ်လာတာဗျ ။
ဒါနဲ့  မနက်ရောက်တော့ တခြားအလုပ်ကိစ္စတွေကို စီစဉ်စရာရှိတာလေးတွေ စီစဉ်ခဲ့ ပြီး ၊ Taxi ကား ငှားဖို့  လမ်းထိပ်ကို ထွက်လာခဲ့ပါတယ်။ ကားဆရာကမေးပါတယ် ဘယ်ကိုသွားမလဲလို့ မေးတော့ ကျုပ်က မြေနီကုန်းသွားမှာ လို့ ပြောတော့ ကားဆရာက ဈေးပြောပါတယ် ။ ကျုပ်က ဈေးတောင်မဆစ်ပဲနဲ့  သူပြောတဲ့  ဈေးနဲ့ ပဲ ငှားလိုက်ပါတယ်။ ကျုပ်ရဲ့  အကျင့်ကိုက ဈေးဆစ်တာ ၀ါသနာမပါဘူးဗျ။ အဲဒါနဲ့  လမ်းတစ်ဝက်လောက်ရောက်တော့မှ မရှင်းသန့် မေ ဆီကို ဖုန်းလှမ်းဆက်လိုက်ပါတယ်။ ဒါတောင် စိတ်ကလောနေတာနဲ့  ဖုန်းနံပါတ်တောင် မှားဆက်လိုက်မိသေးတယ်။ ဖုန်းနံပါတ်သေသေချာချာပြန်နှိပ်ပြီးဆက်လိုက်တော့မှ ...
" ဟလို....မရှင်းသန့် မေ လားခင်ဗျ....."
" ဟုတ်ပါတယ်...ရှင်"
" အမရေ....ကျွန်တော် အခုမြေနီကုန်းကိုလာနေပြီဗျ ၊ ကျွန်တော် အိမ်ကထွက်လာတာ နဲနဲနောက်ကျသွားလို့  "
" အော်...ဟုတ်ကဲ့  လာခဲ့ ပါ Ice Berry မှာ ကျွန်မတို့  အဖွဲ့  စောင့်နေပါတယ် "
" ဟုတ်ကဲ့  ဗျ ''
ဒီလိုနဲ့  မြေနီကုန်း Ice Berry ရှေ့ ရောက်တော့ ပတ်ဝန်းကျင်ကို လှည့်ပါတ်ကြည့်လိုက်ပါတယ် ။ အလှူသွားကြမယ့်သူတွေကို သိသလိုလို နဲ့ ပေါ့...။ ဟတ်ဟတ်ဟတ်....။ မြို့ တော်ထဲမှာ နာမည်သာကြားဖူးတာ လူတွေကို မြင်ဖူးတာလဲ မဟုတ် ...ဒီလိုနဲ့  နောက်ထပ်တစ်ခါ ဖုန်းထပ်ခေါ်လိုက်ပြန်ပါတယ်.......
" အမရေ......ကျွန်တော် Ice Berry ရှေ့ ကိုရောက်နေပြီဗျ ...ဘယ်နားကို လာခဲ့ ရမှာတုန်းဗျ ..."
" ဆိုင်ထဲကို ၀င်လာခဲ့ လိုက်လေ ၀င်ပေါက် ကနေ တန်းတန်းသာလျှောက်လာခဲ့  ..."
ကျုပ်လဲ ဖုန်းပြောရင်းနဲ့ ပဲ ဆိုင်ထဲကို ၀င်လိုက်ပြီး လျှောက်သွားလိုက်တဲ့  အခါ.....ဟော...တွေ့ ပါပြီဗျား.... စားပွဲတစ်ခုမှာ အဖွဲ့ သားတွေ.... ကျုပ်လဲ နေရာတစ်ခုမှာ ၀င်ထိုင်လိုက်ပါတယ်...။ မရှင်းသန့် မေက စပြီးမေးပါတယ်.... နာမည်က ဘယ်သူလဲ မသိဘူးနော်..... ပထမံ ဆရာသိန်း ပါ ဗျ...အော်ဟုတ်ကဲ့ ရှင့်...။ နဲနဲလောက် အင်တာဗျူးမယ်နော်....ဟုတ်ကဲ့ ဗျ....ဘာလို့  ဒီနာမည်ကို ရွေးရတာလဲရှင့်...အင်း...ပထမံ ဆရာသိန်းဆိုတာ တစ်ကယ်ရှိခဲ့ ပါတယ်.... နာမည်ထူးဆန်းတာကို နှစ်သက်တာရယ်...ပြီးတော့ သူရဲ့  စိတ်ဓာတ်ကို လေးစားအားကျမိလို့ ပါဗျ...အော်ဟုတ်ကဲ့ ပါရှင်....။ မရှင်းသန့် မေ မေးပြီးတော့ သူမကပဲ ကျန်တဲ့  အဖွဲ့ သားတွေနဲ့  မိတ်ဆက်ပေးပါတယ်။ သူတို့ တွေကတော့ ကိုဇော်၊ မအေးမြင့်ဌေး၊ ဖိုက်တာဘုရင်၊ ချစ်ညီမလေး၊ အမုန်းသခင်၊ မြှားနတ်မောင် အချစ်ဆိုင်ရာ ဥက္ကဌ၊ ဒီမွန်(အသဲကွဲတိုးရစ်) တို့  ဖြစ်ကြပါတယ်။ အားလုံးကို အခုမှ တွေ့ ရပေမယ့် အားလုံးက ရင်းနှီးဖော်ရွေစွာကြပြီ ခင်မင်ဖို့ ကောင်းပါတယ်ဗျ။ ဒီလိုနဲ့  ခပ်တိုတိုပြောရရင် အလှူလုပ်မဲ့  ကျောင်းကို ရောက်ခဲ့ ကြပါတယ်.။ ရောက်တာနဲ့  ဆရာတော်ဘုရားကို ဖူးမြော်ကန်တော့ကြပါတယ်။
------------------------------------------------------