၃၀-၁၂-၂၀၁၁ ရက်ည (သို့ ) ၃၁-၁၂-၂၀၁၁ နံနက် (၃) နာရီလောက်မှာ ကယ်ကြပါအုံး၊ လာကြပါဦးလို့အော်လိုက်တဲ့အသံတွေကို အိမ်အနီး ပတ်ဝန်းကျင်တချို့ကသဲ့သဲ့ကြားလိုက်ကြပါတယ် .. ဒါပေမယ့် အဲဒီအိမ်က လင်မယားတွေက ခဏခဏရန်ဖြစ်ပြီး ခုလိုဘဲ
အသံတွေထွက်နေကြဖြစ်တဲ့အပြင် အိပ်လို့ကောင်းတဲ့အချိန်လဲဖြစ်နေတာကြောင့် မည်သူကမျှအရေးတယူမရှိခဲ့ကြပါဘူး၊ အဲဒီအိမ်ကြီး
ကလည်း ဟိုးအရင်တုန်းကချစ်တီးတိုက်ကြီးတစ်ခုပါ ။ ချစ်တီးတိုက်ဆိုတဲ့အတိုင်း အိန္ဒြိယပုံစံ အချွန်လိုလို ပန်းအိုးလိုလိုတွေနဲ့တန်ဆာ
ဆင်ထားပြီး ရှေ့မှာကသံတံခါးတစ်ချပ်၊ အိမ်ထဲမှာလည်းတံခါးအထပ်ထပ်နဲ့ပေါ့ ၊ တော်ယုံလူ ၀င်ဘို့မလွယ်သလို အထဲကိုလည်း
အလွယ်တကူမမြင်ရပါဘူး ၊ ခြံဝင်းကိုလည်းအုတ်တံတိုင်းခတ်ထားသေးတယ်လေ ၊ ၃၁-၁၂-၂၀၁၂ ရက်နေ့(၉) နာရီကျော်လောက်
မှာတော့ (၁၀) လမ်းထဲကအိမ်မှာ လူ(၂)ယောက် -အသတ်ခံရလို့ဆိုတဲ့သတင်းကို စပြီးကြားရပါလေရော ၊ အဲဒီအိမ်မှာ ယခုလက်
ရှိနေတဲ့သူတွေက ကလေးသူငယ်မရှိပါဘူး ၊ လင်မယား(၂)ယောက်ရယ် ၊ အိမ်ဖော် (၁) ယောက်ရယ် ၊ တူမလေး (၂) ယောက်
ရယ်နေကြတာပါ ။ တူမလေး (၁) ယောက်ကတောကိုပြန်သွားပြီး (၁)ယောက်က ဘုရားဖူးခရီးထွက်နေပါတယ် ။ ယောင်္ကျားဖြစ်သူက
တောမှာစပါးလိုက်သိမ်းနေတော့ အိမ်ရှင်ဇနီးနဲ့ အိမ်ဖော်မလေးဘဲ အိမ်ကြီးထဲမှာကျန်ခဲ့ပါတယ် ။ ကြားရတဲ့သတင်းတွေကတော့ အိမ်ဖော်မလေးကသွေးရူးသွေးတန်းနဲ့ အိမ်အပေါ်ထပ်ကနေ ရေပိုက်လုံးကတဆင့်တွယ်ဆင်းပြီး အိမ်အောက်ရောက်တော့ ခြံဝင်းသံတံခါးဆီပြေးထွက်ခဲ့တယ်တဲ့ ၊ အဲဒီအချိန်မှာ ကောင်မလေးရဲ့ခေါင်းကို တူနဲ့ထုပြီး အိမ်ဘက်ကိုတရွတ်ဆွဲပြန်ခေါ်သွားကာ အိမ်ဘေးပန်းကန်ဆေးတဲ့ရေကန်သေးသေးလေးထဲထည့်ခဲ့တာတဲ့ ၊ ခြံဝမှာ သွေးစွတ်ကြောင်းကြီးတွေ့ရတယ်ဆိုဘဲ ၊ အမျိုးသမီးကြီးအလောင်းကတော့ အိမ်ထဲမှာတဲ့ ၊ (၂) ယောက်စလုံး သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းအောင်ဖြစ်ပြီးသေဆုံး
နေကြတာတွေ့ရပါတယ်တဲ့ ၊ တရားခံဘယ်သူဆိုတာတော့မသိကြသေးပါဘူး ၊ ဒါပေမယ့် အံ့သြစရာတစ်ခုက အိမ်ခြံဝ သံတံခါးကြီးကလည်းပိတ်လျက်ဘဲ ၊ အိမ်ထဲကတံခါးတွေကလည်း ပိတ်လျက်ဘဲ ၊ ရဲတွေရောက်လာမှ ခြံတံခါးကို ဖျက်ပြီးဝင်ရတာ
လို့ ကြားရပါတယ် ။ သူတို့နဲ့အမျိုးမကင်းတဲ့အမျိုးသမီးတစ်ယောက်က ခါတိုင်းအပြင်ကိုထွက်လာနေကျအချိန်ရောက်မလာလို့ ခြံတံခါးပေါက်ကသွားကြည့်တော့ သွေးအလိမ်းလိမ်းနဲ့သေဆုံးနေတဲ့အိမ်ဖော်မလေးရဲ့အလောင်းကိုတွေ့ရလို့ အော်ဟစ်ပြောရာမှ အခြားလူတွေပါသိခဲ့ကြရပြီး ဒီ (၂) လောင်းပြိုင်လူသတ်မှုကြီး ပေါ်ပေါက်လာတာပါတဲ့၊ လူတွေကတော့ထင်ကြေးအမျိုးမျိုးနဲ့ပေါ့ ။ ဒီနေ့တော့ ဒီလောက်နဲ့ဘဲနားလိုက်ပါမယ် ၊နောက်ထပ် ထူးလျင်ထူးသလို ဆက်လက်ပြီးတင်ပြပေးသွားပါဦးမယ်.. ၂-၁-၂၀၁၁ နေ့မှာ
တော့ (၂) လောင်းပြိုင်အသုဘချပွဲကြီးရှိလေရဲ့ ...