တစ်ခုသောနေ.တစ်နေ.မှာ ကျွန်တော်လဲပျင်းနေတာနဲ. လက်ဘက်ရည်ဆိုင်ထွက်လာခဲ.လိုက်ပါတယ် ။ အချိန်ကလဲ ၁၂ နာရီထိုးခါနီးပြီဆိုတော. ကျောင်းလဲလွှတ်တော.မယ်လေ။ ကျွန်တော်လဲရိုးအီနေကြဖြစ်တဲ. မြင်ကွင်းတွေကြည်.ရင်း ကျောင်းရှေ.မှာရောင်းတဲ.မုန်သည်တွေကိုငေးနေမိတယ် အဲဒီမှာပဲရေးစရာရလာပါတော.တယ်။ ကောင်လေးတစ်ယောက်ပေါ. တိတိ ကျကျ ပြောရရင် အသက်၁၂ နှစ်လောက်ရှိတဲ.ကောင်လေးပေါ. ။ ကျောင်းဆင်းချိန်အမှီကို ရေခဲချောင်းပုံးကြီးထမ်းလာပြီး ပြေးလာနေတယ်လေ ဖုန်တွေကလဲတ ထောင်းထောင်းနဲ.ပေါ.။ မြန်မာသားကောင်းရတနာတွေကို မွေံးထုတ်ပေးနေတဲ. ကျောင်းကြီးကတော. ခနော်ခနဲ.အုတ်တိုင်တွေရယ် သံချေးတွေတက်နေတဲ. သံဆူကြိုးတွေနဲ.လေ ။ အဲဒီအချိန်မှာပဲကျောင်းခေါင်းလောင်းသံက ကျယ်လောင်စွာထွက်ပေးလာပြီး ကလေးတွေအပြေးအလွှားထွက်ပေါ်လာပါတော.တယ်။ ကောင်လေးကလဲ ကလိုင်လေးကိုကိုင်ပြီး ကျယ်လောင်စွာနဲ.
"လာထားနော်ဦးရာလူရမှာ သိပ်လဲမလုကြပါနဲ. အများကြီးကျန်ပါသေးတယ် ရမယ်၇မယ် အကုန်လုံးရပါမယ်"
ပါးစပ်ကပြောသာပြောနေတာ ၂ မိနစ်နေမှတစ်ချောင်းလောက်ေ၇ာင်းရတာလေ မသိ၇င်ပဲ လူတွေအများကြီးဝိုင်းအုံစာနေတဲ. ပုံစံနဲ.ပေါ. ဒါပေမဲ. လဲသူက အော်နေတာကလျှော.မသွားပါဘူး ကျောင်းတက်လို. ကျောင်းသားကျောင်းသူတွေအတန်းထဲ ပြန်ဝင်သွားတော.မှ သူကလဲပိုက်ဆံ ၅၀ တန်အနွမ်းတွေကိုဖြန်.ပြီး ရေနေ၇င်းလမ်းမကိုမျှော်ကြည်.နေပါတယ်။ ဇာတ်လမ်းလေးကတော.ဒါလေးပါပဲ ဒါပေမဲ. ခံစားလိုက်ရတာတစ်ခုကတော. ဒီလိုကျောင်းမတက်ပဲ အပြင်အလုပ်လုပ်နေတဲ.ကလေးတွေဘယ်လောက်တောင်များနေလဲဆိုတာပါ။ နောက်ပြီး ရေခဲချောင်းတောင်သွားဝယ်မစားပဲ နဲ.သူ.ကိုသနားတယ်လို.ပြောမိတဲ. ရေးစ၇ာကိုလိုက်ရှာနေတဲ. အတ္တသမား ကျွန်တော် ။