Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878
ဆည်းဆာနှင်းဆီ
$
0
0
မိန်းကလေးအမေ့ အိမ်ကို ရောက်လာတဲ့ အချိန်က နေ၀င်ရီတရောလေး--
သားက သူ့မွေးနေ့မို့ သူ့ သူငယ်ချင်းတွေကို ကျွေးမယ်ဆိုပြီး အမေ့ ကို မုန့် တီချက်ခိုင်းပြီး
သင်တန်းသွားတက်နေတဲ့အချိန်ပေါ့ ---
ခြံစည်းရိုးရယ်လို့သတ်မှတ်ကာရံထားတဲ့ပုဏ္ကရိတ်ပန်းခြုံလေးကိုဖြတ်ပြီးပျဉ်ထောင်အိမ်လို့ပြောသာရုံသာရှိတဲ့ယိုင်တိုင်တိုင်အိမ်အို
လေးရှေ့မှာမိန်းကလေးရပ်နေတာကိုမြင်လိုက်တဲ့အမေကအိမ်ရှေ့ထွက်ကြည့်လိုက်ပါတယ်--
ဒါ--ကိုထက်ဝေယံတို့အိမ်ပါလားရှင် --ဆိုတဲ့ ကြည်လင်ချိုသာတဲ့ မေးသံလေးနဲ့အတူ ဆည်းဆာရိပ်မှာ
လင်းလက်နေတဲ့  မိန်းမချောလေးကို အမေ မှင်သက်စွာကြည့်နေမိပါတယ်--
သူကလေးက အမေ့ မျက်နှာကိုသေသေချာချာ မြင်လိုက်တဲ့အချိန်မှာပဲ သေချာပိုင်နိုင်တဲ့ အပြုံးလေးနဲ့ 
သမီးအိမ်ပေါ်တက်ခဲ့မယ်နော်---တဲ့ 
အို--မိန်းကလေးအသံကအမေ့ကိုတရင်းတနှီးရှိလှချည်လား--ဆိုတဲ့အတွေးနဲ့အတူအိမ်ပေါ်လှမ်းတက်လာတဲ့ 
မိန်းကလေးကို အမေ ငေးမောကြည့်မိတယ်-
ဝင်းစက်တဲ့နေတဲ့အသားအရည်၊ ကြော့ရှင်းတဲ့ကိုယ်ဟန် ၊မျက်နှာ သွယ်သွယ်လေး၊ မျက်လုံးလေးတွေက
အရေကြည်လဲ့ပြီးစူးတောက်လို့----
ဘာမှန်းမသိပေမယ့်   ဒီမိန်းကလေးမှာအရောင်တခု တောက်ပနေသလိုပဲ--
အမေသိသလောက် သားအသိတွေထဲမှာရော အမေ့ ပတ်ဝန်းကျင်မှာရော ဒီလို မိန်းကလေးမျိုးမရှိပါဘူး--
အဲဒီအချိန်တုန်းက အမေက လမ်းထိပ်ဈေးတန်းလေးမှာ မနက်ပိုင်းမုန့်ဟင်းခါးရောင်းပြီး ညနေအိမ်ရှေ့မှာ
ရခိုင်မုန့်တီချက်ေ၇ာင်းတယ်--
သမီးအကြီးမနောက်အိမ်ထောင်ပြုသွားလို့ထားရစ်ခဲ့တဲ့မြေးလေးကကျောင်းတက်ခါစအရွယ်--
သားလေးက လွန်ခဲ့တဲ့ခြောက်လလောက်ကတည်းကအလုပ်ကအဆင်မပြေလို့ထွက်ပြီး နိုင်ငံခြားသွားဖို့ 
အသည်းအသန်လုံးပန်းနေရချိန်--
အမေ့တယောက်စာဝင်ငွေလေးနဲ့ရုန်းကန်နေရလို့အိမ်ရဲ့စာဝတ်နေရေးက  တော်တော်ခက်ခဲပင်ပန်းပါတယ်---
အိမ်ပေါ်မှာလဲဘာအိမ်ထောင်ပရိဘောဂမှမရှိပါဘူး-
အမေ ကဖျာလေးခင်းပေးတော့  မိန်းကလေးက၀င်ထိုင်ပြီး ပြုံးပြပါတယ်-
" ဓါတ်ပုံထဲကထက် ပိုပိန်သွားတယ်နော်"
သူ့အပြောကြောင့် အံ့သြလိုက်တာ--
" မိန်းကလေးက အမေ့ ကိုသိလို့လား"
" သိပါတယ်--ကိုထက်ဝေယံက အမေ့ ပုံကို အမြဲ အိတ်ထဲ ထည့်ထားလို့မြင်ဖူးတာပါ "
"  အော်--ဟုတ်တယ်--သားလေးက အမေ့ ကိုသိပ်ချစ်တာလေ --
တော်လဲအရမ်းတော်တာ--သိပ်ကြိုးစားတဲ့ ကလေး--ခုလဲ အမေ ပင်ပန်းနေတာမကြည့်၇က်လို့ 
နိုင်ငံခြားမှာ သွားအလုပ်လုပ်ပြီးပိုက်ဆံတွေအများကြီးရှာတော့မှာ--
ဒီနေ့ သူ့ မွေးနေ့ မို့ သူငယိချင်းတွေကို တတ်နိုင်သလောက် လေး ကျွေးချင်တယ်ဆိုလို့ အမေ
မုန့်တီကောင်းကောင်းလေးချက်နေတာ--သားကသင်တန်းကပြန်မလာသေးဘူးလေ--
 အော်--ဒါနဲ့ မိန်းကလေးက အမေ့ သားသူငယ်ချင်းမဟုတ်ဘူးလား-ဒီနေ့ သားခေါ်ထားတာလား"
မိန်းကလေးက ယဲ့ယဲ့ လေးပြုံးပြီး သူက မဖိတ်ပါဘူးအမေရယ်--တဲ့ 
ကြေကွဲနာကျငိနေတဲ့ မျက်နှာနဲ့ မိန်းကလေးက သူ့လက်ထဲက နှင်းဆီပန်း နီစွေးစွေးပွင့်လေးတွေ ဖြန့်ကျဲထားတဲ့ 
ပါကင်စက္ကူစနဲ့ ထုတ်ထားတဲ့ အထုပ်လေးတထုပ် အမေ့ ကို ပေးပါတယ်-
" သူလာရင် ပေးလိုက်ပါနော်--သူ့ အတွက်မွေးနေ့ လက်ဆောင်ပါ"
အမေ့ လက်ထဲကို လေးထောင့်ခပ်မာမာအထုပ်လေးရောက်လာပါတယ်--
" မုန့်တီသောက်ရင်းသားကိုစောင့်ပါလား--သားက နောက်နှစ်နာရီကျော်လောက်မှပြန်ရောက်မှာ"
" သူ့ ကိုတော့ မစောင့်တော့ပါဘူး--အမေ့ မုန့်တီကိုတော့ သောက်ချင်တယ် "
 "အေးအေး--ဒါဆို အမေ သွားပြင်လိုက်မယ်နော် " 
အမေလဲ ကျက်ခါစ မုန့် တီဟင်းရည် ပူပူလေးနဲ့  ငရုတ်သီးစိမ်းတွေစပ်လို့ ရှူးရှူးရှဲရှဲ နဲ့ စားတဲ့ မိန်းကလေးကို
ကြည့်ပြီး အရမ်းသဘောကျမိတယ်-
-သားလေးနဲ့ ဘယ်လိုပတ်သက်ပါလိမ့် --
တခါမှလဲ ပြောသံမကြားဖူးပါဘူး--အိမ်လိုက်လာတတ်တဲ့ အဖွဲ့ ထဲမှာလဲ တခါမှပါလာတာမတွေ့ပါဘူး---
အင်းလေ--သားကလဲ အမေ့ ကို ဘာမှတိုင်ပင်တာမှမရှိတာ-
အမေနဲ့ တူလေးနှစ်ယောက် အတွက် အိမ်ထောင်ဦးစီးကြီးလို မားမားမပ်မပ်ရပ်နေတဲ့ သားကိုအမေက
ယုံလဲယုံတယ်--အထင်လဲကြီးတယ်--
သားကမာနကြီးပြီး  မြိုသိပ် ခံစားတတ်တဲ့ သူ --မှန်တယ်ထင်ရင် နောက်မဆုတ်သူ--
ဘယ်သူ့ သြဇာဘယ်သူ့ လျွှမ်းမိုးမှု မှမခံချင်ဘဲ  ကိုယ့်စိတ်ကိုယ့်သဘောပြုမူချင်သူ-- ပဲလေ။
 စားသောက်ပြီးတော့ မိန်းကလေးက အမေ့ ကိုနုတ်ဆက်ပြီးပြန်သွားပါတယ်--
 "နေပါဦးလား--သားလဲပြန်လာတော့မှာပဲကို"
 "နေပါစေ--သမီးပြန်တော့မယ်--ဒီနေ့ အမေ နဲ့ တွေ့ရတာဝမ်းသာပါတယ်"
 "သမီးနာမည်လေးပြောခဲ့ ပါလား--သားကိုပြန်ပြောပြမလို့  "့
"နေပါစေ အမေ --သူ့ ကို ဒီလက်ဆောင်ထုပ်လေးပဲပေးပေးပါ--သွားတော့မယ်နော်"
သြော် -နာမည်လေးတောင်မပြောခဲ့နိုင်တဲ့ မိန်းကလေး--သားနဲံ ဘယ်လိုများပတ်သက်နေပါလိမ့်--
နောက်နာရီဝက်လောက်ကြာတော့ သားက သူ့ သူငယ်ချင်းတအုပ်ကြီးနဲ့ ရောက်လာပြီး စားကြသောက်
နဲ့ ဆူညံနေလို့ အမေလဲ ကိုယ့်ဘာသာ မီးဖိုချောင်ထဲကပဲ လိုတာလုပ်ပေးနေလိုက်ပါတယ်--
" ထက်ဝေယံကြီး မွေးနေ့ မှာ ပျော်ရွှင်ပါစေ-အမြန်ဆုံးနိုင်ငံခြားသွားနိုင်ပါစေ--ပြန်လာပြီး ချမ်းချမ်းသာသာနဲ့ 
စပါယ်ခြံပိုင်ရှင်ကြီးဖြစ်ပါစေလို့ဆုတောင်းပါတယ်--နော် ငွေစပါယ်ရေ "
သူငယ်ချင်းတွေက သားကို သူ့ သူငယ်ချင်းမလေး ငွေစပါယ်နဲ့  အမြဲ စနောက်နေတာ အမေသိပြီးသားပါ-
ကောင်မလေးကလဲ သားကိုဆို သိပ်အားကိုးတာ-ကြောက်လဲကြောက်တယ်--
သားက ငွေစပါယ်ဆို အရုပ်ပဲ--နိုင်မှနိုင်--သူ့ သြဇာညောင်းလို့ ဒီကောင်မလေးကိုတော့ သူ သဘောကျပုံပဲ-
ဖြူဖြူပိန်ပိန်လေးနဲ့အမြဲတမ်းပြုံးနေတတ်တဲ့ငွေစပါယ်ကိုခင်ပေမယ့်သားနဲ့ မလိုက်ဖက်ဘူးလို့အမေကထင်တယ်-
သားလို ထက်မြက်ထူးချွန်သူတဲ့သူနဲ့ဆို ညနေကလာသွားတဲ့ မိန်းကလေးကမှလိုက်တာ--             
ဘာကြောင့်မှန်းမသိဘဲ အမေကလေ အမြဲခင်မင်နေတဲ့ ငွေစပါယ်ကိုကျော်ပြီးခဏလေးပဲ တွေ့ လိုက်ရသေးတဲ့ 
မိန်းကလေးကို ပိုပြီးနှစ်လိုနေမိတယ်--
အားလုံးပြန်သွားမှ မိန်းကလေးပေးတဲ့ အထုပ်လေးကို အမေက ပေးလိုက်တယ်
 "မိန်းကလေးတယောက်ပေးသွားတာ--သားအတွက်မွေးနေ့ လက်ဆောင်တဲ့ "
" ဘယ်သူလဲ-အမေ"
" နာမည်ပြောမသွားဘူး--အရမ်းလှတဲ့ မိန်းမချောလေး--သူ့မျက်လုံးတွေက တောက်ပနေတာပဲ "
အော--
ဒီလောက်ပြောရုံနဲ့ သားက သိသွာ့းတဲ့ ပုံပေါ်တယ်--မနှစ်သက်တဲ့ ပုံစံနဲ့ --
" နေပါဦး သူက သားမဖိတ်ဘဲ အိမ်ကိုပိုင်စိုးပိုင်နင်းလာသွားပြီး အမေ့ ကို ဘာတွေပြောသွားသေးလဲ "
" ဘာမှမပြောပါဘူး--အမေက ဓါတ်ပုံ ထဲကထက် ပိန်သွားတယ်တဲ့ --အမေ့ပုံကို သူ သားဆီက မြင်ဖူးတယ်တဲ့ ---လေ "
သားရဲ့ မျက်ဝန်းထဲမှာ အရိပ်တခု ဖြတ်သွားပြီးတချက်လေး မျက်နှာမိုင်းညို့ သွားတယ်-
ဒါဆိုမိန်းကလေးအတွက် သားရင်ထဲမှာခံစားမှုတခုတော့ရှိမှာပါ--
ဒါပေမယ့်ဒီအရိပ်ကလေးကခဏလေးပါ--ချက်ချင်း သားမျက်နှာတခုလုံး ကျောက်သားပြင်လို
တင်းမာသွားတယ်--
 " တွေ့လား--သူကသားမရှိတုန်းသားအိမ်ကိုလဲလာသေးတယ်--အမေ့ကိုလဲ ပြောချင်တာတွေပြောသွားသေး
တယ်--ပိုင်စိုးပိုင်နင်းနဲ့ --အဲလိုလုပ်တာတွေကို သားကမကြိုက်တာ"
 " သားနဲ့ သူက ဘယ်လိုသိတာလဲ "
" အရင်သား သူဌေးနဲ့ ပြသနာဖြစ်လို့ အလုပ်ထွက်လိုက်တဲ့ အလုပ်က စာရင်းကိုင်ပါ "
" အော--သားအလုပ်ထွက်ထားတာခြောက်လကျော်နေပြီပဲ--သားမွေးနေ့ကိုလဲသူမှတ်မိနေတယ်  --
သားအိမ်အသစ်ပြောင်းလာတာကိုရော သူဘယ်လိုသိတာလဲ "
 " အဲဒါလဲသားအံ့သြတယ်--စိတ်လဲတိုတယ် --သူ့ ကို သားဘာမှမပြောပြဖူးဘူး -
အမေလဲ သားအကြောင်းသိရဲံနဲ့ ---ကိုယ့်အိမ်ကိစ္စ ကိုယ်ရေးကိုယ်တာကိစ္စတွေ သားဘယ်တုန်းက
သူများကိုပြောဖူးလို့လဲ-- ငယ်ငယ်ကတည်းက အဖေ ပစ်သွားလို့ ရုန်းကန်ခဲ့ ရတာတွေ၊
အမကမလိမ္မာဘဲ အိမ်ထောင်ပျက်ပြီးနောက်အိမ်ထောင်ပြုတော့ကလေးနှစ်ယောက်ကို
ပစ်ထားခဲ့တာတွေ-    ပြောလဲမပြောချင်ဘူး-- အဲဒါ သူကသိပ်စပ်စုတာ--သားမပြောတာတွေ
သူ့ ဘာသာလိုက်စုံစမ်းပြီ့းသိတာ-
သိတောာ့လဲ ငြိမ်ငြိမ်နေတာမဟုတ်ဘူး--သားကို နေရာတကာ ဝေဖန်ပြီး လိုက်အပြစ်ပြောနေတာ---
တခုခုငြင်းရင်တောင် သူ မနိုင်မချင်း ရအောင် စကားနိုင်လုပြောတာ--သူဌေးနဲ့ သားပြသနာဖြစ်တုန်ူးကလဲ သူက
သားကိုပဲ အပြစ်လာပြောနေသေးတယ်--သားလဲအလုပ်ထွက်ခါနီးသူ့ကို ကောင်းကောင်းပြောပစ်ခဲ့တယ် " 
"သားကိုကောင်းစေချင်လို့စေတနာနဲ့ပြောတာနေမှာပါကွယ်"
--အမေက မိန်းကလေးဘက်က ရှေ့နေလိုက်မိတယ်--
"ဘာစေတနာဖြစိဖြစ်--သားမကြိုက်ဘူးအမေ--သားကသားဘ၀ကိုဘယ်သူပဲ့ကိုင်တာမှခံချင်တာမဟုတ်ဘူး--
သားစိတ်သားသဘောနဲ့သားဘ၀ကိုဖန်တီးမှာ--မှန်တယ်မှားတယ်သားကိုဘာမှလာမဝေဖန်နဲ့-
အပြစ်မတင်နဲ့ သားလုပ်ရပ်ကို ကျေနပ် လက်ခံပြီး ကူညီပံ့ ပိုးပေးမယ့်သူပဲ --သားလိုချင်တာ"
အော်--သားက ဒါကြောင့်ငွေစပါယ်ကိုေ၇ွးချင်နေတာကိုး--သူထားရာနေ စေရာသွားမယ့် သူမျိုးပေါ့ --
အင်း--အတ္တကြီးလိုက်တဲ့ သား--
" ဘာလက်ဆောင်လေးလဲ -ဖောက်ကြည့်ပါလား "
အမေပြောမှ သားကလက်ဆောင်ထုပ်ကို ဖောက်ကြည့်တယ်--
ဖေမြင့် ဆိုတာလေးပဲအမေမြင်လိုက်ရတယ်---သားက စာအုပ်ကို ဆွဲထုတ်ပြီး ခေါင်းစဉ်ကို ကြည့်ရင်း--
" တွေ့ လား--လက်ဆောင် ပေးတာတောင်  ဆုံးမတဲ့ စာအုပ်မှပေးတာ--အဲဒါတွေ စိတ်တိုရတာ "
ကောင်းစေချင်တဲ့  စေတနာကို သားကမမြင်တတ်ဘူးပဲ-
အမ့သားလေးဟာ--အရာရာထက်မြက်ထူးချွန်သလောက်စိတ်ဓါတ်မာကြောပြီးတယူသန်ဆန်တတ်တယ်--
လောကဓံရဲ့ တိုက်ခိုက်မှုကိုငယ်ငယ်လေးနဲ့ ရင်ဆိုင်ခံစားးခဲ့ ရတဲ့ သားရဲ့ နှလုံးသားတွေဟာ
ချစ်ခြင်းမေတ္တာတရားရဲ့  နူးညံ့သိမ်မွေ့ မှုကို ခံစားတတ်ပါ့ မလား--
-အမေသက်ပြင်းချလိုက်မိတယ်--မိန်းကလေးရယ်-မင်းအတွက်အမေစိတ်မကောင်းပါဘူး---
 Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သားနိုင်ငံခြားထွက်သွားဖို့တရက်အလို--
သားမရှိတဲ့ဆည်းဆာချိန်လေးမှာမိန်းကလေးဒုတိယအကြိမ်ရောက်လာတယ်--
 လက်ထဲမှာ လဲ လက်ဆောင် ထုပ်ကြီးနဲ့ --
" အမေ --သူ မနက်ဖြန် သွားတော့မယ်ဆို"
 "ဟုတ်တယ်သမီး "
 " သူ့ အတွက်လိုအပ်မယ် ထင်တာလေးတွေပါ---ပေးပေးပါနော် "
အမေ့လက်ထဲကို လက်ဆောင်ထုပ်အပ်ပြီး မိန်းကလေးက ချက်ချင်းပြန်သွားတယ်--
အမေ့ရင်ထဲမှာမိန်းကလေးကိုသနားနေမိတယ်--
သားနဲ့ ပတ်သက်တာတွေကိုအမြဲ လိုက်စုံစမ်းနေတာ --သားမကြည်ဖြူမှန်း သိရက်နဲ့ လက်ဆောင်လေးတွေ
လာပေးတာဟာတော်ရုံမေတ္တာမဟုတ်ဘူး--သူ့ ရင်ထဲမှာသားအမြဲရှိနေပုံပဲ--
ဒါပေမယ့်သားကသူ့ဘ၀ခရီးဖော်ကိုဦးနှောကိနဲ့ရွေးချယ်ပြီးသွားပါပြီ--
ငွေစံပါယ်နဲ့သားချစ်သူတွေဖြစ်နေကြပြီလေ--
သားနိုင်ငံခြားသွားဖို့လိုတဲ့အရင်းအနှီးကိုလဲငွေစပါယ် မိဘတွေကပဲထုတ်ပေးတာ--
ခုလဲ သားနဲ့ ငွေစပါယ် ဘုရားသွားကြတာ--
ညဘက်သားနဲ့ အတူ ငွေစပါယ် လိုက်လာပြီး သားအတွက် ခရီးဆောင်အိတ်တွေပြင်ပေးတယ်--
ပစ္စည်းထည့်တာ ကအစ သားပြောတဲ့အတိုင်းတသွေမတိမ်းလုပ်ပေးနေတဲ့ ငွေစပါယ်
ကိုကြည့်ရင်းမိန်းကလေးကို   အမေသတိရနေမိတယ်--
ငွေစပါယ်ပြန်သွားတော့ မှ အမေ က လက်ဆောင်ထုပ်ကိုပေးလိုက်တယ်--
သားကစိတ်ရှုပ်တဲ့ မျက်နှာနဲ့ အထုပ်ကို မဖောက်ဘူး--့ --
" သားမယူချင်ဘူးအမေ "
ဒီစကားတခွန်းပဲပြောပြီး သားက လိုအပ်တဲ့ ပစ္စည်းတွေစစ်ပြီး အိပ်ယာဝင်သွားပါတယ်--
မနေနိုင်တဲ့ အမေ က လက်ဆောင်ထုပ်လေးကိုဖောက်ကြည့်မိတယ်--
ပရိတ်ကြီး၁၁သုတ်နဲ့၂၄ပစ္စည်းပဌာန်းဂါထာတော်စာအု့ပ်နဲ့တရာ့းခွေလေးရယ်--့ ဘာလချောင်ကြော်ဘူးလေးရယ်--ကျောက်စိမ်း
စိတ်ပုတီးလေးရယ်--Provimin အားဆေးပုလင်းလေးရယ်--
သား အိပ်ယာဝင်တိုင်း ပုတီးစိပ်တတ်တာ၊ဘာလချောင်ကြော်ကြိုက်တာ၊ Provimin အားဆေးသောက်တာ
--အားလုံးကို မိန်းကလေးသိနေတာပဲ--
ရည်းစားရှိပြီးတဲ့ သူတယောက်ကို လက်ဆောင်ပေးတာမကောင်းပေမယ့် သူပေးတဲ့ ပစ္စည်းလေးတွေက
ဘာမှမြူဆွယ်ဖြားယောင်းမှုမှမပါတာပဲ-သားသုံးသင့်တယ် --လို့ အမေကယူဆပြီး သားမသိအောင် အိတ်ထဲကို
ထည့်ပေးလိုက်ပါတယ်--
နောက်နေ့  သားကို လေဆိပ်လိုက်ပို့ပြီး ပြန်လာတော့ အမေလေ သားေ၇ှ့ မှာ ထိန်းထားရသမျှဖွင့်ချပြီး
ဝမ်းနည်းအားငယ်ပြီး တနေကုန် ငိုနေမိတယ်---အမေ့ သားလေးနဲ့ အမေ သုံးနှစ်ကြီးတောင်ခွဲရမှာ--
သားလေးဓါတ်ပုံလေးကိုကြည့်ပြီး အမေ့ မျက်ရည်မခန်းခင်မှာ မိန်းကလေးရောက်လာတယ်--
" အမေ --သူ သွားပြီပေါ့ နော်"
-အို--သားဓါတ်ပုံလေးကိုကြည့့်နေတဲ့ မိန်းကလေးမျက်ဝန်းထဲမှာလဲ မျက်ရည်စတွေနဲ့ပါလား--
အမေတို့နှစ်ယောက်ဟာဘာစကားမှမပြောဘဲနာရီပေါင်းများစွာနေနေမိတာနေ၀င်ဆည်းဆာချိန်ရောက်တဲ့အထိပဲ--
ဒီတော့မှ မိန်းကလေးက --" သမီးပြန်တော့မယ် အမေ"
" နေပါဦးမိန်းကလေးရယ်--မင်းနာမည်လေးတော့အမေ့ကိုပြောခဲ့ပါ"
" သမီးနာမည် -နှငိးဆီ--ပါအမေ"
" သားနဲ့ ပတ်သက်တဲ့ မင်းရင်ထဲက ခံစားမှုတွေအတွက်အမေစိတ်မကောင်းပါဘူး--
ဒါပေမယ့် ခု သားလေးမှာ သက်ဆိုင်သူရှိနေပြီကွယ့် "
" ငွေစပါယ်ကို သူရွေးလိုက်တာ သမီးသိပါတယ်အမေ"
" အော-မိန်းကလေးကဒါလဲ သိတာပဲလား "
" သိပ်ါတယ်အမေ--လွန်ခဲ့တဲ့သုံးနှစ် သမီးတို့ အလုပ်ကို သူရောက်လာပြီးတဲ့ အချိန်ကစပြီး ခုချိန်ထိ သူ
ဘာတွေလုပ်တယ်--ဘာတွေဖြစ်တယ်ဆိုတာ သမီး အကုန်လုံးသိတယ်အမေ"
" အဲဒီတုန်းကသူနဲ့ သမီး သိပ်ရင်းနှီးပါတယ်--တရုံးလုံးမှာ အခင်ဆုံးပါ--
အလုပ်ကြိုးစားပေမယ့်ဘယ်သူနဲ့မှသိပ်စကာားးမပြောတဲ့  လူမှုဆက်ဆံရေးညံ့တဲ့ဂျစ်ကန်ကန်ကောင်လေးကို
သမီးကသိပ်ပြီးကောင်းစေချင်ခဲ့တာ-သူကသူ့အကြောင်းတွေမေးရင်မကြိုက်ဘူး--အမြဲလျှို့ဝှက်ထားတတ်တယ်-
--ယုတ်စွအဆုံး အမေ့ ဓါတ်ပုံလေး သူ့ အိတ်ကပ်ထဲမှာတွေ့ လို့ မေးတာတောင် မကြိုက်ဘူးလေ"
" သားလေးက သူ့ ဘ၀သူ သိမ်ငယ်နေတာပါသမီးရယ်--အဲဒီတုန်းက သူပြောပါတယ်--
သူအလုပ်လုပ်ရတဲ့ ရုံးမှာက ပြည့်စုံချမ်းသာတဲ့ သူတွေများတယ်တဲ့ --အပြိုင်အဆိုင်တွေကြားမှာ
သူ့ ဘ၀အမှန်ကို ထုတ်ပြောရင် သူ့ ကို လူတွေက နှိမ်လိမ့် မယ်တဲ့ "
" သူ အဲလို တွေးတာကိုက မဟုတ်တာပါ--သူ့မှာအရည်အချင်းရှိလို့ ပဲ နေရာတခု ကိုရထားပြီပဲ-
လူကြားထဲမှာနေတာ ကဲ့ရဲ့ဝေဖန်တာတွေ ခံရမှာပဲလေ--ကိုယ့်ဘ၀ကိုယ်ချမပြရဲတာကိုက သူမှားတာ"
 "သမီးက သားလေးဘ၀ကိုဘယ်လောက်သိလို့လဲကွယ်--သူ့အဖေက သူ သုံးနှစ်သားလေးကတည်းက အမေ
တို့ကို ပစ်သွားတာ--ပစ်သွားတာမှ လုံးဝထောက်ပံ့ပေးကမ်းးခြင်းကို မရှိတာပါ--
အမေကလေ သမီးနဲ့ သားကို ဈေးရောင်းပြီးကျောင်းထားပေးခဲ့တာ-
သားလေးက သူ့ ဘ၀သူသိလို့ ကြိုးစားပေမယ့်  အကြီးမကြီးက မလိမ္မာဘူး--စရိုက်လဲကြမ်းတယ်-
စာကောင်းကောင်းမသင်ဘဲ ယောင်္ကျားလိုက်လိုက်ပြေးတယ်-သူယူတဲ့ လူက မိန်းမရှိတယ်လေ-
သားဆို ရှကိလွန်းလို့  သူ့ အမကို လုံးဝ အဆက်အသွယ်ဖြတ်ထားတာ--ဒါပေမယ့် ကလေးလဲမွေးပြီးရော
သူ့ယောင်္ကျားနဲကွဲပြီး ကလေးနဲ့ အမေ့ အိမ်ပြန်ရောက်လာတယ်--ကိုယ့်တူလေးပ်ါလာတယ်ဆိုပြီး
သားကပြန်လက်ခြံ့ပီးအမနဲ့တူကိုပါလုပ်ကျွေးခဲ့တာ--
ဒါပေမယ်သူ့အမကနောက်တခါအိမ်ထောင်ပျက်တယောက်နဲ့ထပ်တွေ့တော့အမေတို့အိမ်မှာ သူ့သားကို
ထားခဲ့ပြီး လိုက်ပြေးသွားတာ ခုထိပဲ--တခါမှပြန်လာကြည့်ဖော်မရဘူးလေ--သားလေးမှာ
လူပျိုလေးတန်မဲ့နဲ့ တူလေးကို ခုအရွယ်ေ၇ာက်တဲ့ အထိ ကျွေးမွေးစောင့်ရှောက်လာရတာ"
 " အဲဒါလဲသမီးသိတယ်အမေ--ဒါပေမယ့် သူပြောပြတာမဟုတ်ဘူး-သမီးဘာသာစုံစမ်းပြီးသိတာပါ-
ဒီလို သမီးသိသွားတာကိုပဲ သူက ရှက်ပြီး သမီးကို စိမ်းသွားတယ်လေ--
အရင်လို ခင်ခင်မင်မင်မဆက်ဆံတော့ဘူး--အဲဒါကိုပဲ သမီးကမကြိုက်တာ--ဒါကိုယ့်ဘ၀မှန်ပဲလေအမေ "
" သားက နဂိုထဲက မာနကြီးတယ်သမီးရဲ့ --ခုလက်ရှိရောက်နေတဲ့ သူ့ ဘ၀ကို ဘယ်သူမှချမပြဘဲ
ကြိတ်ပြီးကြိုးစားနေတာလေ--သူပြည့်စုံချမ်းသာတာကိုပဲ လူတွေ မြင်စေချင်တာ "
" ဒါကိုက သူမှားတာပေါ့ အမေ --ဖြစ်ပျကိခဲ့သမျှတွေဟာ သူ့ အမှား မှမဟုတ်တာပဲ--
တာဝန်မကျေတဲ့ အဖေ ၊စရိုက်မကောင်းတဲ့ အမ -ဒါတွေကို သူရွေးချယ်လို့မှမရတာ--
ဘ၀ကံကြမ္မာကပေးတဲ့အတိုင်းသူလက်ခံရဲရမှာပေါ့  "
အို--တော်လိုက်တဲ့မိန်းကလေး---
ဒီစကားတွေဟာ သားလေးကို အမေ မပြောရဲလို့ ရင်ထဲမြိုသိပ်ထားခဲ့ရတဲ့ စကားတွေပါ--
" သားက သူနဲ့ အတိုက်အခံပြောရင်မကြိုက်ဘူးသမီးရဲ့ "
" ဟုတ်တယ်အမေ --သမီးကိုလဲ သူ အဲဒါကြောင့် ရှောင်သွားတာလေ--သမီးက သူ့လုပ်ရပ်ကို ဝေဖန်တာကိုး--
ဒီလိုနဲ့ ပဲ သူနဲ့ သမီးဝေးဝေးသွားတာ--သူအလုပ်ထဲမှာပြသနာဖြစ်တော့ သူ့ ဘက်ကသူဌေးကို အထင်လွဲပြီး
ပြန်ပြောနေလို့ သမီးက အကျိုးအကြောင်းရှုင်းပြတာကို--သူ့ကိုနှိမ်ပြီးသူဌေးဘက်လိုက်တယ်ဆိုပြီး
သမီးကိုစိတ်နာသွားတယ်-
အလုပ်ထွက်တာတောင် သမီးကိုနုတ်မဆက်သွားဘူး--သူသိပ်ရက်စက်ပြီးအသည်းမာတာပဲအမေရယ်"-
မိန်းကလေးကပြောရင်းရှိုကိငိုနေပါတယ်--
" သမီးလေ--သူ့ ကိုသိပ်ကောင်းစေချင်ပါတယ်အမေ --သူဖြစ်စေချင်သလို သူ့ ဘ၀ကို
တိုးတက်ချမ်းသာစေချင်တယ်--သူပျော်ရွှင်နေစေချင်တယ်-
ူအမြဲ လူဘုံအလယ်မှာဂုဏ်ယူ ၀ံ့ကြွားနိုင်တဲ့ သူဖြစ်စေချင်ပါတယ်---
ဒါပေမယ့်သမီးစေတနာတွေ သူ့ကိုပြခွင့်မရခဲ့ဘူး--
သူမြင်သွားတာက သူ့အကြောင်းတွေလိုက် စပ်စုပြီးသူ့ကိုအမြဲ  ဝေဖန်အပြစ်တင်နေတဲ့ မိန်းမ ပေါ့ "
" ကြားရတာအမေ စိတ်မကောင်းပါဘူးကွယ်--သားက သူလုပ်သမျှလက်ခံပြီးသူ့ သြဇာညောင်းမယ့်သူကိုပဲ
ရွေးချယ်လိုက်တာ--ငွေစပါယ်ကလေ သားဒါဆိုဒါပဲ"
" ကောင်းပါတယ်အမေ--ငွေစပါယ်အကြောင်းသမီးစုံစမ်းပြီးပါပြီ--
သူဌေးသမီးလေးပေမယ့် သိပ်အေးဆေးသိမ်မွေ့ပါတယ်--သူ  ထားရာနေစေရာသွားမယ့်သူမျိုးပါ--
သမီးကျေနပ်ပါတယ်--
သမီး လေ--သူ နဲ့ မပတ်သက်ပေမယ့့်အမေ့ ဆီ တော့ လာလို့ရတယ်မဟုတ်လားဟင်"
" ရပါတယ် သမီးရယ်--အမေကလေ သမီးကိုမြင်မြင်ချင်းကို ရင်းနှီးသွားတာ"
" အဲဒါ သမီးအမေ့ ပေါ်ထားတဲ့ မေတ္တာကြောင့်ဖြစ်မှာပေါ့ အမေရဲ့ "
မိန်းကလေးရဲ့မျကိနှာလေးမှာအပြုံးပွင့်လေးပြန်ပေါ်လာတာ အမေသိပ်ဝမ်းသာတာပဲ--
ဆည်းဆာချိန်မှာ မျက်ရည်တွေ သုတ်ပြီးပြန်သွားတဲ့ မိန်းကလေးရဲ့ကျောပြင်လေးကိုကြည့်ပြီး
ဘ၀ဇာတ်ဆရာဆိုသူကြီးကို အမေဟာ အကြိမ်ကြိမ်အပြစ်တင်နေမိပါတယ်-
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သားလေးမ၇ှိတဲ့ နှစ်တွေမှာ အမေ နဲ့ နှင်းဆီဟာ ပိုပြီး ရငိးနှီးတွယ်တာလာတယ်--
ချွေးမလောင်းဖြစ်မယ့်ငွေစပါယ်ကိုလဲ အမေခင်ပါတယ်-သူကလဲ အမေ့ဆီလာလာကြည့်တတ်ပါတယ်-
နေ့ခင်းဆိုငွေစပါယ်လာတတ်မှန်းသိလို့ေ၇ှာင်ပြီးဆည်းဆာချိန်ခပ်မှောင်မှောင်လေးမှ နှင်းဆီကလာတတ်တယ်--
ဘယ်ဘ၀ရေစက်လဲတော့မသိဘူး-နှင်းဆီကိုပဲ  သမီးလေးလို အားကိုးချစ်ခင်နေမိတယ်-
အမေ့ဆီ သူလာတတ်တဲ့ ဆည်းဆာချိန်လေးတွေကို အမေမျှော်နေမိတတ်တယ်--
သားလေးဆီက ငွေပို့တဲ့အခါလဲ  နှင်းဆီက အကုန်စီမံပေးတယ်--
အိမ်ဈေးဖိုးကိုခြွေတာသုံးပြီး အမေ့ ကိုပိုက်ဆံစုပေးတယ်--စုငွေလေးအတန်အသင့် ရှိလာတော့
အမေ့ ကို အိမ်ဆိုင်လေးဖွင့်ခိုင်းပြီး လိုအပ်တာတွေ သူ ကူညီပေးတယ်-
ဘယ်ပစ္စည်းလေးတင်ရင်ရောင်းကောင်းမှာ-ဆိုင်ကိုဘယ်လိုပြင်ဆင်ရတာ --
စသဖြင့်နှင်းဆီအကြံပေးတဲံအတိုင်းအမေလုပ်ခဲ့တာတနှစ်ကျော်အတွင်းအမေ့ဆိုင်ကပိုက်ဆံနဲ့ပျဉ်ထောင်အိမ်ကြီး
ပြင်ဆောက်နိုင်ခဲ့တယ်--သားလေးကတောင် အဝေးကနေ အေ မ့ကို အံ့သြ ၀မ်းသာနေတယ်လို့ 
့ငွေစပါယ်ပြန်ပြောပြခဲ့တယ်-
သားသိတဲ့ အမေက အေးအေးကုပ်ကုပ်နဲ့  ဘာမှသိပ်နားမလည်--လူတောမတိုးတဲ့အမေလေ--
နှငိးဆီရှိတဲ့အတွက် သားနဲ့ဝေးနေးတဲ့ သုံးနှစ်တာဆိုတဲ့ အချိန်ကို အမေကျန်းမာပျော်ရွှင်စွာ
ဖြတ်ကျော်နိုင်ခဲ့တယ်--
သားဆီကပို့လိုက်တဲ့ ဓါတ်ပုံတွေ ငွေစပါယ်လာပို့တဲ့အခါ နှငိးဆီကို ခေါ်ပြပြီးးအလုပ်ထဲမှာအဆင်ပြေပြီးပျော်ရွှင်တက်ကြွနေတဲ့ သားပုံတွေကို့နှစ်ယောက်သားအတူကြည့်ပြီး
ကြည်နူးမိတယ်-
" သမီးဝမ်းသာလိုက်တာအမေရယ်--
သူကလေအဲလိုလူပုံအလယ်မှာသူ့အရည်အချင်းကိုပြပြီးအောင်မြင်ချင်တာ--ငွေတွေအများကြီးရှာချင်တာလေ--
သူ့ ရည်ရွယ်ချက်တွေ ပြည့်တော့မှာပေါ့"
သားလေးရည်ရွယ်ချက်တွေ တကယ်လဲပြည့်ခဲ့ပါတယ်--
အမေကကိုယ့်ဆိုင်ရဲ့ ဝင်ငွေနဲ့ ကိုယ်ရပ်တည်နိုင်လာတော့ နှင်းဆီက သားပေးတဲ့ ငွေတွေကို မသုံးဘဲ 
စုထားခိုင်းတယ်--
" သူပြန်လာလို့ မင်္ဂလာဆောင်ရင် ပိုက်ဆံကုန်မှာပဲလေ--သူကကြီးကြီးကျယ်ကျယ်လုပ်ချင်မှာ-
ဒီခေတ်မင်္ဂလာဆောင်စရိတ်ကနည်းတာမဟုတ်ဘူး--
ခမ်းခမ်းနားနားမလုပ်ပေးနိုင်ရင်လဲတော်ကြာ ယောက္ခမတွေဘက်ကပြောနေဦးမယ်"
သားအတွက်တွေးပေးနေတဲ့ မိန်းကလေးကိုကြည့်ပြီး အမေစိတ်မကောင်းဖြစ်လွန်းလို့ မျက်ရည်ဝဲမိတယ်--
ဒါပေမယ့် --အမေ ဘာမှမတတ်နိုင်ခဲ့ပါဘူး--
သားလေးပြန်လာခါနီးတော့  နှင်းဆီကအမေ့ ဆီအလာကြဲသွားတယ်--
နောက်ဆုံး--ဆည်းဆာချိန်တရက်မှာအမေ့ ကိုနုတ်ဆက်တယ်--
" နောက်ဆိုအမေ့ဆီ သမီးမလာတော့ဘူးနော် "
" ဘာဖြစ်လို့လဲသမီးရယ်--သားမှပြန်မလာသေးတာ "
" ခု ငွေစပါယ်က နေ့ တိုင်းလာနေတယ်လေ--သူပြန်လာရင်လဲ အမြန်ဆုံးမင်္ဂလာဆောင်ပေးဖို့ 
 ငွေစပါယ့်မိဘတွေက စီစဉ်နေပြီ--လက်ထပ်ပြီးရင်လဲသူလုပ်ချင်တဲ့ လုပ်ငန်းထောင်ပေး မယ်ပြောတယ်"
" သမီးကသိလှချည်လား--အမေ့ ကိုတောင် ငွေစပါယ်က ဘာမှမပြောထားဘူး"
" ငွေစပါယ်တောင်သိပ်မသိသေးပါဘူး--သမီးက သူ့ အတွက်မို့ သေချာလိုက်စုံစမ်းထားတာ--
သူ့ပြန်လာရင်ပန်ခင်းလမ်းကြီးကကြိုနေပါပြီအမေ--သူဖြစ်စေချင်တဲ့ဘ၀မျိုးရတော့မှာပါ--
သမီးသိပ်ဝမ်းသာပါတယ်--
သူ့ဘ၀အတွက် စိတ်ချရပြီဆိုတော့ သမီးလဲ သမီးဘ၀အတွက်လုပိရမှာတွေရှိသေးတယ်လေ"
" အော်-သမီးက ပြည့်စုံပြီးသားမဟုတ်လားကွယ်"
"ဟဟ--အမေကတောင် သမီးကိုအထင်ကြီးနေတာကိုး--သူလဲသမီးဘ၀မှန်ကို သိပ်မသိသွားပါဘူး-
သူ့ဘ၀ကိုပဲဖုံးကွယ်ချင်နေပြီး သူ့ ဘ၀မှအဆိုးဆုံးလို့ထင်ခဲ့တာလေ"
" ဒါဆို --သမီးဘ၀ကရော မပြည့်စုံဘူးလားကွယ်"
" သမီးကမိဘမဲ့ပါအမေ-ငယ်ငယ်ယ်လေးကတည်းသီလရှင်ကျောင်းမှာနေပြီးပညာသင်ခဲံရတာပါ-
ဆယ်တန်းအောင်တော့မှ အဲဒီသီလရှင်ကျောငိးကထွက်ပြီး ကိုယ့်ဘ၀ကိုယ်ရုန်းကန်ခဲ့တာ"
" အို--အမေမထင်ဘူသမီးရယ်--သမီးပုံစံကလေ အမြဲတက်ကြွရွှင်လန်းပြီးအရာရာပြည့်စုံနေသလိုပဲ"
 "ဒါ-သမီးရဲ့ဘ၀နေထိုင်မှူပါအမေ--
ကိုယ်ဖန်တီးယူလို့မရတာတွေအတွက်ဘာလို့အားငယ်ဝမ်းနည်းပြီးမကျေမနပိဖြစိနေရမှာလဲ--
ကိုယ်ပိုင်ဆိုင်ထားတဲ့ကိုယ်ပိုင်အ၇ည်အချင်းတွေနဲ့ကိုယ့်တန်ဖိုးကိုယ်သိရင် လောကအလယ်မှာရဲဝံ့ပါတယ်အမေ--
ဘာမှသိမ်ငယ်စရာမလိုပါဘူး"
 တော်လိုက်တဲ့မိန်းကလေး--အသိဥာဏ်ရင့်ကျက်တည်ငြိမ်ပြီး ဘ၀မှာတန်ဖိုးရှိအောင် နေတတ်တဲ့မိန်းကလေး--
ဒီမိန်းကလေးမျိုးနဲ့ဝေးရတာ အမေနှမြောလိုက်တာ-
ဆည်းဆာအမှောင်ရိပ်မှာ ဝေးသွားတဲ့ မိန်းကလေးရဲ့ကျောပြင်လေးကိုငေးကြည့်ရင်းရင်နင့်စွာနဲ့ အမေ့ မျက်ရည်တွေ
ပါးပြင်ပေါ် တလိမ့်လိမ့်စီးကျလာပါတယ်--
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီနေ့ သားလေးမင်္ဂလာဆောင်တဲ့နေ့ --
ခမ်းနားတဲ့ ဟိုတယ်ကြီးမှာ သားလေးမင်္ဂလာပွဲကလဲစည်ကားလှပါတယ်--
လုပ်ငန်းရှင်ကြီးဖြစ်နေတဲ့သားမျက့်နှာက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ တောက်ပ၀ံ့ကြွားနေပါတယ်--
ငွေစပါယ်လေးကလဲ သားကိုအရိပ်တကြည့်ကြည့်နဲ့ ပျော်လို့ --
သားသူငယ်ချင်းအပေါင်းအသင်းတွေကလဲပျော်လို့ --
အားလုံးပျော်ရွှင်နေတဲ့ အချိန်မှာ တစုံတယောက်ကို သတိရြ့ပီး အပြည့်အ၀မပျော်နိုင်သူကအမေပါ--
သားလေးပြန်ရောက်ပြီးကတည်းက နှင်းဆီဟာ အမေ့ ကို လုံးဝအဆက်အသွယ်ဖြတ်သွားလိုက်တာ--
သားမင်္ဂလာဆောင်ဖို့စီစဉ်ကြတော့ အမေ့ မှာ သတိရလွန်းလို့ သားလေးမသိအောင်ကြိတ်ငိုခဲ့ရတယ်--
ခုနေ --ဘယ်ဆီများရောက်နေပါလိမ့်--
သားလေးမင်္ဂလာဆောင်တာကိုရောသိရဲ့ လား--
သားဖိတ်စာဝေတဲ့ စာရင်းထဲမှာ နှင်းဆီ ဆိုတာ မပါဘူး--
မိန်းကလေးရယ်--
မင်းရဲ့မေတ္တာတရာ;တွေကြောင့် ဒီဘ၀မှာချစ်ကံခေပေမယ့် နောက်ဘ၀တွေမှာချစ်သူနဲ့ ပျော်ရွှင်ရမှာပါ--
အမေ ရင်နာစွာနဲ့ ဆုတောင်းနေတဲ့အချိန်မှာပဲဟိုတယ်က ကောင်လေးတယောက်ကအမေ့ လက်ထဲကို
နီစွေးနေတဲ့ အသည်းပုံဖော်ထားတဲ့ နှင်းဆီပန်းစည်းကြီးလာပေးပါတယ်--
" လှလိုက်တာ--ဘယ်သူပေးတာလဲကွယ်"
" မသိဘူးခင်ဗျ--စာလေးနဲ့အတူ သတို့သားအမေကို ပေးလိုက်ပ်ါဆိုပြီးပေးသွားတာ"
ကောင်လေးပေးတဲ့စာကိုအမေဖတ်လိုက်တော့ -
 " အမေ --နေကောင်းတယ်နော်-
သမီးလဲ ဘ၀ကို ကျေနပ်ပျော်၇ွှင်စွာဖြတ်သန်းနေပါတယ်--
သူ့အတွက် သမီးရဲ့လက်ဆောင် ပန်းစည်းလေးပါ--
သမီးပေးတာလို့သူမသိပါစေနဲ့ အမေ-
သူမင်္ဂလာယူနေတဲ့အချိန်မှာ ဘာမှအနှောင့်အယှက်မဖြစ်စေချင်ဘူး-"
 နာမည်ရေးမထားတဲ့ စာလေးတစောင်ထားခြဲ့ပီး မိန်းကလေးထွက်သွားပြီပေါ့ ---
အမေဟာ တုန်ရင်နေတဲ့ ရင်ကို ထိန်ြး့ပီး နှင်းဆီစည်းကြီးကို ကိုင်ပြီးသားတို့ ထိုင်နေတဲ့  စင်မြင့်ကို
တက်လာခဲ့ပါတယ်--
တအံ့တသြ ကြည့် နေတဲ့ သားနဲ့ ငွေစပါယ်ကိုအမေကပြုံးပြလိုက်ပြီး--
" သားတို့အတွက် အမေ မှာထားတာ--လာပို့တာနောက်ကျနေလို့ ကွယ်--
ဒီဖလားလေးထဲမှာအမေစိုက်ပေးခဲ့မယ်နော်"
"လှလိုက်တာအမေရယ်--ကျေးဇူးတင်ပါတယ်"
ပန်းစည်းလေးစိုက်ပေြး့ပီး စင်မြင့်ထက်ကအဆင်း အမေ့ မျက်ဝန်းက မျက်ရည်တစက် လွင့်စင်ကျသွားပါတယ်--
ကိုယ့်ကိုယ်ကိုထက် လူတယောက်ကိုစေတနာထားခဲ့ တဲ့ မိန်းကလေး--
မပိုင်ဆိုင်ရပေမယ့် ကိုယ်ချစ်တဲ့ လူတယောက်ရဲ့ဘ၀ကို လိုအပ်တာဖြည့်ဆည်းပေးချင်ခဲ့တဲ့မိန်ကလေး--
ချစ်တဲ့သူရဲ့ မိခင်ကို စောင့်ရှောက်ပေးခဲ့တဲ့မိန်းကလေး--
လူမသိသူမသိပေးခဲ့ရတဲ့မေတ္တာတွေအတွက်ဝမ်းမနည်းဘဲ မုဒိတာပွားနိုင်ခဲ့တဲ့မိန်းကလေး--
မိန်းကလေးရယ်--မင်းရဲ့မေတ္တာတရာတွေကြောင့် ဘ၀မှာ
ခံစားနားလည်နိုင်ပါစေ--
ကြာဖြူနွယ်
Women's World ဂျာနယ်
Vol,1 .ISSUE-31, Wed ,July -4.2012
Viewing all articles
Browse latest Browse all 9878
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>