တစ်ခါက အပျိုကြီးတစ်ယောက်ရှိသည်။ ထိုအပျိုကြီးသည် ဘာသာရေးအလွန်လိုက်စားသည့်အပြင် သူ့တူမများကိုလည်း သူ့အတိုင်းပင် ဖြစ်စေချင်သည်။ ထို့ကြောင့် သူ့တူမတစ်ယောက်ကလွဲလို့ ကျန်သည့်တူမများသည် သူ့စကားကိုနားမထောင်ချေ။ စကားနားမထောင်သာ တူမများသည် လင်အကုန်ရကုန်သည်။ ထို့ကြောင့် သူ့ဘေးနားတွင်ကျန်ခဲ့သော တူမအား သူ့စကားကို တသွေမသိမ်းနားထောင်သည်ဟု သူကထင်သည်။ ဒါ့အပြင် သူ့လိုပဲ ဘာသာရေး အသိတရားရှိသည်ဟု အပျိုကြီး စိတ်ချလက်ချကြီးယုံကြည်လေသည်။ တစ်နေ့တွင် သူ့တူမအား တရားပြသည့်အနေဖြင့် လူအရိုးစုတစ်ခုကိုပြလိုက်လေသည်။ အဲလိုပြလည်းပြပြီးရော သူ့တူမလည်း တစ်ခါတည်း လင်နောက်လိုက်သွားပါလေရော။ အပျိုကြီးက တူမကို ဆူသည်။ နင့်ကို ငါတရားပြတာ နင်က ဘာလို့လင်ယူသွားရတာလဲ။ “ဟဲဟဲ“ သိဘူးလေ အဒေါ်က ကျွန်မကို အရိုးဆွေးကြီးထုတ်ပြတာကိုး။ ကျွန်မကို အဒေါ်က နင်အရိုးဆွေးတော့မယ် နင်လည်း ယောက်ျားယူတော့လို့ ပြောတယ်ထင်လို့...........
↧