ခတ်လူငယ်များရဲ့ ပေါက်ကွဲသံစဉ် > > ပြည်တွင်းက လူငယ်ရဲ့ အသံ > > အမှန်ပြောရင် အဲ့လိုကန်ကြလား > > ပြောရပြီ။ ဖြစ်ရပ်တခုအပေါ် အနက်ကောက်ယူမှုတွေ အမျိုးမျိုးထွက်လာကြတယ်။ > ကျွန်တော့်အမြင်ကိုလည်းပြောချင်လာတယ်။ ရက်ပ်ပါ ဂျောက်ဂျက် underground > ထွက်တဲ့သီချင်းကိစ္စပဲ။ > > လိင်ကိစ္စတွေ၊ ဆယ်ကျော်သက်လူငယ်တွေ အပျော်ကြူးမှုတွေအကြောင်းစာသားတွေ ပါတဲ့ > hiphop သီချင်းတွေကို ဂျောက်ဂျက်တို့ဆိုခဲ့ကြတယ်။ > ဒီသီချင်းတွေကို ညစ်ညမ်းသီချင်းတွေ၊ အောက်တန်းကျတဲ့သီချင်းတွေ၊ > စာရိတ္တပျက်စီးစေတဲ့ သီချင်းတွေ၊ မိန်းကလေးတွေ နားမထောင်သင့်တဲ့သီချင်းတွေလို့ > ပိုးစိုးပက်စက်ဝေဖန်ကြတယ်။ ကျွန်တော်ပြောချင်တာတွေတချက်ချင်းထောက်ပြချင်ပါတယ်။ > > ၁ ညစ်ညမ်းသီချင်းတွေလို့ ဘာကြောင့်ပြောရတာလဲ။ > > ဒီသီချင်းတွေမှာပါတဲ့စကားလုံးတွေကို ဒီလူငယ်တွေကတီထွင်ခဲ့တာလား > သိပ်ကိုသန့်ရှင်းမြင့်မြတ်လှတဲ့ > ကျွန်တော်တို့မြန်မာ့လူ့အဖွဲ့စည်းထဲမှာရှိနေခဲ့တဲ့စကားလုံးတွေပဲ > မဟုတ်ဘူးလား။ > လူသန်းနဲ့ချီပြောနေကြ ခင်းဗျားတို့ကျွန်တော်တို့ပါးစပ်ထဲက > စကားလုံးတွေပဲမဟုတ်ဘူးလား > ဒီသီချင်းတွေက ညစ်ညမ်းတာလား။ ကျွန်တော်တို့လူသားတွေရဲ့ > ပါးစပ်ထဲကညစ်ညမ်းမှုတွေကို လူငယ်တွေက တွေ့ပြီးထုတ်ဖော်ပြတာလား။ > > ၂ အောက်တန်းကျတဲ့သီချင်းတွေ > > လူငယ်တွေနေ့စဉ်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်အကြောင်းကို > အမှန်အတိုင်းပြောရင်အောက်တန်းကျသလား။ အမှန်ကိုမျက်ကွယ်ပြုပြီး ဟန်တလုံးပန်တလုံး > > အိနြေ္ဒရှိပြတာ မှ အထက်တန်းကျတာလား > > ၃ စာရိတ္တပျက်စီးစေတဲ့သီချင်းတွေ > > သီချင်းတပုဒ်နားထောင်ရုံနဲ့တောင် သီချင်းထဲကလိုလိုက်လုပ်ချင်ရမယ်ဆိုရင် > လက်တွေ့ကြုံ > ရမယ်ဆိုရင် ခင်ဗျားတို့ စာရိတ္တတွေခိုင်မာနိုင်မှာလား။ > သီချင်းကစာရိတ္တကိုဖျက်တာလား။ > စာရိတ္တကိုယ်တိုင်က ယိမ်းယိုင်နေတာလား။ > > ၄ မိန်းကလေးတွေနားမထောင်သင့်တဲ့သီချင်းတွေ > > မိန်းကလေးတွေက လိင်ကိစ္စနဲ့မပတ်သက်ရဘူးလား။ ဒါဆိုယောကျားချင်းပဲပတ်သက်ကြတော့ > မိန်းကလေးတွေရဲ့အင်္ဂါကို ပါးစပ်က ယောင်တတ်တဲ့ လူကြီးလူုကောင်းများ။ > စောက်ရေးမပါတာလို့ပြောတတ်သူများ ပြန်စဉ်းစားပါ ဒါလေးပါးစပ်မှာ > ဘာလို့အမြဲငုံထားကြတာလဲ။ မိန်းကလေးတွေကိုယ်တိုင်ရော မသုံးဘူးလား။ > မကြားဖူးဘူးလား ဒီစကားလုံးတွေ။ သီချင်းတွေထဲက ဇာတ်ကောင်ပြည့်တန်ဆာမိန်းကလေးတွေ > အပျော်ကြိုက်မိန်းကလေးတွေ၊ သူတို့တွေက အပြင်မှာတကယ်မရှိနေတာတွေလား။ > နားရှက်စရာတွေကိုနေ့စဉ် ထမင်းစားရေသောက်ပြောနေကြတာမဟုတ်ဘူးလား။ > > အဓိကအကြောင်းရင်ကိုရှာကြမယ်ဗျာ။အဝေးကြီးတွေ ကောင်းကင်ဆန်ဆန်စကားတွေ > ခဏချထား မြေကြီးအကြောင်းအရင်စဉ်းစားစို့။ > လက်ရှိလူငယ်တွေမှာ သူတို့ရဲ့ အချိန်တွေကို ဘယ်လိုအသုံးချနေရလဲ။ > သူတို့ရဲ့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲ။ > သူတို့ကပျက်စီးချင်နေသူတွေလား။ ခေတ်ကသူတို့ကိုပျက်စီးစေနေတာလား။ > မိန်းကလေးပြည့်တန်ဆာတွေဘာလို့ပေါလာတာလဲ။ > ဒီနေ့ခေတ်လူငယ်တွေကို ဘာတွေက ခြိမ်းခြောက်နေတာလဲ။ > ဒါတွေဟာ အစိုးရကခွင့်ပြုမထားရင် ရှိနေပါ့မလား။ > ကလပ်တွေ၊အနှိပ်ခန်းတွေ၊ပြည့်တန်ဆာရုံတွေကို > ဘယ်သူတွေအဓိကဖွင့်လှစ်လုပ်ကိုင်နေတာလဲ။ ဂျောက်ဂျက်ကမေးခွန်းတွေပေးလိုက်တာပဲ။ > > ဂျောက်ဂျက်ကိုလေးစားတယ်။မြင့်မြတ်လို့မဟုတ်ဘူး။သူရဲကောင်းတယောက်လို့လည်း > မပြောဘူး။ သူဟာ လူငယ်စိတ်အပြည့်ရှိလို့ပဲ။ အမှန်ကို ဖော်ထုတ်ပြရဲလို့ပဲ။ > ခင်ဗျားတို့ကိုယ့်ကိုကိုယ်ပြန်မေးပါ။ အမှန်တွေပြောနေကြတာလားဆိုတာ။ > တကယ်ဖြစ်နေတဲ့ အခြေအနေကို ခံစားရတဲ့အတိုင်း မှန်တဲ့အတိုင်းထုတ်ဖော်ပြခွင့် > မရနိုင်ရင် လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုတာလည်း ခင်ဗျားတို့ ဆင်ခြင်တုံတရားတွေရဲ့ > > ခြေဖ၀ါးအောက်မှာပဲ ဖိနပ်လုပ်စီးလိုက်ကြတော့။ > > “လူတွေကတော်တော်ဟန်ဆောင်ကောင်းချင်ကြတာပဲ” > လူဆိုပြီးဟန်ဆောင်နေတာတောင် တော်တော်လွန်နေပြီဆိုတာလည်း > မသိဟန်ဆောင်ထားကြတုန်းပဲ > > ဗိုလ်ချုပ်အောင်ဆန်းပါးစပ်က ဖာသယ်ဆိုတဲ့စကား လူသိရှင်ကြားပြောခဲ့တာ > ဖာနိုင်ငံကြီးဖြစ်လိမ့်မယ်လို့ ပြောခဲ့တာကျတော့ ဘယ်သူမှနားထောင်ဖို့မရှက်ကြဘူး > ဂျောက်ဂျက်က ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံဖြစ်နေတဲ့အကြောင်းပြောတာကျတော့ > မိုက်ရိုင်းတယ်ဆိုပဲ။ ညစ်ညမ်းတယ်ဆိုပဲ။ > > တကယ်ရှက်ရမှာက ဒီလိုအခြေအနေတွေကို လူငယ်တွေမကြုံရအောင် အကာအကွယ်မပေးနိုင်ခဲ့တဲ့ > > ခင်ဗျားတို့ ကျုပ်တို့တွေမဟုတ်ဘူးလား။ > လူဖြစ်ချင်ရင် လူလိုစဉ်းစားကြဗျာ….. > သူတော်စင်စကားတွေသိပ်မပြောကြနဲ့….... > > ပြည်တွင်းက ပြန်လာတဲ့ ပြည်ပရောက် လူငယ်ရဲ့ အသံ > ဟစ်ဟော့ ဆောင်းပါးနဲ့ ပါတ်သက်လို့ ပြည်ပမှာလွတ်လွတ်လပ်လပ် ဝေဖန်နိုင်ကြတာတွေ >့ ရတဲ့ အတွက်ဝမ်းသာပါတယ်..... > > တကယ်တော့ မြန်မာပြည်ထဲမှာ ပိတ်မိနေတဲ့လူငယ်တွေဟာ မျက်စိ၊ နား၊ > ဒွါရခြောက်ပေါက်အပိတ်ခံထားရတာပါ။ ကျွန်တော်မြန်မာပြည်ထဲမှာ > ၂လနီးပါးခရီးသွားခဲ့တာပါ။ မြန်မာပြည်ထဲက လူငယ်တော်တော်များများက ကျား၊မ မရွေး > နှစ်နှစ်ခြိုက်ခြိုက် နားဆင် နေကြတာ တွေ့ ရပါတယ်။ သူတို့ တွေရဲ့ ဘ၀တွေကို > အစိတ်အပိုင်းတော်တော်များများ ရောင်ပြန်ဟပ်လို့ ပါပဲ။ > > ကျွန်တော်ဆိုလိုတာကတော့ မလွတ်လပ်တဲ့ဘ၀တွေမှာ သူတို့ တွေကို > အနုပညာကိုတစ်ခုတည်းသောထွက်ပေါက်အနေနဲ့ လွတ်လပ်စွာ ပေါက်ကွဲခွင့်ပေးပါ။ > ပြည်ပကလူတွေအနေနဲ့ သူတို့ ကပို့ ပေးတဲ့ message အဖြစ် နားထောင်ပေးပါ၊ သူတို >့ ဘ၀တွေကိုလေ့လာပါ။ ဒီနည်းနဲ့ ပြည်ပကကျွန်တော်တို့ တွေ အကောင်းဆုံး > ကူညီနိုင်မည့် နည်းလမ်းကောင်းတွေရှာဖွေနိုင်ပါလိမ့်မယ်။ > > စာကြွင်း။ ။ သူတို့ ဟာ ဟစ်ဟော့ဦးဆောာင် အက်ဆစ်၊ ဒုတိယမျိုးဆက် ရသ နဲ့ ဂျေမီတို > >့ ကိုလည်း ပြစ်ပယ်မထားပါဘူး။ > > ကျွန်တော်တည့် ပဲပြောမယ်နော်.... စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ထွန်းထွန်း၊ > ဟဲလေးလို ကောင်မျိုးတွေကို စာရင်းထဲတောင် ထည့်မထား ပါဘူး။ > ဒါတွေကိုပြည်တွင်းကလူငယ်တွေပဲ အသိဆုံးပါ။ မြန်မာနိုင်ငံ နယ်စပ်မဟုတ်တဲ့ မြို > ပြတွေမှာပိတ်မိနေတဲ့ ကျွန်တော်တို့လူငယ်တွေ ကို ပါးစပ်တွေဝိုင်းပိတ်နေကြမယ့် > အစား ပြည်ပကလူတွေနားလည်နိုင်အောင်ကြိုးစားပေးကြပါလို့ တိုက်တွန်းပါရစေ။ >
↧