Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878
သူတို့ လာကြပြီ ----
$
0
0
အရင် ဘယ်နိုင်ငံသွားသွား မြန်မာဆိုရင် နှာခေါင်းရှုံ့ ချင်ကြတဲ့  နိုင်ငံခြားသားတွေလည်းမြန်မာတွေအပေါ်
ဆက်ဆံရေးကပြောင်းလဲလာပါတယ်။
အထူးသဖြင့်  အရှေ့ တောင် အာရှ နိုင်ငံများထဲမှာ မြန်မာနိုင်ငံ ဟာ အရှိန်အဟုန်ကောင်းနဲ့ တိုးတက်
ဖွ့ံဖြိုးတော့မယ့် နိုင်ငံလို့ ရေပန်းစားနေပါတယ်။
ကျမ အတွေ့ အကြုံအရ ပြောရမယ်ဆိုရင်---
 လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး အလုပ်ကိစ္စနဲ့ ကျမ ဂျပန်နိုင်ငံကို မကြာခဏသွားရပါတယ်။
ဂျပန်တွေဟာ နည်းပညာတွေဘယ်လောက်တိုးတက်ပါစေ၊ သူတို့ ရဲ့ ရှေးရိုးစွဲ အကျင့်တွေ၊စိတ်ဓါတ်တွေက
မပြောင်းလဲပါဘူး။
သူတို့ ဟာ ဖြောင့်မတ်တယ်၊ ကြိုးစားတယ်၊ ကတိတည်ကြတယ်။
ဒီလိုပဲ သူတို့နဲ့ ဆက်ဆံတဲ့လူတွေကိုလည်း ရိုးသားဖြောင့် မတ်မှ ကြိုက်ပါတယ်။
ဂျပန်မှာ အရေးအကြီးဆုံးက ယုံကြည်မှုပါ။
သူတို့ ယုံကြည်ရင် ပိုက်ဆံတစ်ပြားမှ မရှိလည်း နားလည်မှုနဲ့ စက်ရုံတစ်ရုံ လုံးက ပစ္စည်းတွေတောင်
နှုတ်ကတိနဲ့ ဝယ်လို့ ရပါတယ်။ ဒါပေမယ့်  သူတို့ မယုံကြည်တဲ့သူဆိုရင်တော့  ရေတခွက်တောင် မတိုက်ပါဘူး။
အထူးသဖြင့်  လူလတ်ပိုင်း၊ လူကြီးပိုင်း ဂျပန်တွေ က ရှေးရိုးစွဲကြီးပါတယ်။
သူတို့ အလုပ်ကို ကြိုးစားလုပ်မယ်၊ကောင်းကောင်းစားမယ်၊ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမယ်။
သူတို့ ယုံကြည်တဲ့ သူတွေနဲ့ပဲဆက်ဆံမယ်။ ဒါပါပဲ။
အရင် ၂ နှစ်ကဆိုရင်  ဂျပန်က စက်တွေဝယ်ပြီးတဲ့အခါ  သဘောင်္တင် ပြီးမြန်မာပြည်ပို့ ပေးမယ့် အေးဂျင့် 
ရှာရတာသိပ်မျက်နှာငယ်ပါတယ်။
 မြန်မာဆိုတာနဲ့  သူတို့ က သိပ်မလုပ်ပေးချင်ပါဘူး။
ဘာလို့ လဲဆိုတော့   မြန်မာစစ်အစိုးရက မြောက်ကိုရီးယားနဲ့ တည့်နေတော့  မြန်မာပြည်ပို့ သလိုနဲ့ 
မြောက်ကိုရီးယားကို ဖောက်ခွဲရေးပစ္စည်းတွေခိုးပို့ မယ်ထင်လို့ပါ။
ဆိပ်ကမ်းမှာ စစ်တဲ့  ကာ့စတန်မ် ကလည်း မြန်မာကွန်တင်နာဆိုသိပ်မယုံကြည်လို့  ပြန်ဖောက်စစ်တတ်ပါတယ်။
နောက်ပြီး ကျမတို့ အသိဂျပန်တွေက ဘယ်လောက်ခင်ခင် မြန်မာပြည်ကို လာလည်ပါလို့ ခေါ်ရင်
ကြောက်တယ်၊မလာရဲဘူးပဲပြောပါတယ်။
မြန်မာပြည် ကို သူတို့ က တော်တော် ဆိုးရွားနေတဲ့ နိုင်ငံလို့ အမြင်ရှိခဲ့ ပါတယ်။
ဒါပေမယ့် အဲဒီကတည်းက ဒေါ်အောင်ဆန်းစုကြည် ဆိုတာ သူတို့ ကသိနေပါတယ်။
ရွေးကောက်ပွဲတွေလုပ်တော့လည်း ဒေါ်အောင်ဆန်းစုကြည်ကို အားပေးကြပါတယ်။
ဂျပန် TV လိုင်းတွေမှာ လည်း တောက်လျှောက်လွှင့် ပြီးပြသပါတယ်။
ခုလို စနစ်ပြောင်းပြီး ခေတ်သစ်မြန်မာပြည်ရောက်လာတော့  သူတို့ မြန်မာကို သိပ်လာချင်ကြပါတယ်။
ခုဆိုရင် ဂျပန်နိုင်ငံ က ကုမ္မဏီ တွေဟာ မြန်မာနိုင်ငံကို လာနေကြပါပြီ။
သူတို့ ရည်ရွယ်ချက်က အလုပ်သမားခ ပေးရတာလဲနည်းပြီး သယံဇာတ ပေါများတဲ့ ၊
ရေမြေဥတုကောင်းမွန်တဲ့ ၊ သစ်သီးဝလံ ပေါများကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ သူတို့ စက်ရုံကြီးတွေ၊
အလုပ်ရုံကြီးတွေ တည်ဆောက်ကြမယ်။
စားသောက်ကုန်တွေ၊ လူသုံးကုန်တွေ၊စက်ပစ္စည်းတွေ ထုတ်လုပ်ပြီး မြန်မာပြည်ကနေ
နိုင်ငံရပ်ခြားကို  ပို့ ဆောင်ရောင်းချပါလိမ့်မယ်။
ဒါပေမယ့်  မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေအရ နိုင်ငံခြားသားတွေဟာ
မြန်မာပြည်မှာ မြေ၀ယ်ပြီး အဆောက်အဦးဆောက်လုပ်ခွင့် မရှိပါဘူး။
ဒါကြောင့်  မြန်မာပိုင် ကုမ္မဏီတွေနဲ့  ပူးပေါင်းပြီး  JV (Joint Venture) လို့ ခေါ်တဲ့ 
ဖက်စပ်ကုမ္မဏီတွေ တည်ထောင်ကြဖို့  ညှိနှိုင်းနေကြပါတယ်။
မကြာမီ  နိုင်ငံခြားနှီးမြုပ်နှံမှု ဥပဒေ အသစ် ထွက်ပေါ်လာပြီးရင် မြန်မာပြည်မှာ
ဖက်စပ်ကုမ္မဏီကြီးတွေ အများကြီးတိုးပွားလာပါတော့မယ်။
မြန်မာပြည်သားတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေလည်း တိုးပွားလာပါတော့မယ်။
မဝေးတော့တဲ့အချိန်မှာ ခေတ်မှီတိုးတက်တဲ့ မြန်မာပြည်သစ်ကြီးပေါ်ပေါက်လာမှာတွေးကြည့်ရင်
ဝမ်းသာဖို့ ကောင်းပါတယ်။
ဒါပေမယ့်  တစ်ဖက်က ပြန်ကြည့်ရင်လည်း သတိထားဆင်ခြင်ရမယ့်အောက်ပါအချက်တွေလည်း ရှိပါတယ်။
(၁) အထင်ကြီးလွန်းခြင်း
မြန်မာတွေဟာ နိုင်ငံခြားသားဆို အထင်ကြီးတတ်ကြပါတယ်။
နိုင်ငံခြားကုမ္မဏီတွေနဲ့  ဖက်စပ်လုပ်ကိုင်ရဖို့ ဆိုတာကို  အခွင့် ထူးကြီးတစ်ခုလို
သဘောထားပြီးဝမ်းမြောက်ဝမ်းသာကြိုကြပါတယ်။
ဖော်ေ၇ွတဲ့ အိမ်ရှင်ကောင်းတစ်ယောက် ရဲ့ စိတ်ထားနဲ့ ဦးစားပေးချင်ကြပါတယ်။
ဒါပေမယ့်  အားလုံးသတိထားမယ့် အချက်က နိုင်ငံခြားသားတွေလာတယ်ဆိုတာ
မြန်မာပြည်ကိုချစ်လွန်းလို့ လာတာမဟုတ်ပါဘူး။
 သူတို့ အကျိုးအမြတ်ရဖို့ လာကြတာပါ။
ဒါကို ရိုးသားတဲ့ မြန်မာတွေလည်း သေချာသိထားရပါမယ်။
ဖက်စပ်ကုမ္မဏီ လုပ်ဖို့ စာချုပ်ချုပ်ပြီဆိုရင်လည်း စာချုပ်ပါ အချက်တွေကိုသေချာဖတ်ပြီး
နားလည်တတ်ကျွမ်းတဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါတယ်။
အမြတ်ရှယ်ယာခွဲယူတာ၊ရင်းနှီးငွေထည့်တာ --စသဖြင့်  တွေကို သေချာတွက်ချက်ကြည့်ကြပါ။
(၂) အထင်သေးလွန်းခြင်း
တချို့ စိတ်ဓါတ်မကောင်းတဲ့ မြန်မာတွေကျတော့ တစ်မျိုးတွေးပါတယ်။
ဒီနိုင်ငံခြားသားတွေဟာ မြန်မာပြည်အကြောင်းဘာမှသိတာမဟုတ်ပါဘူး။ သူတို့ကို
လှည့်ပတ်လိမ်ညာပြီး အမြတ်ထုတ်လိုက်မယ်--လို့ တွေးတတ်ကြတဲ့ သူတွေလည်းရှိပါတယ်။
ဒီလိုတွေးရင် မှားပါလိမ့်မယ်။
သူတို့ ဟာနိုင်ငံတကာလှည့်လည်နေတဲ့ ကုမ္မဏီကြီးတွေဖြစ်ပြီး အချက်အလက်တွေစုဆောင်းပြီးမှ
အလုပ်လုပ်ကြသူတွေပါ။
ကျမကို အသိဂျပန်တစ်ယောက် ဆို မြန်မာပြည်ကို စစ်တမ်းကောက်ထားတာများအသေးစိပ်အချက်     
အလက်တွေက   အစ အတိအကျပါ။ ကျမ တောင်မသိတာတွေ သူ့ စစ်တမ်းထဲကပြန်ကြည့်ရပါတယ်။
ပြောချင်တာက  ငါတို့ နိုင်ငံပဲဆိုပြီး နိုင်ငံခြားသားတွကို လှည့်ပတ်လိမ်ညာခြင်းမလုပ်ပါနှင့် ၊
မှန်ကန်ဖြောင့်မတ်စွာ လုပ်ကိုင်ကြပါ။
(၃) အညှာလွယ်ခြင်း
ဒီကိစ္စကတော့ မြန်မာမိန်းကလေးတွေနဲ့ သက်ဆိုင်ပါတယ်။
ဝင်ငွေကောင်းတဲ့ ၊ပိုက်ဆံပေါတဲ့ နိုင်ငံခြားသားတွေဆို အထင်ကြီးတတ်တဲ့ မိန်းကလေးတွေ
မြန်မာပြည်မှာ များလာပါတယ်။
အလုပ်ခွင်မှာယှဉ်ကြည့်ရင် လည်း ပညာတတ်မြန်မာတွေဘယ်လောက်တော်တော် နိုင်ငံခြားသားတွေက
လစာကောင်းနေကြတဲ့ အချက်ကြောင့်လည်းဒီပြသနာတွေပိုများလာတာပါ။
လှချင်၊ပချင် ၊တန်ဖိုးကြီးအသုံးအဆောင်တွေ ဆင်မြန်းချင်တဲ့  မိန်းကလေးတစ်ချို့ ဟာ
လစာနည်းတဲ မြန်မာဝန်ထမ်းတွေကို အထင်မကြီးကြဘဲနိုင်ငံခြားသားတွေ နဲ့ တွဲနေကြတာ မြင်ရတာ
ရင်နာစရာကောင်းလှပါတယ်။
ဒီလို အဖြစ်မျိုးတွေများလာရင် မြန်မာဆိုတဲ့ မျိုးနွယ်စုကြီးပျောက်ကွယ်ပြီးသွေးနှောတဲ့ မျိုးဆက်သစ်တွေ
တိုးပွားလာမှာဖြစ်သောကြောင့် သတိထားဆင်ခြင်ကြပါလို့ စေတနာနဲ့ သတိပေးချင်ပါတယ်။
ကဲ----ဒီတော့ မြန်မာပြည်ကို သူတို့ တွေကတော့  လာကိုလာကြမှာပါ။
အိမ်သာလို့ ဧည့်လာတာမို့  မလာပါနဲ့ လို့ လည်း တားစရာမလိုပါဘူး။
သူတို့ လာလို့  သူတို့ နဲ့ လက်တွဲလုပ်လို့ုမြန်မာပြည်ကြီး ပိုမိုတိုးတက်လာစေချင်ပါတယ်။
မြန်မာလူမျိုးရဲ့ ဂုဏ်ရောင်လည်း ကမ္ဘာမှာ ပိုမိုထွန်းပြောင်စေချင်ပါတယ်။
ဒါကြောင့်  အထက်ပါအချက်တွေကို သတိထားဆင်ခြင်ကြပါလို့  သတိပေးချင်ပါတယ်ရှင်။
စေတနာမွန်ဖြင့် 
ကြာဖြူနွယ်
WOMEN'S WORLD Jornal
Vol-1 ,ISSUE 41 ,Wed ,September 12,2012
Viewing all articles
Browse latest Browse all 9878
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>