ကဲသူငယ်ချင်းတို့ ရေ အရင်အပတ်က အဆက်လေးကို စောင့်မျှော်နေမယ် ထင်ပါရဲ့ဗျာ
ကျနော်တင်ပြပါ့မယ်ဗျာ စာကိုပြောတာနော် တခြားပြောရဲပါဘူးဗျာ
ဒီလိုနဲ့ ကိုစံလင်းလည်း သူ့ ညီမကို ရည်းစားစာ ပြန်ရေးပေးသလိုဖြစ်သွားတော့တာပေါ့
အဲ့ အချိန်မှာ လမင်းမောင်ကတော့ ဘယ်ကို သုတ်ခြေတင်ကာ ပြေးပုန်းနေသလဲမသိ
ကျနော်ရှာကြည့်တော့ မတွေ့ တော့ပါ။
ကိုစံလင်းလဲ ညီမကို အားနာသွားရရှာသည်။
လုံးလုံးကလည်း ကောက်ကောက်ဖြင့်  နှုတ်ခမ်းလေးစူ၊ခြေလေးစောင့်ကာ ထွက်သွာပါသည်။
အကိုဆိုတော့ ဘာမှပြော၍ မရပါလော။
ဒါပေမဲ့  မြို့ သူရင်ထဲမှာ ကျနော့ဘော်ဒါ လမင်းမောင် ကိုတော့
ဒီငနဲ သူ့ ကို ကြိုက်နေပါလားဆိုတာတော့ ဖြစ်သွားမှာဧကန်ပင်
နောက်တစ်ရက်ရောက်တော့ ကျောင်းကို သွားကြတာပေါ့ဗျာ
ကျောင်းသွားတော့ ကိုစံလင်းကြီးမျက်နှာလေးကိုငုံ့ ကာ ငုံ့ ကာဖြင့် လိုက်ပါလာသည်။
ကျနော်တို့ အတန်းချိန်နီးပြီမို့  အတန်းကို သွားတက်ကြသည်။ အတန်းတက်ပြီး
ထုံးစံအတိုင်း ကန်တင်းသွားကြတာပေါ့
ဟိုရောက်တော့ ကိာစံလင်းက
"ဟိတ်ကောင်လမင်း "
ခင်ဗျာ
"မင်းလုံးလုံးကို တကယိချစ်တာလား "
ဟုတ်ကဲ့  ကျနော် တကယ်မြတ်မြတ်နိုးနိုးချစ်တာပါအကို
"ဟိတ်ကောင် မင်းငါ့ကို အကိုလို့ မခေါ်နဲ့  မင်းတကယ်ချစ်ဆိုရင်
မင်းဖာသာရအောင်ပြော ငါဘာမှတော့မပြောလိုဘူး
ငါလည်း လူငယ်တစ်ယောက်ပဲ နားလည်ပေးလို့ ရတယ်
အေးဒါပေမဲ့ မင်းက အပျော်တွဲတာမျိုးဆိုရင် ငါကိုတိုင်မင်းကိုသတ်မှာ"
ဟုတ်ကဲ့ပါ အကိုကျနော့ကို ခုလိုနားလည်ပေးတာ ကျေးဇူးတင်ပါ့တယ်ဗျာ။
ငလမင်း မျက်နှာ မှိုရထားသလိုပျော်နေလိုက်ပုံများ ငါးခူပြုံးကြီးကို ပြုံးလို့ ဗျာ
အဲနောက်ရက်တွေရောက်တော့ သင်းတန်းဆင်းတာနဲ့  ငလမင်းကို ရှာလို့ မတွေ့ တော့ဘူး
ပျောက်ပျောက်နေတယ် ဘယ်ကိုသွားမှန်မသိဘူး ကျနော်တို့ ပြန်ခါနီးရင်ပြန်ရောက်လာတယ်
ဘယ်သွားနေတာလဲ မေး ပြန်မဖြေဘူး ဒီကောင်က
ကျနော်လဲ ဘယ်ရမလဲ နောက်ရက်မှာ ဒီကောင်လစ်တော့ မဲ့ အချိန်ကို ရှောင်းနေတာ
အဲ သင်တန်းပြီးလုမှာ ဒီကောင်လွယ်အိတ်လေးပြင်နေပြီ လစ်တော့မယ်ပေါ့
ဟော သင်တန်းပြီးပြီ ငလမင်း အရင် ဘယ်သူမှမရှိ အပေါက်ကို သူအရင်ဆုံးပြေးထွက်သာ်။
ကျနော်ကလည်း နောက်ကလိုကြည့်တာပေါ့ အဲကျောင်းရဲ့တစ်နေရာရောက်တော့
မြို့ သူတို့ အဖွဲ့ လာနေတာကိုကျနော်မြင်လိုက်သည်။
ငနဲသူးကလည်း ထိုသို့ တန်းနေအောင်ကို သွားနေသည်။
ကျနော်လည်း အသာပဲကြည်နေလိုက်သည်။လမင်းမောင်တစ်ယောက် လုံးလုံးနားမရောက်ခင်
လုံးလုံးလမ်းလျှောက်ဟန် ပျက်သွားတာကိုတွေ့ တော့ လုံးလုံး ဖိနပ်ပြတ်သွားသည်ဟုထင်ကာ
ပြတ်သွားတဲ့ သည်းကြိုးလေးကို ပြန်ဆက်ပေးမယ်ပေါ့ ခပ်သွက်သွက်လေးပြေးသွားလေသည်။
ဟိုရောက်တော့ ဘာမပြောညာမပြောနဲ့  "လုံးလုံး ဖိနပ်ပြတ်သွားတာလား"
ဆိုပြီး လုံးလုံး ခြေထောက်က ဖိနပ်ကို အကိုင် ပျော့စိစိ နဲ့ ဘာများလဲ ကြည့်လိုက်တော့
မရွှေချောက ခွေးချေးပုံ တက်နင်းထားတာ ငလမင်းလဲ လက်ကိုမျက်ခင်ပြင်မှာသုတ်ကာ
အနားမှာ၇ှိတဲ့သူငယ်ချင်းစ်ေယောက်ဆီက ရေသန့်ဘူးတောင်းကာ လက်ကိုဆေးလိုက်ပြီး
လုံးလုံးဆိပြန်လာသည်။ဖိနပ်ပါ ယူဆေးပေးတာလေ
ငလမင်းတို့ ချစ်ပြနေတာ ဒါနဲ့ ဆက်လိုက်လာကာ လုံးလုံးကို ချစ်ကြောင်းတွေ ရင်ဖွင့်နေတာပေါ့
ပြောလာရင်းပြောလာရင်း နဲ့ တစ်နေရာရောက်တော့ ငလမင်းက လုံးလုံးကိုငေးပြီးပြောလာရာ
ရှေ့ ကရေမြောင်းအကျော်လေးမှာ မကျော်ပဲ တည့် တည့်ကို ကျသွားပါတော့သည်။
အင်း ကျနော်လည်းဘေးကကြည့်ကာ သဲအူတက်အောင်ရယ်နေမိသည်။
~~~~~~~@@@@@@@@~~~~~~~~~~
ဒါကတော့ငလမင်းရဲ့အလွဲတွေပေါ့ဗျာ
ဒီလိုနဲ့  ရက်အနည်းငယ်ကြာလာတော့ ကိုစံလင်းရဲ့ ချစ်ချစ်လေး မနေခြည်နဲ့  ကျနော်တို့ 
မထင်မှတ်ပဲတွေ့ ကြတာပေါ့
အဲမှာ ကိုစံလင်းကလည်း အရင်က ဆွေးမြေ့ သံယောဇဉ်တွေ ပြောမယ်ပေါ့
အချိန်က မိုးရာသိလေ မိုးကရွာပြီးခါစ ရေအိုင်လေးတွေကလည်းတင်နေတယ်လေ
ကျနော်တို့ ကလည်း အလိုက်တသိရျောင်ပေးတာပေါ့ အဲဘယ်လေက်တောင်ချစ်ခဲ့ ကြသည်တော့မသိ
နှစ်ယောက်သားတွေ့ တော့ပြောနေလိုက်ကြတာ ပြုံးလို့ ရွှင်လို့ ပဲဗျ။
ဒါနဲ့ မနေခြည်ကိုလိုပ်ပို့ ပေးမယ်ဆိုပြီး ကျနော်တို့ ကိုရောခေါ်ကာလိုက်လိုက်ပို့ ကြရာ
လမ်းမှာ မိုးရွာခြင်းရဲ့အကျိုးက ကိုစံလင်းကို ဒုက္ခပေးပါတေော့သည်။
ကိုစံလင်းကို ကိုယ်ရှိန်မထိန်းနိုင်လောက်အောင်ဖြစ်ကာ ချော်လဲကျသွားသည်။
ကိုစံလင်းလဲရှက်တော့သွားသည်။ကျနော်တို့ က သူရှက်မှာစိုး၍ ခပ်တည်တည်ပဲနေပေးလိုက်ကြသည်။
သူ့ အဝတ်စားတွေပေကုန်တာကေပါ့
အင်းကျနော်တို့ မှာက raincoatကတစ်ထည်ပဲပါတာဆိုတော့ သူ့ ကိုပေးကာ နီရာ supermarketတစ်ခုမှာ
မနေခြည်က အဝတ်စားဝယ်ပေးမယ်ပြောသည်နှင့် ကျနော်တို့ ဝင်ခယ်ကြတာပေါ့
လုကလည်းတော်တော်များတယ် မိုးရွာပြီးစမို့  မိုးကာအင်္ကျီဝတ်ထားတာကိုဂရုမပြုကြပါ။
အင်း ဘောင်းမီရျည်ကို အမြန်ဝယ်ကာ အဝတ်လဲခန်းမှာ သွားလဲခိုင်းလိုက်သည်။
အင်းထွက်လာတာတော့ခပ်မိုက်ပဲ ဗျ အတော်လန်းတယ် ဒါနဲ့ ကျနော်တို့ ကရှေ့ က သူတို့ အတွဲကနောက်ကထွက်လာကြရာ
ကောင်မလေးတွေက ပြုံးစိစိနဲ့ ကျော်တက်လာကြ ကောင်လေးတေါကပြူံးစိစိလုပ်ကာကျော်တက်သွာလိုက်နဗဲ့ ပေါ့။
ကျနော်တို့ ကလည်း ကိုစံလင်းခန့် နေတာကို သဘောကျနေကြတာထင်၍ ဆက်လျှောက်လာသည်။
ဒါပေဲ့ မဟုတ် ကောင်လေး တစ်သိုက်က ပြောင်ကြလေပြီ။
"လေလာမျောက်ကြီးခြောက်သိး စားမလား၊လေလာမျောက်ကြီး ခြောက်သီးစားမလား"တဲ့ အဲတော့
အမနေခြည်က အကို အကိုရှေ့ ကလျှောက်ကြည့်ပါဦးဆိုတော့
ကိုစံလင်းလျှောက်တာပေါ့ အဲတော့မှ မနေခြည်က ကိုစံလင်းနောက်က အမှီးကိုမြင်တော့
"အကို အကို အမှီး အမှီး "
အဲတော့မှ ကိုစံလင်းလည်း သူ့ နောက်ကို သေချာစမ်းကြည့်တော့မှ ပုဆိုးစ ထွက်နေတာကိုသိတော့လေသည်။
ဟိုက်သွားပြီ စောစောကကို ပုဆိုး ခါးတောင်ကျိုက်ထားတာ မဖြုတ်ပဲ ဝတ်လာတာဘောင်းမီကို
ဆို ကာ ပုဆိုးကို အပေါ်ကို ဆွဲချွတ်လိုက်သည် ဒီတော့ အစောက အတော်ဖြစ်နေတဲ့ဘောင်းမီက
အခုချောင်ကာ အောက်သို့ ပုံကျသွားလေတော့သည်။ အဲတော့ ကိုစံလင်းရဲ့ပုံစံကို
သူငယ်ခင်းတို့ မြင်ယောင်ကာ ဘယ်ပုံလဲဆိုတာ အောက်မှာ မှတ်ချက်လေးဖြင့်
သူငယ်ချင်းတို့  မြင်ယောင်မှုလေးတွေ ဖော်ပြပေးသွားကြပါဗျာ။
နောက်တစ်ပတ်ဆက်ရန်ရှိသည်။
လေးစားလျှက်
ရင်ခုန်ရသူ(စံလွန်းတင်)