မြန်မာ့မြေပုံလေး တစ်ခြမ်းပဲ့မှာဆိုးတယ်
ကျွန်တော်ဟာ မြန်မာ မွန် ရှမ်း ချင်း ကချင် ကယာ ရခိုင် စသည် တိုင်းရင်းသားအပေါင်းတို့်
ဟာ ကမ္ဘာပေါ်မှာ မြန်မာပြည်မြေပုံလေး တခြမ်းပဲ့သွားမှာ ပျောက်ကွယ်မသွားဘို့ ကျွန်တော်
တို့ ထိန်းသိမ်းဘို့တာဝန်က ကျွန်တော်တို့ မျိုးချစ်စိတ်ဓါတ်ရှိသူတိုင်းရဲ့တာဝန်ပါ ။
ယနေပစ္စုပ်ပန်ကာလမှာ အမှုမဲ့အမှတ်မဲ့နေခဲ့ကြပါလျှင် တစ်နေ့ကျွန်တော်တို့ မြေး မြစ်
တီး ကျွတ် တို့လက်ထက် ပြည်ထောင်စုပွားတိုင်းရင်းသားတို့ဟာ ကိုယ့်နိုင်ငံအတွင်းမှာ မျက်
နာငယ် ကြရမှာဘဲလေ ဘယ်တော့မှနလန်မထူတော့ဘဲ မြေမျိုခံရမှာဘဲ မိမိတို့ရဲ့ ကဏ္ဍအ
လိုက် သတိဝရိယထားပြီး အတက်နိုင်ဆုံး နိုးကြားပြီးဝိုင်းဝန်းကာကွယ်ကြဘို့တာဝန်က ကျွန်
တော်တို့ရဲ့တာဝန်ပါ ။
ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဟာ ဘုရင်အနော်ရထာ ကစပြီး ကျန်စစ်သား မင်းကြီးရန်
နောင် မဟာမင်းခေါင်း အနော်ရထာ မွန်သူရဲကောင်း သမိန်ဗရမ်း ဗိုလ်ချုပ်အောင်ဆန်း အစ
ရှိတဲ့ သူရဲကောင်းတွေ ၀န်ကြီးပဒေသာရာဇာ ရာဇာသင်္ကြန် ဦးပေါ်ဦး အစရှိတဲ့ ပညာရှိအမတ်
ကြီးတွေ တောင်ဖိလာဆရာတော် ဆရာတော်ဦးဗုဒ် မြောက်များစွာသော နှောင်းခေတ်က
ကျေးဇူးရှင်ကြီးတွေရဲ့ လုံးလဥဿဟကြောင့်သာ အန္တရယ်ကြားကနေ ယနေ့တိုင်အောင် ရပ်
တည့်နေနှိင်ကြပြီး `“ ကမ္ဘာမှာ မြန်မာဟေ့ `“ လို့ခေါ်ဆိုနိုင်ခဲ့ကြတယ် ။
အထက်ဖော်ပြတဲ့ အာဇာနည်တွေနဲ့ မြောက်များလှစွာသော ဖော်မပြနိုင်တဲ့ မြန်မာ့အာ
ဇာနည် ပုဂ္ဂိုလ်ကြီတွေကသာ ထိန်းသိမ်းစောင့်ရှောက်မှုမပြုခဲ့ဘူးဆိုလျှင် ယနေ့ကျွန်တော်တို့
ဟာ ပျောက်ကွယ်လုဖြစ်လျှင်ဖြစ်နေပါလိမ့်မည် ။
အဲဒီတော့ ကျွန်တော်တို့ မျိုးချစ်စိတ်ဓါတ်ရှိသူတိုင်းဟာ အထက်ပါအာဇာနည်ကြီး
တွေမမှိနိုင်တောင် မိမိရဲ့နိုင်ငံ မိမိရဲ့မြို့ နှင့်မိမိတို့ရဲ့ရင်သွေးများဖြစ်ကြတဲ့ သားစဉ်မြေး
ဆက်တို့အတွက် မိမိတို့လက်လှမ်းမိသမျှာ့ ကာကွယ်စောင့်ရှောက်ကြသင့်ပါတယ် ။
ယနေ့ ပစ္စုပ်ပန်ခေတ်မှာ ကာကွယ်ကြမှသာ ကမ္ဘာမြေပေါ်မှာ မြန်မာ့မြေပုံလေး တခြမ်း
မပဲ့သွားအောင်တိုင်းရင်းသားညီကိုမောင်နှစ်မများကစည်းလုံးညီညာစွာကာကွယ်သွားကျပါဆို့
လို့တိုက်တွန်းရင်း ………………….
ကိုအောင်အောင် ပခုက္ကူ