လမ်းခွဲတာ ဝမ်းနည်းစရာ မဟုတ်ပါ… ( ပြိုင်ပွဲဝင် ကဗျာ)
ဘဝရေစက် ဆုံတွေဖို့ ခက်
တွေ့ ကြုံခဲ့ရ ဒီဘဝ။
မေတ္တာခက် သစ္စာပျက်
ငြိုးမုန်းရန်ထက် လက်စားချေလျှက်
သံသရာဝယ် မကုန်တယ်။
ချစ်ခင်ကြင်နာ မြတ်နိုးစွာသာ
အမုန်းမပွား မေတ္တာထား
ဆင်ခြင်ကာရယ် တွေးပါကွယ်။
တွေ့ ကြုံ ဆုံရ ဒီဘဝ
ကံအကြောင်းက ပါရတယ်။
ရေပြင်ထက် ဗေဒါရွက်
ပမာပြုလျှက်
ကံကြောင့် ကြုံဆုံ
ခွဲခွာရုံ
လမ်းခွဲဖို့ ကို ဝမ်းနည်းဖို့ မလို။
ခရေ
( ကြိုးစားပါအုံးမည်)
# # # # စံလွန်းတင် # # # #
ခရေ ရွှေမြို့တော် ဆိုက်လေးထဲကို သြဂုတ်လ ၂ ရက်နေ့ ကမှ စတင်ဝင်ရောက်ခဲ့ပါတယ်။ အလုပ်ချိန်တွေ ပိုနေတာကြောင့် အချိန်ပိုလေး တွေမှာ အားတိုင်းဝင်ရောက်ပြီး ကဗျာလေးတွေ စာလေးတွေ ဖတ်ရှုခဲ့ပါတယ်။
ခရေ အကျင့်က စာအုပ်တွေဖတ်ရင် အကြောင်းအရှည်ကြီးတွေ စာမျက်နှာတွေများရင် စာအုပ်ကို ဖတ်ရတာ အားပို ရပါတယ်။ လက်တော့နဲ့  ဝိုက်ဆိုက်တွေကနေ စာအုပ်တွေ ရှာဖတ်လို့ ရတယ် ဆိုပေမယ့် စာအုပ်ကိုင်ဖတ်ရတာလောက် အားမပါ ပါဘူ။
နောက်တချက်က ခရေ မျက်စိက မကောင်းပါဘူး။ မျက်မှန်ကူရတော့ လက်တော့က စာတွေ ရှည်နေရင် ဖတ်ရတာ ညောင်းလာရော။ မြို့ တော်ထဲက စာလေးတွေက တိုတိုလေးတွေနဲ့ စိတ်ဝင်စားစရာလေးပါ။
ကဗျာလေးတွေကို လဲ ဝါသနာကပါတော့ ရေးချင်လာတယ်။ ခရေ က လေးလုံးစပ်တို. ။ ကာရံတို့ ဆိုတာ ဝေးပါတယ်။ နားလဲသိပ်မလည်ပါဘူး။ အဒိချန်မှာ ခရေကို သင်ပြပေးတဲ့  မောင်လေး တွေ ကို ခရေကျေးဇူးတင်ပါတယ်။
ခရေ ထက် အသက်လေးတွေ ငယ်ပေမယ့် ပညာလေးတွေ လေ့လာမှုအားတွေ ကောင်းတော့ တော်တော် သိကြပါတယ်။
ခရေ ကို ကဗျာရေးနည်းတွေ ဖတ်ရအောင် ပို့ ပေးခဲ့ပေမယ့် နားလည်အောင် ရှင်းပြပေးတဲ့ အတွက် ပို မို နားလည်ပြီး သိခဲ့ရပါတယ်။။ ခရေ စမ်းပြီးလဲ ရေးမိခဲ့ပါတယ်။ ပြိုင်ပွဲ ဝင်ရန်အတွက် ကြော်ငြာလေးတွေ တွေ့ တော့ စိတ်က ဝင်ပြိုင်ချင်ခဲ့ါပတယ်။
စဉ်းစားစရာကလဲ သိပ်မတတ်တော့ နောက်ဆုံး ဦးနှောက်လေးသုံးပြီး ပို့ လိုက်ပါတယ်။ ခရေ ဆုရတာ မရတာထက် ခရေ ကဗျာလေး ပြိုင် ချင်လာတဲ့ စိတ်လေးကို ပျော်မိပြီး ပြိုင်ခဲ့တာပါ။ ဇကာတင် ၁၀ ယောက်မှာတွေ့ လိုက်တော့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။
ခရေ အရည်အချင်းက ခုမှ သင်ကာစလေးပါ။ ပညာရှင်တွေကို မမှီနိုင်မှန်းလဲသိပါတယ်။ ဒါပေမယ့် အခုလို လေး အသိအမှတ်ပြုခံရလို့ ပျော်ပါတယ်။ ပြိုင်ပွဲဝင်တွေကို ဆက်လက်အားပေးနေပါတယ်။
ပြိုင်ပွဲကျင်းပပေးသော ဆိုင်ရာ ဆိုက်အား ၄င်း။ အက်မင်များအား ၄င်း။ ခရေကို ကဗျာ ရေးချင်အောင် ပြောပြ သင်ကြားပေးတဲ့  မောင်လေး များအား ၄င်း ကျေးဇူးအထူးတင်ရှိပါတယ်။
ရွှေမြို့ တော် ဆိုက်ကြီး အရှည်တည်တန့်  တိုးတက်ပါစေလို့  ဆန္ဒပြုလျှက်..
ခရေ
(ကြိုးစားပါအုံးမည်)