Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“မြန်မာ့ဒီမိုကရေစီသမိုင်းကြောင်း နောက်ပြန်လှည့်စေရန် အကြောက်တရားနှင့် အားပေးနေသော မြို့နယ်အာဏာပိုင်အဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ”

$
0
0
၉.၁၀.၂၀၁၂၊ အင်္ဂါနေ့။ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့လေယာဉ်ကွင်းမှာ ခမရ၊ခလရ၊လေတပ်၊ဆေးတပ်စတဲ့ တပ်မတော်အရာရှိများ၊ မရက၊ကျန်းမာရေး၊ ပညာရေးဌာနပေါင်းစုံက မြို့နယ်အရာရှိမင်းများပါအရောင်သွေးစုံအောင်  ရောက်နေကြပါတယ်။   လေယာဉ်နဲ့ ပါလာမဲ့ နမခ စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးလွင်ကို ကြိုဆိုကြဖို့ပါ။လေယာဉ်လဲဆင်းလာရော နအဖစစ်အာဏာရှင်ခေတ်က စနစ်ဆိုး အထက်ဖား အောက်ဖိပုံစံအတိုင်း စစ်တပ်က အရာရှိများ၊၊ မြို့နယ်အုပ်ချုပ်ရေးမှူးခေါင်းဆောင်တဲ့ ဌာနဆိုင်ရာလူကြီးမင်းဆိုတဲ့သူတွေဟာ နမခစစ်တိုင်းမှူးကို ဦးညွှတ်ပြီး မဟားဒယားတန်းစီလို့ ကြိုဆိုကြပါတယ်။
မြန်မာနိုင်ငံမှာဘယ်ခေတ်ဖြစ်ဖြစ်၊သမ္မတ၊၀န်ကြီးချုပ်၊၀န်ကြီး၊ကာကွယ်ရေးဦးစီးချုပ်၊တိုင်းမူး၊တပ်မမူးအရာရှိအရာခံ၊အကြပ်တပ်သား၊ကစပြ
ီးတခြားဝန်ကြီးဌာနအရာရှိနဲ့ဝန်ထန်းတွေအားလုံးဟာပြည်သူတွေနိုင်ငံသားတွေ ကပေးဆောင်တဲ့အခွန်ငွေတွေနဲ့သူတို့ရဲ့ကာယ၊ညဏလုပ်အားခလစာစားပြီးအသက်ရှည်နေကြတာဖြစ်ပါတယ်၊ ဒါကြောင့်အခုလိုဒီမိုကရေစီခေတ်ကိုကူးပြောင်းနေချိန်မှာ၊ မြန်မာနိုင်ငံက အရာရှိကြီးငယ်ဝန်ထမ်းတွေအားလုံးဟာ ကိုယ့်တာဝန်ကိုယ်ကျေပြွန်အောင် အချိန်မဖြုံး အချိန်ပြည့်တာဝန်ကျေအောင်ထမ်းဆောင်ဖို့လိုပါတယ် ခုလိုမျိုး အချိန်ကုန် ငွေကုန်ခံပြီး ဖော်လံဖား for show လုပ်ဖို့မလိုပါဘူး မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ကိုယ့်ရုံးမှာရှိတဲ့တာဝန်ကို အချိန်မဖြုံး ထမ်းဆောင်နေဖို့လိုသလို ပညာရေး ကျန်မာရေး မြို့နယ်စည်ပင် စတဲ့ဌာနဆိုင်ရာ အရာရှိများကလည်း အချိန်နဲ့အမျှ ကိုယ်ဌာနမှာတာဝန်ရှိတဲ့ ဌာနအကြီးအကဲတွေပါ လေယာဉ် ကွင်းချိန်းက နံက်(၈)နာရီပါ လေယာဉ်ဆင်းတာက(၁၀)နာရီခွဲမှပါ လေယာဉ်ကွင်းမှာ ဌာနဆိုင်ရာ အရာရှိတွေ တိုင်းမှူးကိုစောင့်ရတဲ့အချိန်ဟာ (၂)နာရီခွဲကြာပါတယ် ဌာနဆိုင်ရာ (၂၀)ကျော်လာပါတယ် ဒီဌာန(၂၀)ကျော်ရဲ့လုပ်အားတန်ဘိုးအချိန် နာရီပေါင်း(၇၀)နီးပါးအချိန်ဖြုံးကြရပါတယ် ဒီအချိန်အတွက် နိင်ငံတော်ဘတ်ကျက်က ပေးချေရတဲ့ လုပ်အားတန်ဘိုးငွေက အလဟသ ဆုံးချုံးတာပါဘဲ၊ သူတို့ဒီနေ့တိုင်းမှူးကိုကြိုတဲ့အချိန် (၂)နာရီခွဲ (၃)နာရီနီးပါး အချိန်ဖြုံးတဲ့အတွက် ဌာနအလိုက်ဆုံးဖြတ်
စီမံအုပ်ချုပ်ရမဲ့ လုပ်ငန်းတွေလည်း နှောင်းနှေးကုန်ပါတယ် သူများနိုင်ငံတွေရဲ့ နောက်မှာ နှစ်(၆၀)လောက်နောက်ကျနေတဲ့ (၁)နှစ်ခွဲသာရှိတဲ့ ကျွန်တော်တို့ရဲ့ BABY မြန်မာဒီမိုကရေစီနိုင်ငံမှာ တိုင်းမှူးလာလို့ အုပ်ချုပ်ရေးမှူးနဲ့ အကြီးအကဲတွေကြိုရတာ လမ်းဘေးဈေးသည် ဈေးမရောင်းရတော့ဘဲ ထမင်းဘိုးနစ်နာတာတွေ မရှိသင့်တော့ပါဘူး
စစ်သားကလဲ သူစစ်ရေးစစ်ရာ သူလုပ်ပါလိမ့်မယ် ကျန်တဲ့အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာမြို့နယ်အရာရှိတွေကလည်း သူ့ဌာနလုပ်ငန်း အချိန်ပြည့် တာဝန် ထမ်းဆောင်မှသာလျှင် တိုင်းပြည်ရဲ့အချိန်၊ လုပ်အား၊ ငွေ မနစ်နာဘဲ တိုင်းပြည်တို့တက်မှာဖြစ်ပါတယ် ဟုမ္မလင်းမြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာအရာရှိများ အာဏာရှင် စနစ်ဆိုးရဲ့အမွေ အကြောက်တရားနဲ့ ဖော်လံဖားပြီး လူကြီးလာတိုင်း ခွေးတအုပ်မကြီးလို မကြိုဆိုရကြရအောင် လေးစားရပါသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နဲ့ မျိုးသားလွတ်တော်ဥက္ကဋ္ဌကြီး ဦးသူရရွှေမန်းတို့က ပညာပေးဆုံးမကြပါလို့ အကြံကောင်းပေးလိုက်ရပါတယ်ခဗျာ။

အကြောက်တရားနှင့် အထက်ဖားအောက်ဖိ ဖော်လံဖားဝန်ထမ်းများကို မျက်စိ စပါးမွေးစူးတဲ့
မြို့စောင့်နတ် (ဖိုးသီလ)

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>