Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

´☂`♥´☂` စိတ်မကောင်းစွာနဲ့အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ် ´☂`♥´☂`

$
0
0

Divider Scraps and Graphics

Divider Scraps and Graphics

ရွှေမြို့တော်မှ မြို့တော်သူ၊ မြို့တော်သားအားလုံးမင်္ဂလာပါ။

မီးသခင် အားလုံးကိုစိတ်မကောင်းစွာဖြင့်နှတ်ဆက်ခဲ့ပါတယ်။

မီးသခင် မြို့တော်ကြီးကိုအထူးချစ်ခင်ပါတယ်။

မြီု့တော်ကြိးကိုချစ်သလိုမြီု့တော်သူမြီု့တော်သားတွေအားလုံးကိုလည်းချစ်ခင်လျှက်ပါ။

မအားမလပ်တဲ့အချိန်လေးတောင်မှရသလောက်လေးအချိန်ယူဝင်ဖြစ်ပါတယ်။

ခုလိုချစ်ခင်တဲ့မြတ်နိုးတဲ့မြို့တော်ကြီးကိုခွဲခွာရမယ်ဆိုတော့အလွန့်အလွန် ကို

ဝမ်းနည်းခံစားရပါတယ်။လုံဝ..လုံးဝစိတ်မကောင်းပါဘူး ။

မီးသခင် ဘာလို့မြို့တော်ကနေထွက်ရလဲဆိုတာပြောပြပါ့မယ်။

Divider Scraps and Graphics

မီသခင် ညပိုင်းအလုပ်မအားတဲ့အချိန်ဖြစ်နေပါစေ. ချက်ခန်းထဲဝင်ပေးပါတယ်။

ဘာလို့လဲဆိုတော့ ချက်ခန်းထဲမှာ အက်မင်တယောက်မှမရှိဘူးဆိုပြီးလာလာပြောလို့

မီးသခင်ဝင်ပေးတာပါ ။ မီးသခင်ရောက်ရှိပီးနောက်ထပ်အက်မင်တစ်ဦးဦး ၀င်လာရင်တော့

မီးသခင် ပြန်ထွက်ပါတယ်။ အဲလိုပဲ ဒီ ညလည်း မီးသခင် ချက်ခန်းထဲဝင်ပေးပါတယ်။

မီးသခင် အားလို့ဝင်တာမဟုတ်ပါဘူးမီးသခင်တကယ်မအားတာပါ။

ရုံးအလုပ်တွေနဲ့အတူ .  မြို့တော်ကြီးကိုလဲတတ်နိုင်သလောက်ကူညီပေးတာပါ ။

ဘယ်သူတွေဘယ်လိုပင်မြို့တော်ကြီးကို ပြောပြော မီးသခင်တော့ ဘာဆိုဘာမှမသိပါဘူး။

မြို့တော်ကနေလွဲလို့မီးသခင်ဘယ်ဆိုဒ်ကိုမှမရောက်ပါဘူး ။ဝင်လဲမ၀င်ပါဘူး ။

သွားလဲမသွားဘူး ။ ဖိတ်ခေါ်ထားတဲ့သူငယ်ချင်းတွေကိုတော့အားနာပါတယ်။

အထူးတောင်းပန်ပါတယ် ။မီးသခင် မ၀င်ရောက်နိုင်တာကို။

မီးသခင်အဲဒီလိုဘယ်ကိုမှမသွားတဲ့အတွက် တခြားဆိုဒ်တွေမှာ

ရွှေမြီု့တော်ကလူတွေနဲ့ဘယ်လိုဘယ်ပုံ ပတ်သက်ပြီး. ခိုက်ရန်ဖြစ်တယ်ဆိုတာကိုလည်း

မီးသခင်မသိပါ။ မီးသခင်သိတာတခုဘဲရှိပါတယ်။

မနက်မိုးလင်းရင်ရွှေမြီု့တော်ကြီးထဲကိုပင်ကနေ၀င်ပြီး ဘလော့ပိုစ်လေးတွေချပေးမယ် ။

ကွန်မန်းပေးမယ် ။ အားရင် အိမ်လည်မယ် ။ သူငယ်ချင်းတေါအကူအညီတောင်းရင်

သိသလောက်တတ်သလောက် ကူညီဖြေရျင်းပေးမယ် ။ ဒါပဲသိတယ်။

မီးသခင်ဘယ်သူနဲ့မှလဲ အမှု့အခင်းမဖြစ်ဖူးပါဘူး ။

ဒီလိုနဲ့တောင်မီးသခင် အပေါ် တော်တော်လေးမုန်းတီးနေတဲ့သူတွေရှိနေတာကိုသိရလို့

အထူးစိတ်မကောင်းဖြစ်မိပါတယ်။အလွန်လည်းဝမ်းနည်းမိပါတယ်။

Divider Scraps and Graphics

 ဒါကတော့မီးသခင်ဒီနေ့ည . ချက်ခန်းထဲဝင်ကြည့်ပေးတဲ့အချိန်မှာ ဖြစ်ခဲ့တာပါ။

9:01pmတွင် အောက်တိုဘာလ 13, 2012မှာ,


ဗမာလူမျိုး
သရဲလေး
ပြောကြားခဲ့သည်က…

ဒီသူငယ်ချင်းသရဲလေးကမီးသခင်ကို

သူ့ကိုခွေးနဲ့နှိုင်းလို့ ဆဲတယ်ဆိုတဲ့စာသားပါ ။

သူနဲ့မင်းမဟော် နဲ့ဘယ်လိုခိုက်ရန်ဖြစ်ခဲ့တယ်ဆိုတာ

မီးသခင်မသိပါဘူး ။သူကချက်ဘောက်ထဲ မေးနေလို့pv ကနေမီးသခင်သွားမေးပါတယ်။

မေးတာကိုသူက အေဆေးစွာနဲ့ပြန်မပြောပါဘူး။မီးသခင်စိတ်ကိုတတ်နိုင်သလောက်

ထိန်းပြီးပြောဆိုပါတယ်. နောက်ပြီး သူမင်းမဟော်ကိုမကျေနပ်နေတာကိုသိရလို့

မီးသခင်ကပြေရာပြေကြောင်းပြောမလို့ဆိုပြီးဒီစာသားလေးကို အရင်ပြောလိုက်ပါတယ်။

**  ကိုက်တတ်တဲ့ခွေးကိုလမ်းဖယ်ပေးလိုက်တာအကောင်းဆုံးပါပဲ   **

လို့ပြောလိုက်ပါတယ်။

ဒါကလဲမီးသခင်စာသားကိုဆက်ရှင်းမလို့ရိုက်နေတုန်းပါ ။

ဆုံးအောင်မဖတ်တော့ပဲ။သူဆဲလာပါတယ်။

မီးသခင်ပြောထားတဲ့စကားလုံးတွေအပေါ်မှာရှိပါတယ် ။ဒါပေမဲ့သူက ဒီနေရာလေးတင်

ယူပြီးမီးသခင်အိမ်မှာ လာ ပို့ပါတယ်။ မီးသခင်ပြေတဲ့စကားလုံးက သူ့ကိုပြောတာ

မဟုတ်ပါဘူး ။သူစကားကိုဆုံးအောင်မဖတ်ဘဲနဲ့ကြားထဲကနေဖေါက်ပြီးမီးသခင်ကို

ဆဲသွားတာပါ ။မီးသခင်ပြောချင်တာက ဒီစာသားလိုပါ။

သူရန်ဖြစ်မှာဆိုးလို့မကျေမနပ်ပြောနေလို့အသိပေးမယ်ဆိုတဲ့စိတ်နဲ့ပြောလိုက်တာပါ ။

စကားက မဆုံးလိုက်ပါဘူး ။အဆဲခံလိုက်ရပါတယ်။

သူကတော့သူ့အပြုအမူကိုသူသိလိုက်မှာမဟုတ်ပါဘူး။

မီးသခင်သိလိုက်တာကတော့တခုဘဲ။

ဘာလဲဆိုတော့လူတော်တော်များများဟာ

ငါပဲသိတယ်

ငါပဲတတ်တယ်

ငါပဲမှန်တယ်

ဆိုတဲ့အတွေးတွေနဲ့သူတို့ရဲ့ပင်ကိုယ်စိတ်မှာကြီးစွာမှတ်သားထားကြတယ်။

တကယ်တန်းတော့သူတို့ဘာမှမသိပါဘူး ။မတတ်ပါဘူး။မမှန်ပါဘူး။

ခုလဲဒီလိုပါဘဲ ။မီးသခင် မှန်တယ်လို့ထင်လိုက်တာဟာ လုံးဝအမှားဖြစ်သွားပါတယ်။

အဲဒီအတွက်အထူးစိတ်မကောင်းပါဘူး။

Divider Scraps and Graphicsမီးသခင် ဒီဆိုဒ်ထဲမှာရှိနေတာကြပါပြီး 1 နှစ်ကျော်ပါပြီ။။

ခုလို အဆဲခံရတာ တွေတော့ အတော်များများခံရပါတယ် ။

သို့ပေမဲ့ ခု ဒီ  သရဲလေး လိုတော့ ဘယ်သူမှ မဆဲပါဘူး ။

သူချက်ဘောက်ထဲမှာဆဲတယ်။မီးသခင် အသိပေးပါတယ်။ မဆဲဖို့။

သရဲလေးက လက်မခံပါဘူး။ သူ မီးသခင်ကိုဘမ်းပေးပါဆိုပြီးပြောတယ် ။ဒါပေမဲ့မီးသခင်

ဘယ်တော့မှတော်ရုံမဘမ်းပါဘူး ။ ရအောင်နားလည်အောင်ပြောပြပါတယ်။

နောက်ဆုံးမရမှ စိတ်မကောင်းစွာနဲ့ဘမ်းရတာပါ ။ တော်တော်များများမန်ဘာတွေရှိပါတယ်။

မီးသခင် ချက်ခန်းထဲဝင်တဲ့အချိန် ။ဆဲတာ ကော်ပီလုပ်တာတွေ ၊တွေ့လို့ မလုပ်ဖို့ပြောတာကို

လက်ခံပြီးနောက်ဘယ်သောခါမှမလုပ်တဲ့မန်ဘာတွေအများကြီးပါ ။

ဒါကျတော့ လူလိုပြောရင် လူလိုနားလည်တတ်တဲ့စိတ်အသိရှိတဲ့သူတွေဖြစ်မယ်ထင်တယ်။

တချို့ကျတော့လုံးဝကိုနားမလည်တာပါ ။ဘယ်လိုပင်တောင်းပန်တောင်းပန်

သူတို့မှားနေပေမဲ့ သူတို့အမှားကိုလက်မခံဘဲ  သူတို့ပဲမှန်တယ်ဆိုပြီ.

ပြောဆိုတဲ့သူတွေလဲတွေ့ရပါတယ်။

ခုလို လေးတွေဆုံရကြုံရတာတွေကတော့ ဘယ်သူမပြု မိမိ အမှု့ဆိုသလိုပါပဲ။

မီးသခင်ဒီချက်ခန်းထဲဝင်ဖြစ်လို့ ခုလိုဖြစ်ရတာ။မီးသခင်မ၀င်ရင် ဘာမှဖြစ်မှာမဟုတ်ဘူးလေ။

ဒါကြောင့်မီးသခင် ဒီနေ့ဒီအချိန်ကစပြီးချက်ခန်းထဲကိုလုံးဝ လုံးဝ မ၀င်ရောက်တော့ပါဘူး ။

သူငယ်ချင်းမိတ်ဆွေတွေအားလုံးကိုလဲ စိတ်မကောင်းစွာနဲ့ပဲ ဒီနေရာကနေ

နှတ်ဆက်ခဲ့ပါတယ်။

မီးသခင် ဖက်က ပြောမှာဆိုမှားရှိခဲ့ရင်လဲ စိတ်ထဲမထားပဲ

ချစ်ခင်စိတ်နဲ့ခွင့်လွှတ်နားလည်ပေးပါလို့အားလုံးကိုတောင်းပန်ပါတယ်။

မီးသခင်အားလုံးကိုအမြဲသတိရနေမှာပါ။

Divider Scraps and Graphics

Divider Scraps and Graphics

Divider Scraps and Graphics

အားလုံးကိုလေးစားချစ်ခင်လျှက်

 ´☂`♥★♠♥´☂` *♫♫* ☂ {{မီးသခင်}} ☂ *♫♫*´☂`♥★♠♥´☂`

ချစ်သူမြို့တော်

( 13 . 10 .2012 )  pm. 11 : 00

Divider Scraps and Graphics


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>