Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

(((((((((((( အနက်ရှိုင်းဆုံးရင်ခွင် )))))))))))

$
0
0

 

ကန္တာရခရီးတစ်ခုကိုကျော်ဖြတ်ခဲ့ကြပြီးနောက်  ခရီးသွားတို့သည်ကား ကူးတို့ဆိပ်တစ်ခုသို့

ရောက်လာခဲ့ကြ၏ ၊  မြောက်များလှစွာသောခရီးသွားတို့အတွက်

တစ်ဦးလျှင် လှေငယ်လေးတစ်စီးကျ ပိုင်ဆိုင်ခွင့်ရကြပြီး

သူတို့သည်ဆရာရှင်တစ်ဦးနဲ့ ဆုံတွေ့ခွင့်ရကြ၏ ။

မိုးသားတိမ်တိုက်တို့သည် တရိပ်ရိပ်နဲ့ပြေးလွှားလျက်ရှိသည့်နှယ် ၊ မြစ်ရေတို့သည်လည်း

တသွင်သွင်စီးဆင်းလျက်ရှိကြကုန်၏ ၊ ရောင်နီဦးနဲ့အတူ ခရီးသွားတို့သည်

လှုပ်လှုပ်ရွရွနဲ့ ကိုယ်ပိုင်လှေငယ်တို့ဖြင့် ခရီးဆက်ရန်ပြင်ဆင်လျက်ရှိကြသည် ၊

ထိုအချိန်တွင် ဆရာရှင်သည် ခရီးသွားတို့အား ရေလမ်းခရီး၏ သဘောသဘာဝကို

ခရီးသွားအားလုံးကြားနိုင်လောက်သည့်အသံဖြင့်  ရှင်းလင်းပြောပြလေတော့သည် ၊

"  အိုခရီးသွားချစ်ဆွေတို့ သင်တို့သည်ကား ယ္ခုအချိန်တွင် ရေကြောင်းခရီးကို ဆက်လက်

ချီရတော့မည့် အချိန်ကိုရောက်လင့်ပြီ  ကျွန်ုပ်သည် သင်တို့အား ရင်ဝယ်သားကဲ့သို့ ဂရုဏာ

သက်လှ၍ ရေကြောင်းခရီး၏ သဘောသဘာဝကို အမှာပါးလိုက်ပါအံ့ ဂရုစိုက်၍နားထောင်

သွားကြပါလော့ ၊  ဤမြစ်ရေတို့သည်ကား အရှိန်အဟုန်ဖြင့်တသွင်သွင်စီးလျက်ရှိပေသည်

ထို့ကြောင့် သင်တို့သည် ရေဆန်လမ်းကိုလှော်ခတ်သွားကြမည်ဆိုလျှင်ကား

မြစ်ညာမှ ရေချိုရှိရာအရပ်ကိုရောက်မည်

ထိုမှတစ်ဖန် ချောင်းရိုးအတိုင်းဆန်တက်လေသော် လျှိုမြောင်တို့ကိုဖြတ်၍

ရေတံခွန်ရှိရာကိုရောက်ကြရလိမ့်မည် ထို့မှတဖန်ဆက်၍ဆန်တက်ပြန်လျှင်

စိမ့်စမ်းရေရှိရာကိုရောက်မည်

ထို့မှရှေ့ဆက်သွားလျှင်ကား ရေတို့၏မြစ်ဖျားခံရာကိုကျော်လွန်၍ စိမ်းစိုလမ်းဆန်းပြီး

ငြိမ်းချမ်းသာယာသည့် ရိုးမရင်ခွင်သို့ခိုဝင်ရပေလိမ့်မည် ...။

နောက်တစ်လမ်းမှာမူကား ရေစုန်လမ်းပင်ဖြစ်ပေသည်  ရေစုန်လမ်းဖြစ်၍ 

မျှောပြီးလိုက်သွားကြမည်ဆိုလျှင်  မြစ်ပြီးလျှင် လှိုင်းလေထန်သည့်  ပင်လယ်ကို

ရောက်ရှိရပေလိမ့်မည် ထို့မှတစ်ဖန်မုန်တိုင်းထန်သည့် အဆုံးအစမဲ့ပြန်လမ်းမရှိသည့်

သမုဒ္ဒရာထဲသို့ရောက်ရှိရပေလိမ့်မည် ..

ထို့ကြောင့် သင်တို့သည်မိမိစိတ်တိုင်းကြ လိုရာခရီးသို့ ဆက်ကြပါလော့

ကျွန်ုပ်သည်ကား သင်တို့အားတစ်စုံတစ်ရာမကူညီနိုင် သို့သော်လည်း လိုရာကိုလမ်းပြ၍

မည်သို့မည်ပုံဆောင်ရွက်ရမည်ကိုကားပြောနိင်ပေသည် ၊

လိုရာကိုရောက်ရန်ကားသင်တို့ကိုယ်တိုင်သာလျှင်ကြိုးစားရပေလိမ့်မည် .

ထို့ကြောင့် မိမိစိတ်ကိုမိမိ ချော့မြူထိန်းသိမ်း စောင့်ကြပ်၍

ဘယ်လိုအခက်အခဲနဲ့ကြုံရကြုံရ စိတ်ကိုတည်တည်တံ့တံ့ကြံ့ကြံ့ခိုင်ခိုင်ထားနိုင်အောင်

ကြိုးစားကြပြီးကြုံတွေ့ ထင်ဟပ်လာသမျှအရာအားလုံးအား

အဆိုးအကောင်း အမှားအမှန်သိအောင် ဝေဖန်သုံးသပ်၍ခရီးဆက်ကြပါ

မည်သည့်အကြောင်းအရာဖြစ်ဖြစ် အဘယ်သူပြောပြော

မယုံကြလေနှင့် မိမိကိုယ်တိုင်သာလျှင် ဆန်းစစ်ကြကုန်လော့ မိမိကိုယ်တိုင်ပဲ့ကိုင်သွားရမည့်

ခရီးမို့ မိမိကိုသာလျှင်မိမိအားကိုး၍ ရီးဆက်ကြကုန်လော့ချစ်ဆွေတို့ ရေဆန်လမ်းသို့

ခရီးဆက်မည့် သူတွေအတွက်တော့ ကျွန်ုပ်၏ကိုယ်စားလမ်းပြ ခေါ်ဆောင်ပေးမည့်

သင်တို့အတွက်ကျွန်ုပ်၏ကိုယ်ပွားများစွာရှိနေလင့်မည် နည်းနာယူ မေးမြန်းစုံစမ်း၍

ကိုယ်ပိုင်စိတ်အသိဖြင့် ခရီးဆက်ကြကုန်လော့ချစ်ဆွေတို့   "

ဆရာရှင်၏အမှာစကားတို့အား ကြားနိုင်သောနားရှိသူတို့သည် သဘောပေါက်ကြကုန်၏

သို့သော်လည်း ကြားနိုင်သောနားမရှိသူတို့သည်ကား အများသူငါနည်းတူ နားစိုက်သည့်

ဟန်ကိုသာပြလင့်ခဲ့ကြသည် ၊  နားလည်သဘောပေါက်ခြင်းမရှိကြ ခဲ့ကြသည်ကားအမှန်၊

ယင်းနောက် ခရီးသွားတို့သည် လှေဆိပ်သို့ဆင်းလာခဲ့ကြကုန်၏ .

 

 

အတွေးကိုယ်စီ ဆုံးဖြတ်ချက်ကိုယ်စီနဲ့မို့ လှေဆိပ်တွင်အုပ်စုနှစ်စုကွဲလျက်သွား၏

ရေဆန်သို့ ချီတက်မည့်အုပ်စုနဲ့ ရေစုန်သို့စီးမျှောသွားမည့် အုပ်စုတို့ဖြစ်သည်၊

ထိုအထဲတွင် ဦးစီးဦးဆောင်ဖြစ်ဟန်တူသူနှစ်ဦးသည် မိမိအုပ်စုရှေ့တွင်ရပ်လျက်

စကားအနည်းမျှပြောကြားကြ၏...

ရေစုန်လမ်း ခေါင်းဆောင်....    " 

 " ကျွန်ုပ်နှင့်အတူ ရေကြောင်းခရီးကို လိုက်ပါမည့်မိတ်ဆွေတို့ ကျွန်ုပ်တို့သည် ကန္တာရခရီးအား

ဖြတ်လာခဲ့ကြရသည် အပူဒဏ် ရေငတ်သည့်ဒဏ် ဆူးခြစ်ရာတွေဗလာပွတို့ဖြင့်

သေလုမျောပါးဖြတ်ခဲ့ရပြီးလေပြီ .

ယ္ခုရေကြောင်းခရီးအတွက် လှေငယ်တွေလည်းကိုယ်စီကိုယ်ငှပိုင်ဆိုင်ထားခဲ့ကြပြီ

ထို့ကြောင့်ကျွန်ုပ်တို့သည် မိုက်မဲလှစွာ ရေဆန်ကိုလှော်ခတ်ချီတက်ဦးမည်လော..

သို့တည်းမဟုတ်မောပန်းလာခဲ့ရသမျှ အတိုးချအပန်းဖြေရင်း

ရေစုန်ကိုမျှောပြီး ငြိမ့်ငြိမ့်ညောင်းညောင်း

လိုက်သွားကြမည်လော .. ကဲ ကဲ ကျွန်ုပ်ကတော့ ရတုန်းအခွင့်အခိုက် လက်မလွတ်မခံဘူး

ဘဝအမောတွေဖြေဖျောက်ဖို့ ရေကြောင်းအတိုင်း အလိုက်သင့် စီးမျှောသွားတော့အံ့

ထို့ကြောင့် ကျွန်ုပ်နှင့် အတူလိုက်ပါမည့် သူများလိုက်ခဲ့ကြကုန်လော့ ""

ရေစုန်ခရီးအားမြောက်များလှစွာသောခရီးသွားတို့သည်လိုက်ပါသွားကြကုန်၏

အနည်းငယ်မျှသော ခရီးသွားတို့သည်သာလျှင် ရေဆန်လမ်းသို့ချီရန် ကျန်ရစ်ခဲ့ကြလေသည်၊

ထို့နောက် ရေဆန်လမ်းသို့လိုက်ပါမည့်သူများအား ဦးစီးဦးဆောင်လုပ်သူသည် အားပေးစကား

ပြောကြားလေ၏၊

" ကျွန်ုပ်နှင့်အတူ ရေဆန်လမ်းသို့လိုက်ပါမည့်  မိတ်ဆွေတို့  ကျွန်ုပ်တို့သည်

ကံကောင်းထောက်မစွာဆရာကောင်းသမားကောင်းနဲ့ ဆုံတွေ့ခွင့်ရခဲ့ကြပြီ ကျွန်ုပ်တို့သည်

ခရီးတစ်လျှောက်လုံးမျှော်ကြည့်

လိုက်ကြလျှင် ရေစုန်လမ်းကိုပဲ ချီခဲ့ကြသည်မှာရေတွက်လို့မကုန်နိုင်တော့ပြီ 

ခဏတာသာယာမူကိုခံစားပြီး ဒုက္ခအမှောင်တွေဖုံးခဲ့ရပေါင်းလည်းများလှပါပြီ ၊

ထို့ကြောင့် ခဏတာဒုက္ခဆင်းရဲကိုခံပြီး ချမ်းသာသုခရှိရာကို

ချီတက်ကြစို့   ကျေးဇူးကြီးမားလှသည့်ဆရာအရှင်၏အမှာစကားတို့ကိုလည်း

ငါတို့သည် မမေ့မလျောသောအသိဖြင့် ထိန်းသိမ်းကျင့်ကြံကြရပေမည်သို့မှသာ လိုရာကို

ရောက်နိုင်မည်  ကဲကဲ ကျွန်ုပ်တို့လည်း ခရီးဆက်ကြပါစို့ ရဲ့ ..."

ရေဆန်သို့ လိုက်ပါမည့်ခရီးသွားတို့သည်ကား အနည်းငယ်မျှသာ ဖြစ်၏

၎င်းတို့သည် လှေငယ်တွေကိုယ်စီကိုယ်ငှ ရေထဲသို့ချပြီးသည်နဲ့ အားစိုက်၍ အားစိုက်၍

တရွေ့ရွေ့ ဆန်တက်ခဲ့ကြရလေတော့သည် ....။

 

 

ရေစုန်လမ်းမှ ခရီးသွားများ .. မြစ်ရေတကြောစုန်လျက်မျှောမို့ လှော်ခတ်စရာဖြင့်မလိုပြီ

ဆိုတေးသံခွင့်ဆင့် ကာ ဝိုင်းဖွဲ့၍ ကသူက. က၍ ငါးတွေဖမ်းလိုက်မီးကင်ကာဝိုင်းဖွဲ့၍တဖန်

သောက်စားကာ ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာကောင်းလှပေ၏.၊

ညသို့ရောက်လတ်သော် ရောင်စုံမီးပုံးတို့ထွန်းညှိကာဖြင့် မုန်သုန် လေတဖြူးဖြူးအောက်တွင်

အဆိုအက ဂီတတို့ဖြင့် သာယာငြိမ့်ငြောင်းလှစွာ အလိုက်သင့်မျှောရင်းမျှောရင်း

လှိုင်းကြက်ခွပ်သံတို့နဲ့အတူ .ည ၏  ကြယ်စုံရံသည့် လမင်းရဲ့အေးမြခြင်းအလင်းအောက်တွင်

ရမက်လှိုင်းတွေမှာစီးမျောရင်းစိတ်အသိတွေ မှိုင်းထိ၍ ယဇ်မူးခြင်း ပျော်ရွှင်ခြင်း ကြည်နူးခြင်း

တို့နဲ့အတူ အာရုံခံစားမူ ကကွက်တို့အလည် သာယာမူအတိတို့ခြင့် အတိတ် ပစ္စုပ္ပန် အနာဂါတ်

ဆိုသည့် အရာတို့သည်ကား မှေးမှိန်ပျောက်ကွယ်၍သွားခဲ့လေ၏ ၊

နေ့ခံညစံ ဘဝတို့ဖြင့်ဆားငွေ့တွေအလည် ငတ်မပြေအာသာဆန္ဒတို့ဖြင့် မြစ်ဧရာမှတစ်ဆင့်

ပင်လယ်ပြင်သို့ရောက်ခဲ့ကြပြီ ...  လှိုင်းလေကြမ်းစပြုလာသည် ..  မြောက်များလှသည့်

ကျောက်ဆောင်ကျောက်ချွန်တွေနဲ့ ဝဲဂယက်တို့ပေါများလာသည်...

ထိုအချိန်ရောက်မှ ခရီးသွားတို့သည် ဇောချွေးတွေနဲ့တစ်ဦးကြည့်ဖြစ်ကြသည် ...

ထို့အတူပင်လယ်မှသည် သမုဒ္ဒရာဆီသို့ ရောက်လာသည့်အချိန်တွင်တော့  အားငယ်ခြင်း

ကြောက်ရွံ့ခြင်း ယူကြုံးမရဖြစ်ခြင်းတို့နဲ့အတူ အော်ဟစ်ငိုကြွေးကြကုန်လေ၏ ၊

"  ငါတို့တွေမှားလေစွ  ပြန်လမ်းမရှိတော့ပြီ   "

မုန်တိုင်းကထန်လှိုင်းလေဆန်ရင်းမကြာမှီ သမုဒ္ဒရာဝဲကယက်အတွင်း စုန်းစုန်းနစ်ကြရတော့မည်

ပြန်စခွင့်မရကြတော့သည့် နှောင်းနောင်တတို့က ရင်ဝယ်လောင်မြိုက်၍

ယူကြုံးမရဖြစ်ခဲ့ကြလေပြီ ၊

ကယ်ပါကူပါ အသံတို့ဖြင့် မဟူရာညအလယ် သမုဒ္ဒရာ ရေလွှာပြင်အောက်သို့

နစ်မြုပ်၍     နစ်မြုပ်၍ သာ.......၊။

 

 

ရေညာအရပ် ရေဆန်ခတ်သူတို့မှာမူ ခရီးထွက်စ ကတည်းကပင်ပန်းကြီးစွာရောက်ကြရ၏

သာယာမူဝေး ပျော်ရွှင်မူနည်း မနားမနေလှော်၍ခတ်ကာ တရွေ့ရွေ့ဆန်တက် တဖြေးဖြေးချီခဲ့ရ၏

မြစ်မှတစ်ဖန်ရေချိုအရပ်ချောင်းသို့ရောက်ကြသော် ..  တစ်ဦးစနှစ်ဦးစတို့သည် ကမ်း၌ခိုနားကာ

ကျန်ရစ်ကြ၏ .. အားမလျှော့သူတို့မှာမူကား ထိုမှတဖန်ဆက်၍ဆန်ကြလေသော်

ချောင်းဖျားမှသည် ရေတံခွန်ရှိရာဆီသို့ရောက်ခဲ့ကြလေ၏ ...

မှိုင်းပြပြ လေဟာနယ် သက်တံ့ရောင်ကချယ်  နွေချိုဖိုးခေါင် သံသာသာညနေခင်းမို့

ကမ်းနံဘေး ပန်းတို့ကဝေသီ ရနံ့လှိုင်လှိုင် ပန်းဂနိုင်မို့ ရေကြည်အိုင်မှာခိုနားကြပြီ

တေးသံတကြော်ကြော် တောပန်းတွေအလယ်ဆော့ကာမြူး  ငြိမ်းချမ်းပ ရေတံခွန်ရင်ခွင်ဝယ်.....

တစ်ချို့ကအိပ်မောကျ တစ်ချို့ကပန်းအိမ်တွေဆောက်ကြ

တစ်ချို့ကရေကစားကြနဲ့ နေခဲ့ကြကုန်၏

ခရီးသွားတစ်ချို့တစ်ဝက်မှာမူကား ရေတံခွန်ကို ကျော်လွန်၍သွားနိုင်ရန် ဆရာအရှင်၏လမ်းပြ

မြေပုံတို့အားကျွမ်းကျင်သည့် ရှေ့ကရောက်နှင့်ပြီးပုဂ္ဂိုလ်တို့နဲ့ ဆွေးနွေးကြကုန်၏

ရှေ့ကရောက်နှင့်နေကြကုန်သော ရေတံခွန်ထက်ဆီမှခရီးသွားတို့သည်လည်း

လက်ကမ်း၍ကြိုဆို ကြလေသည် ..

မလိုအပ်သည့်အပိုဝန်တွေဖြုတ်ချ၍ ခရီးသွား တို့သည် အဆင့်ဆင့် မလျှော့သော

ဇွဲတို့ဖြင့် ကြိုးစားတက်လှမ်းကြရာ  အပေါ်သို့ရောက်လာခဲ့ကြသည် ..  သူတို့သည်တောင်စိုင်

နှစ်ခုကြားမှ ချောင်းရိုးလေးအတိုင်းဆန်တက်ခဲ့ကြပြီး  အလွန်တရာ သာယာလှပသည့်

ကမ်းနံဘေးတစ်နေရာသို့ ရောက်ရှိခဲ့ကြလေ၏ ၊ ထိုနေရာသည်ကား ရိုးမရင်ခွင်သို့ဝင်ရန်

တစ်ထောက်နားခရီးစခန်းပင်ဖြစ်လေတော့သည်၊

တောင်ခိုးတောင်ငွေ့တို့အလယ်သာယာလှပသည့် ထိုနေရာ၌ ဆူညံခြင်းမရှိ ပဂတိ တိတ်ဆိတ်

ငြိမ်သက်လှပေသည် ..  ငြိမ်းချမ်းလိုက်ပါဘိခြင်း...ကြည်နူးစရာကောင်းလိုက်ပါဘိခြင်း...

ရောင်စုံပန်းပွင့် တို့သည် အလှခြင်းပြိုင်၍ဖူးပွင့် နေကြသည့် သဖွယ်

ရေစီးအတိုင်းမြောပါလာကြသည့် ရောင်စုံပန်းပွင့်တို့သည်လည်း တောင်ကျချောင်းငယ်ကို

ပို၍လှပအောင်ဖန်ဆန်းထားသည့်နှယ်ပါ ၊ ဗိန္နဲ . မာလကာ . သရက်ငှက်ပျော နဲ့

သီးပင်စားပင်တွေကလည်းအပြိုင်အဆိုင်သီးပွင့်လျက်ရှိကြကုန်၏

ငြိမ်းချမ်းသောဤဌါနလေး၌ ရှေ့ကရောက်နှင့်နေကြသောခရီးသွားမြောက်များတို့ရှိကြ၏

သို့သော်လည်း သူတို့သည် ပူလောင်ခြင်းမရှိ ငြူစူခြင်းမရှိ ဝန်တိုခြင်းမရှိ တစ်ဦးကို တစ်ဦး

ဖေးမကူညီရင်း နှီးနှောတိုင်ပင်ရင်း မဝေးတော့သည့်ရိုးမခရီးအတွက် အားအင်သစ်များ

မွေးမြူလျက် ဆိတ်ငြိမ်ငြိမ်းချမ်းစွာ မျှော်ရည်မှန်းလျက်ရှိကြကုန်၏  ၊။

 

မနက်ခင်းနေခြည်နုနုတို့နဲ့အတူ ချောင်းနံဘေးက ပန်းရောင်ပွင့်လျက်ရှိသည့်

ကုန်းမို့မို့လွင်ပြင်ထက်မှာ ခရီးသွားတို့ဆုံဖြစ်ကြသည် ၊ ဤနေရာဌါနသို့ ဦးစွာရောက်နှင့်

နေကြသည့် အထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် ပုဂ္ဂိုလ်တစ်ဦးက အသစ်ရောက်လာကြသည့်

ခရီးသွားများနဲ့ အရင်ရောက်နှင့်ပြီးခရီးသွားတို့အား သြဝါဒစကားပြောကြားခြင်းဖြစ်သည် ၊

"  အို မိတ်ဆွေအပေါင်းတို့ ကျွန်ုပ်တို့သည်ကား တစ်ဦးနဲ့တစ်ဦးအသွင်သဏ္ဍန်ခြင်း

မတူကြသော်ငြားလည်းဦးတည်ရာကားတူညီခဲ့ကြသည် ထို့အတူ ကျွန်ုပ်တို့သည် ပြင်ြး့ပသည့်

ဆန္ဒဖြင့်လေဆန်ရေဆန်ကို လှော်ခတ်လာခဲ့ကြသူများဖြစ်၍ ဤနေရာဌါန၌ ဆုံခဲ့ကြလေပြီ

ဝမ်းပြောက်လိုက်ပါဘိခြင်း  ...  ဂုဏ်ယူလိုက်ပါဘိခြင်း ...   မိတ်ဆွေတို့ဤနေရာဤဌါန

သည်ကားငြိမ်းချမ်းသာယာလှပါသည် . ဥတုတွေညီမျှ သံယံဇာတတွေပြေွါကွယ်ပါပေ့

သို့သော်လည်း ဤနေရာဤဌါန၌ ခိုနားဖို့ရာမဆုံးဖြတ်လိုက်ကြပါနှင့်  အခန့်မသင့်က

တောင်ကျချောင်းရေနဲ့အတူ ဟိုး  သမုဒ္ဒအထိမျောပါသွားနိုင်သေးသည် ထို့ကြောင့်

သင်တို့သည် လက်တစ်ကမ်းသာလိုတော့သည့်  ရေတို့၏မြစ်ဖျားခံရာ ရိုးမရင်ခွင်အရောက်

ကြိုးစားကြပါကုန်.. စုန်လမ်းဆန်လမ်းတို့ ချုပ်ငြိမ်းရာ အနှိုင်းမဲ့ရိုးမရင်ခွင်မှာ ငြိမ်းချမ်းစွာ

ခိုဝင်ကြပါ...  နောက်ကလိုက်လာကြဦးမည့် ခရီးသွားတွေကိုလည်း လက်ကမ်း၍

ကြိုဆိုကြပါ ၊  ကျွန်ုပ်သည်ကား ယ္ခုပင် ဤဌါနမှ သင်တို့နဲ့ခွဲခွာ၍ ရိုးမရင်ခွင်သို့

ခရီးဆက်ရပေတော့မည် ၊ သင်တို့လည်း ဆရာအရှင်၏ လမ်းညွှန်မူအတိုင်း

ရိုးမရင်ခွင်သို့ခိုဝင်နိုင်ရန် ဤနေရာဤဌါန၌ကျင့်ကြံကြိုးစားအားထုတ်၍

လိုအပ်သည်များကို ပြင်ဆင် ကြကုန်လော့ ၊ ဤနေရာဤဌါန၌ဆရာအရှင်၏လမ်းညွှန်

မြေပုံတို့များစွာရှိ၏ ၊ ထို့အတူ တတ်သိ နားလည်သူတို့လည်းများစွာရှိနေလင့်ပြီ

ထို့ကြောင့် မမေ့မလျှောသောဇွဲလုံ့လတို့ဖြင့် ရှေ့ဆက်ခရီးအတွက်ပြင်ဆင်ကြကုန်လော့

ကျွန်ုပ် သင်တို့အား နုတ်ဆက်ခဲ့ပါသည် ... အချိန်တိုတိုနဲ့ တက်လှမ်း၍ လာနိုင်ကြပါစေ

မိတ်ဆွေတို့ "

 

ယင်းနောက် အားလုံးအားလက်ပြနုတ်ဆက်၍ ထိုပုဂ္ဂိုလ်သည်

ပါးလွှာသေးငယ်သော လှေငယ်လေးတစ်စီးကိုစီးကာ လှော်ခတ်စရာမလိုပဲ

တရိပ်ရိပ်   တရိပ်ရိပ်နဲ့ မှိုင်းညှိ့ညှိ့ ရိုးမတောင်တန်းရှိရာဆီသို့ ဦးတည်၍ ဦးတည်၍

 

ဆန်တက်သွားလေတော့သတည်း ......။။။။။။။။

 

 

အားလုံးကိုလေးစားလျက်ပါ....နေမင်းခိုင်

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>