♥♥အဖေများနေ့အမှတ်တရ♥♥ နောက်ထပ်မရရှိနိုင်တော့မယ့်ကျွန်မ အဖေ
for everyone
ကောင်းကင်တစ်ခုလုံးမှောင်မဲနေသည် လျှပ်ပန်းလျှပ်နွယ်များဝင်းကနဲ လက် ကနဲ မိုးရွာတော့မည့် နိမိတ်များဖန်ဆင်းနေသည် ကောင်းကင်ကိုမော့ ကြည့်ရင်း ရင်ထဲတွင်တင်းကြပ်ဆို့နစ်နေသည်၊ အသက်ရှုမ၀တော့ သလို တကိုယ်လုံးထုံကျင်ပြီး ခြေဖျုားလက်ဖျားများ အေးစက်လာသည်
ပျော့ခွေယိုင် လဲသွားတော့မည့် ခန္ဓာကိုယ်ကိုသတိနှင့်ထိန်းချုပ်ထားရင်း ၀င်သက်ထွက်သက်ကိုဖြေးဖြေးခြင်းရှူရှိုက်နေရတယ် ပင့်သက်ကို မှုတ်ထုတ်ခေါင်းခါရမ်း လိုက်ပြီး ကောင်းကင်ကိုမော့ကြည့်မိလိုက်သည် ။
မိုးတွေရွာကျလာတာနှင့် အတူ ကျမ၏မျက်ရည်များ မိုးနှုင့် အတူစီးမျောသွားသည်။
ဒါဘ၀ရဲ့နောက်ဆုံး ရင်ထဲမှ ပျောက်ဆုံးသွားတော့မည့် နမိတ်ဘယ်လိုမှ အစားပြန်မရနိုင်တော့တဲ့ နောက်ထပ်မရရှိနိုင်တော့မယ့်ကျွန်မအဖေရဲ့နောက်ဆုံးခရီး
မောင်လေးနဲ့အတူ
အဖေရှိရာကိုခရီးနှင်လို့ သမီးလေးလို့မခေါ်နိုင်တဲ့အဖေ့ရဲ့ရုပ်ခန္ဓာတည်ရှိရာ နယ်ဒေသလေးကိုမောင်လေးမောင်းနှင်နေသော ကားပေါ် စီးနင်းလိုက်ပါရင်း မျက်ရည်မိုးနှင့်အတူ အပြိုင်ကျနေမိပါတယ် ငယ်ဘ၀အဖေနှင့်အတူ နေထိုင်နေသည့်ပုံရိပ်များကိုပြန်မြင်ရောင်နေမိရင်း ထိန်းထားသည့်ကြားမှ စီးကြလာသည့် မျက်ရည်ကိုခပ်ကြမ်းကြမ်းပွတ်သုတ်နေမိရင်း အဖေကိုသတိရနေမိသည်
သေဆုံးသွားပြီဖြစ်သော အမေနှင့်အဖေ... အစားပြန်မရနိုင်သည့် အမေနှင့် အဖေ လွမ်းလိုက်တာ စစ်သားကြီးအဖေ စည်းကမ်းရှိသောအဖေ ပျင်းလာလျှင် ဂစ်တာတီးပြ သီချင်းဆိုပြသည့်အဖေ ကဗျာလေးတွေစပ်ပြသည့်အဖေ အလိုလိုက်အကြိုက်ဆောင်တာ သမီးကို ဖျက်နေတာနင့်အမေပေါ့ဟုပြောတတ်သည့်အဖေ
ဟိုနေရာစပ်စပ်ဒီနေရာစပ်စပ် ပါတတ်လွန်းသည့်သမီးကိုနောက်နားမှ နေ၍လိုက်ချောင်းနေတတ်သည့်အဖေ
ကျောင်းရောက်သည့်အထိချောင်းကြည့်တတ်သည့်အဖေ အိမ်ရှေ့ကောင်လေးတွေဖြတ်သွားလျှင် သမီးဖြစ်သူကိုလှည့်ကြည့်တတ်သည့်အဖေ သမီးကိုဘာလို့ကြည့်တာလဲမေးတော့ မျက်စေ့ကစားလားမကစားဘူးလား မျက်လုံးတည်ငြိမ်မှုရှိလားကြည့်တာတဲ့ ကောင်လေးတွေအိမ်ရှေ့ မှ အနီးနားကဖြတ်သွားရင် မိန်းမလေးဆိုတာ တည်ငြိမ်မှုရှိရတယ်တဲ့ လိုက်မကြည့်ရဘူးဟုပြောဆိုဆုံးမတတ်သည့်အဖေ ညအိပ်မပျော်လို့ သမီးကို သီချင်းဆိုပြပါ အဖေရာနားထောင်ချင်တယ်ဟုပြောလျှင် မှုန်ရွှေရည်ခိုင်မာလာနှင်းဆီ ဟုစတင်၍ဂစ်တာနှင့်တီးဆိုတော့ တစ်ခြားသီချင်းပြောင်းပါ အဖေရာဟုဆိုလျှင်
ယိမ်းနွဲပေါ့ ပန်းရွှေညာတံဝတ်ရည်ချူမဲ့သူပေါသည် ရနံ့ သင်းတဲ့ပန်းလေးကို မနမ်းသေးခင်အလှမ်းဝေးအောင်ထိမ်းသိမ်းရမည်.... ဆိုပြီးဂစ်တာနှင့်တီးပြတတ်သည့်အဖေ သမီးလိုက်ဆိုသောအခါကြည်နူးပျော်ရွှင်နေသောမျက်နှာနှင့် အတူတူဆိုတီးပြီး သီချင်းလေးနှင့်ချော့မော့ဆုံးမ တတ်သည့်အဖေ အမျိုးသားများရှေ့တွင် အပြုအမူအနေထိုင် အပြော အဆိုကအစ သွန်သင်ခဲ့သည့်အဖေ အဖေမဆုံးခင်တစ်ခေါက် အဖေထံရောက်တော့လည်း ဗိုလ်ချုပ် အတွက်အမှတ်တရ ၁၉ဂျူလိုင် ကဗျာလေးစပ်ပေးပါ အဖေဟု ပြောတော့ နေမကောင်းသည့် ကြားမှ ၀ါသနာပိုးတားမရဆိုသလို အိပ်သောနေရာမှိန်းနေရာမှထထိုင်ပြီး စကားတွေပြော ကဗျာလေးစပ်ပေးသည့်အဖေ အမှန်တကယ်တော့ အဖေ့ရေးသောကဗျာလေးကို အဖေနောက်ဆုံးအချိန်ရောက်လာပြီဆိုတာသိသည့် အနေအထားမို့ အမှတ်တရသိမ်းချင်သည့် ဆန္ဒကြောင့် ရေးခိုင်းခဲ့မိတာပါ အဖေရယ်........
ကင်ဆာဝေဒနာရှင်အဖေနှင့် ဆေးခန်းကိုတူတူသွားပြပြီး ပြန်လာတော့ သမီးရေအဖေ့ကို ဆရာဝန်ကဘာပြောသေးလဲဟုမေးသည့်အခါမှာ လှည့်ပတ်ပြောနေလျှင် အဖေ စိတ်နှလုံးသား မထားတတ်မှာစိုးသောကြောင့် အဖေရယ်ဆရာဝန်ကတော့ သက်သာလာတယ်ပြောတာပေါ့ မသက်သာဘူး သက်သာတယ်ဆိုတာ အဖေကိုယ့်ဘာသာအဖေသိရဲ့သားနဲ့ သူသေချင်တဲ့အချိန်သေမှာပေါ့ သေတတ်အောင်သာ အဖေအိပ်ရာထဲမှာ အားတဲ့အချိန် တရားလေးမှတ်နေ ၀င်သတိ ထွက်သတိလေးကြည့်ပေါ့ အဖေရယ်ဟုပြောနေရပေမဲ့ စိတ်ထဲမှာဘယ်လိုမှမကောင်း အဖေရှေ့သာဟန်လုပ်နေမိရတယ် သမီးလေအဖေ့ ကွယ်ရာမှာ ဘယ်လိုမှ စိတ်မကောင်းနိုင်ခုတော့အဖေ့ရဲ့ဝင်သက်ထွက်သက်ချုပ်ငြိမ်းသွားပြီဖြစ်သော
နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ရင်း ပြန်လာခဲ့ရပါတယ်................
ခုတော့ မ..မ တစ်ချိန်တစ်ခါက ဘယ်လိုမှပြန်မရနိုင်တော့သည့် အဖေနှင့် တူတူနေထိုင်ချိန်မှာသူငယ်ချင်းလို တစ်မျိုး အဖေလို တစ်မျိုး သမီးကိုဆုံးမခဲ့သည့်
အဖေကို လွမ်းနေမိပါတယ်............
အဖေကိုသတိရတိုင်း အဖေဆိုပြနေကြ သီချင်းလေးတွေကို ဆိုညည်းနေမိရင်း ၀ဲတက်လာတဲ့ မျက်ရည်စကို တားစီးထားရတာ ငိုချလိုက်တာထက်ကို ပိုပင်ပန်းပါတယ် အဖေရယ် သမီးသတိရနေပါတယ်.............
အဖေကို သတိရ တမ်းတလွမ်းဆွတ်စွာနှင့် ထိန်းထားသည့်ကြားမှ ကျဆင်းနေသည့် မျက်ရည်များနှင့်အတူ အဖေများနေ့ကို အဖေ့ကို အမှတ်တရ ရေးခဲ့မိတာပါ အဖေကိုချစ်တဲ့သမီး..........................
♥♥ဒို့ရဲ့ဗိုလ်ချုပ်♥♥
က၀ိပညာ ရှိသောခါဝယ်
ဘယ်သောခါမှ စဉ်လာမမှား
တွေးသစ်များနှင့် ကိုယ်ကျိုးမဖက်
တိုင်းပြည်အတွက်
မလွဲမလျော် လမ်းကြောင်းမှန်စွာ
ဖြောင့်ဖြောင့်သွားသည်
ဒို့ရဲ့ဗိုလ်ချုပ်
စွမ်းရည်တကား။.......
ဖေဖေနဲ့မ..မ
ဖေဖေကိုအမှတ်တရဖြစ်အောင်တူတူရေးထားတာပါ။
♥♥အဆုံးမဲ့ပေးဆပ်ခြင်း(ဖေဖေ)အမှတ်တရ♥♥
ဖေဖေဆုံးသွားပြီ........
ရှေ့ကသွားတော့..
နောက်ကလိုက်ရမှာ သေရွာကမ္ဘာ..
ငါရောက်နေတာ..
အဆုံးမဲ့ပေးဆပ်ခြင်းနဲ့ ချစ်ကြင်နာတာ..
မေမေ..ဖေ.ဖေ..
မရှိတော့ပါ..
မမကမ္ဘာ....ကမ္ဘာမပြိုငါငိုနေတယ်....
မိဘမေတ္တာ ဖြေစရာမရှိ...
ရင်ထဲမှာ ဝေဒနာအတိ..
မေမေ..ဖေဖေ..
ပျောက်ကွယ်ချိန်မှာ..
ရင်ထဲမှာငရဲမီးလောင်တာ..
ဖေဖေသေဆုံး..
တိမ်တွေဖုံးပေါ့.....
တိမ်တိုက်မပြို...မိုးတွေငိုတယ်..
ကြယ်လပျောက်တော့
မိုးမင်းညိုရိပ်ဆင်နေတယ်
ကောင်းကင်မှောင်တွင်း
လျှပ်ရောင်ဝင်း
ရင်ထဲတိုက်ပွဲဝင်နေတယ်။
စိတ်သဏ္ဍန်မှောက်မှား
အာရုံနောက်သွား
သိကြားမင်းနောက်ပြောင်စနေတယ်။
လမင်းအမိ
ကြယ်တာရာတွေခြံရံလှပ
နေမင်းအဖ
နွေးထွေးခြင်းတွေနဲ့
ပေးဆပ်
ကောင်းကင်ထက်မှာရှိနေတယ်။
♥♥ငါ့ကောင်းကင်♥♥
ညနက်နက်..
သန်းခေါင်ယံအချိန်
တိမ်ဖြူတိမ်မည်း မင်းမူနေတယ်
စိမ့်အေးနေတဲ့လေ ဝေ့၀ှိုက်ပွတ်တိုက်
တစ်ကိုယ်လုံး အေးစက်နေချိန်
နှလုံးသား လှိုင်းထန်နေတယ်
ဦးနှောက်ကို ခဏဖွင့်ကြည့်တာ
ဗြောင်ကျကျ စက္ကူတရွက်ကို
မြင်နေတယ်
ငါ့ကောင်းကင်
ကြယ် နဲ့ လ ပျောက်ချိန်
ဟော..............
တိမ်တွေ ငိုနေပြီ
~~~~~~~~~~~မ..မ.~~~~~~~~~~~~
အဖေ့ကို သတိရနေတယ်၊
သမီး ငို နေတယ် အဖေ။................?ီ i ?ီ
ကမ်းကုန်အောင် ဆိုးတဲ့သမီး
.http://yinminkhine.multiply.com/journal/item/270
မျှော်လင့်ခြင်းအိမ်မက် အလွမ်းလေးတွေ
မြင်ကြည့်တတ်ရင်သိလိုက်နော်
ဒီဇင်ဘာလရောက်ခဲ့ရင်
♥မ..မ♥ဒီနေရာလေးကစောင့်မျှော်နေပါ့မယ်
http://yinminkhine.blogspot.com/