အခု တင်ပြမဲ့ အကြောင်းအရာကတော့ Gmail ထဲက လုပ်ဆောင်စရာ အချက်အလက်လေးတွေပါ ။
ဒီအချက်လေးတွေကတော့ လုပ်ဆောင်ရတာ အင်မတန်မှ လွယ်ကူပြီး
အသုံးပြုရတာလည်း ပိုမို ကောင်းမွန်စေပါတယ် ။ ဒီ Features တွေကို ဟိုးးး
အရင်ကတည်းက google က ပေါင်းထည့် ပေးထားတာ ဖြစ်လို့ လုပ်ဆောင်ထားကြတဲ့
သူတွေလည်း တော်တော်များများ ရှိမှာပါ ။ အခုမှ Internet ကို စတင်ပြီး ထိတွေ
့မဲ့ သူငယ်ချင်းတွေ ၊ မလုပ်ဆောင်ရသေးတဲ့ သူငယ်ချင်းတွေ အတွက်ကို
ရည်ရွယ်ပြီး ရေးသားရခြင်း ဖြစ်ပါတယ် ။ သိပြီးသား
ဆိုလည်း သည်းခံပြီး မသိတာလေးတွေ ထပ်ပြီး ယူမယ်ဆိုတဲ့ စိတ်နဲ
့ဖတ်ကြည့်လိုက်ကြပါဦး ။
အဲ့ဒါဆို ကျွန်တော်တို့ အရင် ဆုံး လုပ်ရမဲ့ အလုပ်က gmail ထဲကို ၀င်လိုက်ပါ ။ ပြီးရင် Settings ထဲကို သွားပါမယ် ။
တစ်ချို့ Feature တွေကတူမှာ မဟုတ်ပါဘူး ။
အဲ့ဒါဆို ကျွန်တော်တို့ အရင်ဆုံးလုပ်ရမှာက General ဆိုတဲ့ tab မှာပါ ။ အဲ့မှာ စပြီး လုပ်ဆောင်လို့ ရတဲ့ Feature လေးကို ပြောပါမယ် ။
ကျွန်တော်တို့ ရဲ့ မေးလ်တွေထဲကို သူငယ်ချင်းတွေဆီက မေးလ်တွေ တစ်ခါတစ်ခါ
ရောက်ရောက်လာတတ်ပါတယ် ။ ဒီမေးလ် ပို့ တဲ့ အတွက် ကျေးဇူးတင်ရှိပါကြောင်းတို
့ဘာတို့ .. ။ ချက်ခြင်း ပို့ လိုက်တာနဲ့ ချက်ခြင်း ပြန်ရောက်လာတာမျိုးပါ ။
အဲ့အတွက်ကို အဲ့မှာ လုပ်ဆောင်ပေးလို့ ရပါတယ် ။ တကယ်တော့ အဲ့ Feature လေးဟာ
အဲ့လိုစာမျိုးတွေ ရေးသား ဖို့ အတွက် ထည့်ပေးထားတာ မဟုတ်ပါဘူး ။ အဓိက က တကယ်
အရေးတကြီး သွားစရာ လာစရာ ရှိတဲ့ အချိန် မျိုး ၊ အင်တာနက် မသုံးနိုင်တဲ့
အချိန်မျိုးတွေအတွက် alert တစ်ခု ထားခဲ့ဖို့ ထည့်ပေးထားတာပါ ။ ဥပမာ -
စာမေးပွဲ ဖြေစရာ ရှိလို့ အင်တာနက် မသုံးနိုင်တဲ့ အချိန်မှာ
အဲ့ကောင်လေးကို On ပြီး စာချန်ထားခဲ့ပါတယ် ။ စာမေးပွဲ ဖြေစရာ ရှိလို
့အွန်လိုင်းမ တက်နိုင်ပါ .. ဘာညာသာရကာ ပေါ့ ... ။ သူ့ ဟာသူ ကိုယ့်ဆီ
မေးလ်ပို့ တဲ့ သူတွေကို auto reply ပြန်ပေးနေပါလိမ့်မယ် ။ အရင်တုန်းက On
ရယ် Off ရယ် ဆိုပြီး နှစ်ခုပဲ ပါပေမဲ့ အခု နောက်ပိုင်း On , Off နဲ့  Start
Date , End Date ပါ ထည့်ပေးထားတာကြောင့် တော်တော်လေးကို အဆင်ပြေနေပါပြီ ။
လုပ်ရမှာက ဒီလိုလေးပါ ။ General ဆိုတဲ့ tab လေးမှာ အောက်နည်းနည်း
ဆင်းလိုက်ရင် တွေ့ ပါလိမ့်မယ် ။
အဲ့မှာ On ဆိုတာလေးကို ရွေးပေးပြီးရင် Subject နဲ့  Message နေရာမှာ ကိုယ်
reply ပြန်ချင်တဲ့ အကြောင်းအရာကိုထည့် ဘယ်နေ့ ကနေ ဘယ်နေ့ အထိ ပို
့မယ်ဆိုတာကို ရွေးပေးလိုက်တာနဲ့ အဆင်ပြေပါပြီ ။ ဒါပေမဲ့ သူ့ မှာ လည်း
မကောင်းတဲ့ အချက်တော့ ရှိပါတယ် ။ ဘာလဲ ဆိုတော့ Sent Mail ထဲမှာ အဲ့မေးလ်တွေ
အများကြီး သွားရှုပ်နေပါလိမ့်မယ် ။ ဒါပေမဲ့ ကိစ္စတော့ သိပ်မရှိပါဘူး ။
အဲ့လောက်နဲ့ ဆိုရင်တော့ အဆင်ပြေပါတယ် ။