Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878
ကျနော်နှင့်ကိုစံလင်း၏ အရှုပ်တော်ပုံ(ဇတ်သိမ်းပိုင်း)
$
0
0
ကဲကဲကဲ ကိုစံလင်းကို ကျနော်ဒီနေ့ ပဲ အပြီးသတ်လိုက်ပါပြီ.။
ဟာသလေးကို ပြီးဆုံးအောင် ဖတ်ရှုအားပေးကြသောသူငယ်ချင်းများအားလုံးကို
အကိုတွေ မမတွေကို ညီတွေ ညီမတွေကို ပျော်ရွှင်စေလိုသော သဘောသက်သက်ဖြင့်သာလျှင်
ကျနော် ရဲ့ပို့ စ်လေးထဲမှာ ထည့်သွင်းပါဝင် သရုပ်ဆောင်ပေးခဲ့ခြင်းပါ။
ဒီအတွက် အားလုံးသော သူငယ်ချင်းတွေကို ထပ်မံတောင်းပန်လိုက်ပါတယ်။
ကဲ ဒီတော့ နောက်ဆုံး အပိုင်းလေးကို စလိုက်ရအောင်နော်
ကိုစံလင်းလည်း supermarketထဲမှာ အဲ့သည်လိုနဲ့ ဖြစ်ခဲ့ ပါတယ်ဗျာ
မြင်ယောင်ပြီးကြပြီလို့ ထင်ပါတယ်နော်။
ကျနော်တို့ လည်း ပြန်လာခဲ့ တယ်ပေါ့ အိမ်ရောက်တော့ ကိုစံလင်းလည်း ခေါင်းမဖော်သာတော့ပါ။
ကျနော်တို့ လည်း သင်တန်းတွေ ပြီးလို့  ပြန်ကြမယ်လုပ်တော့ ကိုစံလင်းက
ပြင်ဦးလွင်ဘက်မှာ သူ့  အဘကြီးအိမ်းရှိတယ်တဲ့ အဲ့ကို အလည်သွားကြမယ်ပြောတယ်။
မန္တလေးနဲ့ ပြင်ဦးလွင်က သိပ်မဝေးတော့ ကျနော်တို့ ကလည်း သိပ်ငြင်းရှာကြတာ
သွားကြတာပေါ့လို့  တစ်ခါတည်းပြောလိုက်တယ်လေ။ ကျနော်တို့ နောက်နေ့ မနက်မှာပဲ
အဲ့ ဒီရွာလေးကိုသွားကြတာပေါ့ဗျာ ရွာလေးက အဝင်မှာကိုပဲ တော်တော်လေး ကြည်နူးဖို့ ကောင်နေပြီဗျ။
ရွာထိပ်မှာက ညောင်ပင်အကြီးကြီး ရှိတယ်ဗျ အင်း ရွာအဝင်မြေနီလမ်းလေးကလည်း ဖြောင်ဖြူးလို့ 
ရွာခြေထိ လှမ်းမြင်နေရတာလေ။ ဘေးဘီယဲယာမှာလည်း ပန်းခင်လေးတွေ စီလို့  လေပအဝေ့ မှာဆို ရင်ထဲ
ဆွတ်ပျံ့ ကြည်နူးလန်းဆန်းနေတာပဲ။ ဟဲဟဲ နဲနဲတော့ဆန်းတယ်ဗျ ကျနော်တို့ 
လမ်းကြုံလိုက်လာတာက ကားတော့ကားပဲ ပန်းခင်းကပြန်လာတဲ့ ရွာထဲက ကာလသားခေါင်း
လူပျိုကြီး ဦးပဇင်းထွက် ရွာထဲကတော့ ဦးပဇင်းလို့ ပဲခ်ါကြတာလေ။
သူ့ ရဲ့ထော်လာကြည်လေးနဲ့ လိုက်လာကြတာဗျ ။ကိုစံလင်းနဲ့ ကတော့သိာကတာပေါ့ဗျာ။
ကျနော်တို့ ကိုလည်း ခင်ပါတယ်။သူ့ ပုံစံကတော့ မျက်နှာမှာ သနပ်ခါးကို ဘဲကြားလူးထားတတ်တယ်၊
ဝမ်းဗိုက်က ခပ်ပူပူ ပုဆိုးကို ချပ်ပြုတ်ဝတ်တယ်။ နှဖူးကပြောင်ပြောင် တော်ဂေါ်လီစတိုင်ပေါ့ဗျာ။
ထော်လာကြည်ရယ် သူ့ ပုံစံရယ်ပေါင်းလိုက်ရင်တော့ စိုင်းစိုင်းရဲ့ တော်ဂေါ်လီမှာ ပါဝင်သရုပ်ဆောင်လို့ ရတယ်ဗျ။
ရွာထဲကကောင်မလေးတွေကလည်း လူပျိုကြီးကို အော်ကြောလန်နေတာလေ
အသားကလည်းခပ်မဲမဲရယ်ကိုဗျ ။ဒီလိုနဲ့ ကိုစံ့လင်းရဲ့ဘကြီးအိမ်ကိုရောက်လာတော့တာပေါ့။
ဟိုရောက်တော့ ကိုစံလင်းဘကြီးကလည်း သဘောမနောကကောင်းသလားမမေးနဲ့ ဗျာ
ခရီဦးကြိုပုံမှာ မြန်မာပီသပါပေတယ်။
လာကြာလာကြဟေ့ ငစံလင်းတို့ ရောက်လာကြပြီဟ
ရေနွေးကြမ်းလေး အမောပြေသောက်ရအောင်လာချပေးကြစမ်း
လဘက်သုပ်လေးပါယူလာခဲ့
ပြင်ဦးလွင်ဘက်ဆိုတော့ လဘက်ကကောင်းမှကောင်း နူးညံ့နေတာပဲ
ကျနော်တို့ လည်း ဆာဆာနဲ့  ပြောလိုက်သောက်လိုက်လုပ်လိုက်တာ
အကြမ်းအိုး ဘယ်နှလုံးကုန်သွားသည်မသိလိုက်မိပါ။
အဘကနားတော့လေကွာ အေးဆေးဆိုမှ ကျနော်တို့ လည်းထကြတော့သည်း။
နောက်ရက်ရောက်တော့ လူပျိုကြီးကာလသားခေါင်းကကျနော်တို့ ကို ရွာထဲလိုက်ပြတယ်ဗျ
ဟိုလျှောက်သည်လျှောက် တေောင်ရောက်မြောက်ရောက်ပေါ့။ကျနော်ကလည်း
ဒီလိုလျှောက်ရမယ်ဆိုလာထားလေ ကမ္ဘာပတ်ရမလားဆိုတဲ့ကောင်လေဗျာ။
လမ်းခုလတ်တစ်ခုရောက်တော့ ဦးပဇင်းက ရွာရဲ့ ကွမ်းတောင်းကိုင် ပန်တောင်းကိုင် အဲဟုတ်ပါဘူး
ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်လို့ တော့ပြောတာပဲ ကျနော့မျက်လုံးထဲမှာတော့
ဘိုးသိုးဘပ်သပ် ဖိုးလိုးဖပ်လပ်ကိုနေသွားတာပဲ အတော်မှဆို အတော်လှသဗျာ။
ကျနော်အထင်ပြောတာနော်
၇င်ဖုံးအင်္ကျီလေးကို ဝတ် ဟိုဲးကြည့်ကောင်းလားတော့မမေးနဲ့ 
ကိုစံလင်းဆွဲလို့ ပါလာရတယ် ကျနော့မျက်လုံးနဲ့ နှာခေါင်းကတော့ အဲ့ဒီကောင်မလေးနောက်ပါသွာလားမှတ်ရတယ်ဗျ။
ကျနော်လည်းဘယ်ရမလည်း ဇကမနေဘူးလူကနေတယ်ဆိုသလို
နွာသိုးကို နှာဖားကြိုးလွတ်သလို နောက်ရက်တွေမှာ သူရှိတဲ့နေရာတွေသွားတယ်
ကိုစံလင်းကလည်းလိုက်ပေးတယ် သူနဲ့ခင်အောင်လုပ်တယ်
ခင်လာတော့နာမည်လေးကို အ၇ဲစွန့် ကာမေးလိုက်တယ်ဗျ
ဟိတ်နင့် နာမည်ကဘယ်လိုခေါ်လဲပေါ့ ။သူကလည်းမရိုင်းပါ ယဉ်ကျေးစွာပဲ ပြန်ပြောသည်။
ကျမနာမည်က စီစီပါတဲ့ ဟုတ်ပါသည် အလှပတို့ စီကာရီကာထားသလားမှတ်ရသည်။
ကျနော်လည်း ခင်မင်မှုလေးရလာတော့ န၈ိုကမှ ကြိုက်ချင်ချင်ကိုဗျ
လူပျိုလက်ဝက်မီးတဲ့လေ လက်နှေးရင်ခွက်ဆေးရမယ် နောက်ကျရင်အပေါက်ဝဆိုတာ
ခုလိုအင်တာနက်ခေတ်ကလူငယ်တိုင်းသိထားပြီးသားလေ။
ကျနော်လည် အချိန်မဆွဲ ပါ နောက်ရက်ရောက်တော့  စီစီလေးကို ကျနော် ဖွင့်ပြောပါသည်။
သူကလည်းမမြန်လွန်းဘူးလားရှင်တဲ့ ခုပဲခင်တာခုပဲရည်းစား စကားပြောတာကျမကို အထင်သေးတာလားပေါ့
ကျနော်ကလည်း စီကာပတ်ကာသူသဘောကျအောင် ပြောရပါသည်။
အင်းသူလည်း ခေတ်လူငယ်မို့နားလည်လွယ်သည်။ ကျနော်ကလည်း အတည်ကြံတာပါ။
အပျော်မဟုတ်ပါဘူး အဲတော့ကောင်မလေးကလည်း ကျနော့်ကို စဉ်းစားမယ်ဘာညာသာဓကာပေါ့ဗျာ
နောက်ရက်ရောက်တော့ သူကပြောတယ်ဗျ ဒီညသူ့ အိမ်သိုလာခဲ့ရင် အဖြေပေးမယ်တဲ့။
ကျနော်ကလည်း သတ္တိကအပြည့် အချစ်အတွက်လေ အချစ်ရှိသူတိုင်းသိမှာပါ။
ကျနော်လည်းည ၁၀နာခွဲလောက်တော့ သွားတာပေါ့
တစ်ယောက်တည်းပဲသွားတယ် အဖော်ပါရင်ပြေးရတာမလွယ်ဘူးလေ။
ဟုတ်တ.်နော် အကိုတို့ ညီတို့ 
ရောက်တော့ အသံပြုရတယ် ခွေးအူတာမဟုတ်တော့ဘူးဗျ။
ဂျိုးကူသံလေးပေးလိုက်တယ်
ပေးလည်းပြီးရော မကြာပါဘူး ကောင်မလေးအဖေကြီးထွက်လာတယ်
ကျနော်လည်းပြေပုံးစရာနေရာရှာတာပေါ့
ဟိုက်ပီပါ (ဆီတိုင်ကီ)တစ်လုံးတွေ့ တယ် အပိုင်ဆိုပြီး အသာလေးဝင်လိုက်တာ
အထဲရောက်တော့ ရေန့စိမ်းတွေထည့်ထားတာ ညဆိုတော့ဘာမှ မမြင်ရဘူးလေ
ဟာမထူးပါဘူးကွာဆိုပြီး ငြိမ်နေရတယ် ကောင်မလေးအဖေလည်း ဟိုကြည့်ဒီကြ ည့်လုပ်လိုက်ပြီးပြန်ဝင်မယ်လုပ်
ကောင်မလေးရောက်လာတာ် သူကလည်း ကျနော်ပြဿနာ တက်မှာစီုးလို့ ထင်တယ်ထွက်လာတာ
အပြင်ရောက်တော့ ကျနေည့ကို မတွေမှ သူလည်း အိမ်သာတက်ချင်တယ်လို့ ပြေကာ နေခဲ့သည်။
ကောင်မလေးအဖေလည်း အိပ်ချင်နေသည်ထင်၏ ပြန်ဝင်သွားသည်။
ကျနော်လည်းအဲ့ တော့မှထကာကောင်မလေးကို အသံပြုလိုက်သည်။
ကျနော်ကိုမြင်တော့ သရဲမီတ်လို့ ကောင်မလေး အော်လိုက်တာ အသံကထင်သလောက်မကျယ်လို့ တော်သေး
သရဲထင်မှာပေါ့ဗျ ကျေန်ာတစ်ကိုယ်လုံး ရေနံတွေလုးနေတာလေ
ပြီးတော့မှကောင်မလေးကို သေချားခေါ်မှကောင်မလေးကျနော်မှန်း သိသွားတယ်
မျက်လုံပြူးလေးနဲ့ ဘယ်လိုဖြစ်တာလဲတဲ့ 
ကျနော်လည် မင်းအဖေလာလို့ နီးရာဝင်ပုံန်းလိုက်တာ ညဆိုတော့ဘာမှ မရှိဘူးထင်တာ ခုလိုဖြစ်သွားတာပဲ
ကောင်မလေးလည်းအတော် စိတ်လေသွားပုံရသည်။
ထိုအချိန်မှာပဲကောင်မလေးအမေး တဝါးဝါးသမ်းကာ ထလာတော့သည်။
ကျနော်တို့ လာ်းပျာယာခတိသွားသည်။
ကောင်မလေးကလည်း လောလောနဲ့ ပစ္စည်းဟောင်းတွေထားတဲ့အခန်းထဲကို ကျနော့ကိုပြေးဝင်ခိုင်းသည်။
ကျနော်ကလည်းသူပြောတဲ့ အခန်ထဲဝင်သွားတာပေါ့ စမ်းတမ်းတမမ်းနဲ့ 
ရွာအိမ်တွေဆိုတော့သိတဲ့အတိုင်းပဲ ပစ္စည်းတွေကို အိမ်အောက်မှာပဲထားကြတာလေ။
ကောင်မလေးအမေးကလည်း သူ့ သမီးအိမ်သာတက်နေတယ် သူ့ အဖေကလိုက်သွားဦးဆိုလို့ ထလာတာတဲ့
အိပ်ချင်စိတ်ပမပြေသေး။ ကျနောကလည်း အထဲမှာတရွေ့ ရွေ့ သွားရင်းက ထုတ်တန်းပေါ်မှာတင်ထားတဲ့ လဲမွေးတောင်းက ကျနော့ပေါ်
ပြုတ်ကျပါတော့သည်။ နဂိုကရေနံရယ်ခုလဲမွေးတွေကကျတော့ အဖြူတွေကပ်ကုန်တာပေါ့။
ကောင်မလေးအမေကလည်း အသံကြားတော့ အထဲ ဝင်ကြည့်တာပေါ့။
အဲ့ဒိမှာဖြူဖြူမည်းမည်းနဲ့ ကျနော်ကိုမြင်တော့ ကောင်မလေးအမေ
သရဲအမှတ်နဲ့  မေ့လဲသွားတုန်း ကျနော်လည်း ဖြူလုံးလုံးပြောရမလား မည်းလုံးလုံးပြောရမလား
အဲ့ပုံစံနဲ့ လစ်ထွက်ကာပြေးခဲ့ရတော့သည်။
ထိုကြောင့် ကျနော့ အချစ်ကို လည်း မရရှိခဲ့ပါ။
ကောင်မလေးသည်လည်း ပပေးတော့ပါ အလွတြေါကြောင့် အချစ်တွေဆုံးရှုံးရတတ်ပါသည်။
တကယ်ချစ်သောသူများ ကျနော်လို မလွဲကြပါစေနှင့်ဗျာ။
ပျော်ရွှင်ကြပါစေ။
လေးစားလျှက်
ရင်ခုန်ရသူ(စံလွန်းတင်)
Viewing all articles
Browse latest Browse all 9878
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>