လင်နဲ့မယား လျှာနဲ့သွားလို့ ဆိုထုံးရှိတာနဲ့အညီ ရန်ဖြစ်ကြတယ်၊ပူးကပ်နေကြတဲ့လျှာနဲ့သွားကို ကိုက်မိသလိုအမြဲတွဲယှဉ်ပူးကပ်နေတဲ့
ဖြစ်ကြတာပါပဲ။စိတ်နေစိတ်ထားညံ့ ရင်အသေးအဖွဲ့ နဲ့ ရန်ဖြစ်ကြတယ်။တယောက်ယောက်ကသည်းခံတတ်ရင်လဲတော်ရုံတန်ရုံကိစ္စတောင်ရန်မဖြစ်ကြဘူး...။
“အဖေထက်၊အမေထက်၊ဆွေမျိုးတွေထက်ပိုချစ်ရသူရယ်“ဆိုတဲ့ သီချင်းတောင်ရှိသေးတယ်မဟုတ်လား...။ ဘာ ပြုလို့ရန်ဖြစ်ရမှာလဲ...။
အခုဖြစ်တယ်လေ....၊
အဓိကအကြောင်းကတော့စားရေးနေရေးဖြစ်မှာပါ၊စကားများရင်းနဲ့ မခံချင်စိတ်ဝင်လာတယ်။ဒေါသပါလာတယ်၊နိုင်အောင်ပြောချင်စိတ်၊နာကြည်းအောင် ပြောချင်စိတ်တွေလွှမ်းလာတယ်။အဲဒါကြောင့်မယားက
ဟောဒီလို......“အောင်မလေး...၊မနေချင်ဆင်းသွား.မနေချင်ဆင်းပြောရအောင်“နင့်တဲ့ကိုများ ရွှေနန်းတော်မှတ်နေသလား၊သုသာန်ဇရပ်ပျက်လောက်မှ မသားနားပဲ”လို့ညေပာတဲ့အခါလင်ကချေပတယ်။“အဲဒါဆိုလဲ ကြွပါ. မြန်မြန်” သွားမယ်...သွားမယ်....၊နင်လိုကောင်မျိုးထက်သာတာတွေ ငါ့ရုပ် ငါ့ရည်နဲ့ ဆယ်ကောင်မကအချိန်မရွေး၇နိုင်တယ်” “ကွယ်လေးရဲ့၊ငါ့ရုပ်ငါ့ရည်တဲ့ ၊လွဲတယ်မဟုတ်လား၊ချောတယ်မဟုတ်လား၊သရဲပြေးပြီး ဘီလူးငိုမယ့်ရုပ်ကများငါ့ရုပ်ငါ့ရည်တဲ့ကျသကွာ”
လင်မယားထသတ်ကြတယ်၊အိမ်နီးချင်းတွေမှာအူလှန်သည်းလှန်ရယ်နေကြရလို့ ရန်ပွဲကိုဖျန်ဖြေဖို့သတိမရကြဘူး။