(စာချစ်သူမိတ်ဆွေများအား ပုဏ္ဏား(ဘကွန်း ) အထူးပင် တောင်းပန်အပ်ပါသည်။ ကော်နရှင် အခက်အခဲကြောင့် ဆက်တိုက် မတင်နိုင်ခဲ့ပါ။ယခုလည်း ဇာတ် သိမ်းပိုင်းထိ မတင်နိုင်ခဲ့ တာ ခွင့်လွှင့်ပေးပါရန် ကြိုတင်တောင်းပန်လိုက်ရ ပါသည်။နောက် ရက်များကျ မှသာ အပိုင်း-၄ ဇာတ်သိမ်း ကိုင်းကို တင်ပြပေးပါမည်။ကျန်ုပ် စာမူ(ဝတ္ထု တို)ကို အားပေးကြသူများ အားလုံး ကို တောင်းဆိုချင်တာကတော့ ကွန်မက် လေးတော့ ထားခဲ့ စေချင်ပါတယ်။ဒါမှ ကျန်ုပ် ၏အမှားများ လိုအပ်ချက်များကို ပြင်ဆင်နိုင်ပြီး အကောင်းဆုံး ဖြစ်အောင်ကြိုးစားလို့ ရအောင်ပါ။ နာမည် ကြီးချင် လို့ စတိုင်ထွင်ခြင်း မဟုတ်ကြောင်းကိုလဲ သိထားစေချင်ပါတယ်။ကျန်ုပ် ရေးသော စာမူများသည် ဖြစ်ရပ်မှန် များကို သာ အခြေခံ၍ ယနေ့ သိပ္ပံ ပညာနှင့် လုံးဝ အဖြေ ရှာမရနိုင်သော ပုစ္ဆာ များပင် ဖြစ်ပေသည်။ ဆရာကြီး ရွှေဥဒေါင်း လေသံနှင့် ပြောရလျှင်ကား ယုံခြင်ယုံ မယုံ ခြင်နေ ဟုသာ......)
ကျက်ကုန်း(ဖြစ်ရပ်မှန် ဇာတ်လမ်း အပိုင်း-၃)
အမျိုးသမီးကြီးအမည်မှာ ဒေါ်ခင်ရီ ဖြစ်ပြီး အမျိုးသမီးငယ်မှာမူ...စောမာလာ ဖြစ်သည်။ သူကြီးသာ မိတ်မဆက်ပေးပါက ညီအမများလားဟု ထင်မှားစရာ။ခရီး ပန်းလာသော်လည်း ပင်ကို ရုပ်ရည် သန့်ပြန့် လှပြီး ယောက်ကျား ပီသသော ဆရာလေး ကိုထွန်းဝေကို စောမာလာက ရွှင်းရွှင်းစားစား ဆိုက်ကြည့်နေသည်။ဒါကို ရိပ်မိသော သူကြီးက ...........
"ကဲ....သမီး ။ ဧည့်သည်တွေ အိပ်ဖို့ အဘ အခန်းထဲ သွားစီစဉ်လိုက်။အဘ ကတော့ မအိပ်တော့ဘူး။ မနက်ဆွမ်း ချက်မဲ့ သူတွေကို ကြီးကြပ်
ရအုံးမယ်.....။ဧည့်သည်တွေ အတွက် အိပ်ရာပြင်ပြီးရင် ဆွမ်းချက်ဖို့ အိုးခွက် ပန်းကန် တွေ သေချာ စစ်ဆေး....။မပြောင် သေးရင် ရွာသား
ဆွမ်းချက် အဖွဲ့ လာမှ ပြန်ဆေးခိုင်း....သွား..သွား...အော်.....သမီး ....ဧည့်သည်တွေ အတွက် ထမင်းပွဲ တွေပါ အဆင်သင့် လုပ်ထားအုံး
ခရီး ဝေးက လာကြရတာ ...။ ဗိုက်လဲ ဆာလှရောပေါ့....."
ဟု ပညာရှိနည်းသုံးကာ ခိုင်းလိုက်၏။သူကြီး၏ လောကဝတ် ကို မုဆိုကြီးက အားနာဟန်နှင့်(သို့မဟုတ်) မစားလိုဟန် ကြောင့် ထင့်။
"ဟာ......နေပါစေ သူကြီး အားနာလှပါတယ်။ကျုပ်တို့ မစားတော့ပါဘူး......။မြို့မှာ ကတည်းက စားလာခဲ့ပြီပါပြီဗျာ..."
"အော်....ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ .....။ကိုယ်ဆီလာ တဲ့ ဧည့်သည်ပဲ အားရပါးရ ပြုစုပါရစေ ဗျာ...နော့"
ဒီကြားထဲ အလိုက်မသိတတ်လှလွန်းသော ဖိုးထောင်က ........
"ဟာ.......ဘထွေးကလဲ ဗျာ...မြို့ မှာ က နံပြားနဲ့ လက္ဖက် ရည် ပဲ သောက်ခဲ့ ရတာ ခု အာရုံတောင်တက်တော့ မယ် ။တစ်ညလုံး
လျှောက် နေရတာ ဗိုက်ထဲ အော်သံတောင်ထွက်နေပြီ....."
ဖိုးထောင်၏ စကားကို ဦးဘအေးက သဘောကျဟန်ဖြင့် အားရပါးရ ရယ်လိုက်ပြီး.......
" အိမ်း.......တို့တော့သူတောင်သား ဆိုတာ ဒီလိုပဲ ဖြစ်ရမှာပေါ့....ပွင့်ပွင့် လင်းလင်းပဲ ပေါ့....ကဲ...အားလုံး ဘယ်သူမှ မငြင်းကြနဲ့တော့....
စားပြီး မှ အိပ် နော့......."
မုဆိုးကြီးကား ဤမျှ အလိုက်မသိတတ်လွန်းသော ဖိုးထောင်ကို မျက် စောင်းတစ်ချက်ထိုး လိုက်သည်။ဖိုးထောင်ကတော့ ဖက်ပုသွားသည်ငယ် ကြောက်ပေးကိုး။
ဒ်ါခင်ရီ နှင့် စောမာလာမှာ အိမ်နောက်ဖက် သို့ ထွက်သွားကြလေ၏။ စောမာလာမှာ မူ ဆရာလေးကို လှည့်ကြည့် လှည့် ကြည့် လုပ်ကာ ပါသွားလေသည်။သူတို့ ထွက်သွားလေ သည်နှင့် တစ်ပြိုင်နက် ဆရာလေးက သူကြီးကို ......
"သူကြီး........ကျက်ကုန်း ဆိုတာ ဘာလဲ ပြောပြလို့ ရပြီလား...ကျနော် သိပ်သိချင် လို့ပါ....'
သံချောင်းနှင့် ဖိုးထောင် ကပါ ကျက်ကုန်း ဆိုတာ ဘာလဲ သိချင်လှသည်။ မုဆိုးကြီးကတော့ သိချင်သိပေ လိမ့်မည်။သို့ သော် သူက ရွာထဲ နေသည့် သူမဟုတ် ရွာသားများနှင့် လည်းသိပ်မရော။သူက တစ်ကိုယ်ရည် တစ်ကာယ သမား ။အကူညီ လိုလို့ ကတော့ သူတတ်နိုင်သည့် ဖက်က မငြီး မညူ ကူညီသည်။ စကားလည်းနည်းသလို ဒေါသလည်းကြီးတာကြောင့် သံချောင်းတို့ ရွာသားတွေက သူ့ကို ရွာသူကြီး ဦးပု ထက် ကြောက်ကြသည် ။ မဆိုင်တာ မေးလို့ ကတော့ ဘုဘောက်ပြော လွှတ် တတ် သည်။ တောတောင် ဗဟု သုတ မေးလို့ လုံးဝမရ ။မင်းနဲ့ ဘာဆိုင်လဲ ဟု သာပြန်ပြောတတ်သည်။ ယခုလို ပြောပြပေး မယ့် လူရှိတုံး သိချင်လှ သည်။သူတို့ ကလည်း ကျက်ကုန်းဆိုတာ ကြားသာကြားဖူးသည် ။ သေချာမသိ သူများသာ။ထို့ကြောင့် .....
" ဟုတ်ပါတယ် ...သူကြီးရာ ပြောပြပါ ....ကျနော်တို့ သိချင်လို့ပါဗျာ..."
မုဆိုး ကြီးကတော့ လုံးဝ တိတ်ဆိတ်နေ ကာ အိမ်ထဲ ပတ်လည်ကို သာ အကဲ ခပ် နေပေ၏။သူတို့ စကားဝိုင်းကို စိတ်မရောက်သည့်ပုံ။ဆရာလေး၊သံချောင်းနှင့် ဖိုးထောင်းတို့ ကို သူကြီးက မျက်လုံး တစ်ချက်ဝေ့ ကြည့် လိုက်ကာ ....
" ကောင်းပြီလေ......သိချင်သပ ဆိုလည်း ပြောပြရတာပေါ့..။ဒီလိုကွဲ့ ကျက် ဆိုတာက ရွာလုံးကျွတ် အကြောင်း တစ်ခုခုကြောင့် သေကြပြီး မကျွတ်
လွတ်ကြသေးတဲ့ ပရလောက သားတစ်မျိုးပဲ ကွ....။သူတို့ တွေ နေတဲ့ နေရာကို လဲ ကျက်ကုန်းလို့ ခေါ်ကြတယ်။သူတို့ တွေက လူတွေကို ခြောက်လှန့်
ခြင်း မရှိ ဘူး။သူတို့ ဖာသာ သူတို့ နေလေ့ ရှိကြတယ်။သူတို့ ရွာနား ရောက်လာရင်လည်း ဘာမှ ဒုက္ခ ပပေးတဲ့ အပြင် ကူညီတတ်ကြတယ်..............
သို့ ပေ မယ့် ................"
ဦးဘအေး က စကားကို တစ်ဆက်ထဲ မပြောသေးပဲ သူ့ ရှေ့ ရှိရေ နွေး ခွက်ကလေးကို ကောက်ကိုင် လိုက်ကာ တစ်ကျိုက် မော့ သောက်လိုက်ပြီး သူတို့ မျက်နှာ များ ကို အကဲ ခပ်သလိုတစ်ချက် ကြည့် လိုက်သည်။သူ့စကားကို စိတ်ပါဝင်စားစွာ နားထောင်နေမှန်း သိမှ ဆက်ပြီးပြောသည်။
" သို့ပေမယ့် ........သူတို့အကြောင်းကို သိတဲ့ သူတွေနဲံ့ တောတောင်ထဲမှာ အမှားလုပ် မိတဲ့ သူတွေကိုတော့ သူတို့ တွေက ဒုက္ခပေးတတ်ကြတယ်
..........."
ဆရာလေးက ...
"ဘယ်လို....ဒုက္ခပေးတာလဲ သူကြီး..."
" သြော်......ဒုက္ခ ပေးပုံ ကတော့ အစုံပါပဲ .....။တောတောင်ထဲ လမ်းပျောက်အောင်လုပ်တာတို့ ....၊ဆွေမျိုးသားချင်း ယောင်ဆောင်ပြီး အသားစား တော
ကောင် ကြီးတွေ (ကျား၊ခြင်္သေ၊ဝက်ဝံ) တို့ ရှေ့ ရောက်အောင် တွန်းပို့ တာတို့ ...အစုံစုံ ပဲ....။နောက်ပြီး သူတို့ ဖိတ်ခေါ်လို့ မလိုက်တဲ့ သူတွေကို တော့ ညလုံး
ပေါက် လမ်းဖျောက် ထားတတ် တာကလား.......။သူတို့ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်ကိုလဲ လိုလေးသေးမရှိ ပြုစုတတ်တယ်...."
ဟု....စကားကို လက်စသတ်ပြီး ရေနွေး တစ်ခွက်အသစ်ငှဲ့ ကာ မော့သောက်လိုက်သည်။ထိုစဉ်......အိမ်ရှေ့ အောက်ထပ် ဆီမှလူအချို့ ခေါ်သံထွက်ပေါ်လာ၏
"ဗျို့.......သူကြီး....ကျုပ်တို့ ဆွမ်းချက်အဖွဲ့ ရောက်နေပြီဗျို့ ...."
ဦးဘအေးက .......
" အေးအေး ....လာပြီဟေ့...."
အိမ်ခန်းဘက် သို့ လှည့်ပြီး.......
"ခင်ရီ ရေ.........အောက်မှာ ဆွမ်းချက်အဖွဲ့ ရောက်နေပြီ ဟေ့ .....သွားဝိုင်းကူလိုက် အုံး....သမီး .....ဧည့်သည်တွေ အတွက် ထမင်းပွဲ ပြင်ပြီးပြီ လား"
" ဟုတ်ကဲ့.......အဘ ပြီးပြီ "
"အေးအေး ......ထားခဲ့  အဘပဲ ဧည့်ခံ လိုက်မယ်။သမီးပါ ဆွမ်းချက် အဖွဲ့ ကို သွားကူလိုက် နော့....ဧည့်သည်တွေ စားပြီး အိပ်ရာဝင် မှာ အဘ လာခဲ့မယ်"
" ဟုတ် ကဲ့....အဘ..."
ထို့ နောက် မုဆိုးကြီးတို့ ဘက်လှည့်ကာ.....
"ကဲ .... မုဆိုးကြီးတို့ လာလာ ....ကျုပ်နောက်က လိုက်ခဲ့ကြ ....."
ဟုခေါ်ကာ ရှေ့မှ ဦးဆောင်ခေါ်သွားလေ ၏။ အိမ်နောက်ဖေး ထမင်းစား ခန်းရောက်တော့ ပြင်ဆင်ထားသော ထမင်းပွဲ ကြီးကို ကြည့်ပြီး မုဆိုးကြီးမှ လွဲ၍ ဆရာလေးကိုထွန်းဝေ၊ သံချောင်းနှင့် ဖိုးထောင်တို့ မှာ ပါးစပ်များ ဟောင်းလောင်း ဖြစ်ကာ အံ့ သြ သွားကြလေသည်။မအံ့သြ ရှိရိုးလား.......ပြင်ထားသည့် ထမင်းပွဲမှာ............................
အပိုင်း-၄(ဇာတ်သိမ်းပိုင်း မျှော်)
ပုဏ္ဏား (ဘကွန်း)