Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရက်စက်မှုများကင်းဝေးပါစေ........

$
0
0

ဒီနေ့ အိမ်ကမေမေ့စီကို ဖုန်းဆက်လိုက်တော့ စိတ်မကောင်းစရာသတင်းလေးတစ်ခုကိုကြားသိလိုက်ရပါတယ်

ဂျူးတို့မေမေက ကျောက်ဆည်မှာ ယောင်္ကျားလေးအဆောင်ဖွင့်ထားပါ

အဆောင်ကကျောင်းသားတွေစီ အမြဲတမ်းလာလာလည်တဲ့ကောင်လေးတစ်ယောက်ရှိပါတယ်

အဲ့ကောင်လေးကဒီနှစ်မှ 10 တန်းအောင်ထားတဲ့ အသက်(16)နှစ်ပဲရှိသေးတဲ့ကောင်လေးတစ်ယောက်ပါ

သူကမျက်မှန်တက်ရလို့ ဂျူးတို့ကသူ့ကို မှန်ကြောင်လေးလို့ခေါ်ပါတယ်

အဲ့ကောင်လေးကဂျူးတို့အဆောင်မှာနေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့အတူတူသွားတယ်

ဂိမ်းဆော့ကျတယ် ဂစ်တာသွားတီးလည်းပါတယ် ဘီယာဆိုင်သွားလည်းပါတယ်

မေမေကဆိုဂျူးတို့ကိုခဏခဏပြောပါတယ် မှန်ကြောင်လေးခုမှ 10 တန်းအောင်တယ်

တက္ကသိုလ်ကဟာတွေနဲ့ရောပြီးကဲနေတာတဲ့

အဲ့မှန်ကြောင်လေးကခု 10တန်းအောင်ပြီး ကျောက်ဆည်တက္ကသိုလ်မှာ ဘူမိမေဂျာနဲ့ကျောင်းတက်ရမယ်တဲ့

ကျောင်းတက်ရင်းနဲ့ ကျောင်းနားတောမရွာကသူငယ်ချင်းစီမှာညသွားအိပ်တယ်တဲ့

ည 9 နာရီလောက်ရွာထဲသူငယ်ချင်းတွေနဲ့အပြင်ထွက်တော့ နောက်ကနေကားတစ်စီးကလိုက်တိုက်တယ်တာ

သူရောသူ့သူငယ်ချင်းတွေရောကားနဲ့တိုက်မိပြီးလဲကုန်တယ်

အဲ့မှာမသေသေးဘူးဆိုပြီးနောက်တစ်ကြိမ်ထက်တိုက်တာတဲ့ဗျာ

နှစ်ခါတိုက်တာတောင်မသေတော့ ကားပေါ်ကသုံးလေးယောက်လောက်ဆင်းလာပြီး

ဓားနဲ့ဝိုင်းခုတ်ကျတယ်တဲ့ ကောင်လေးဆိုတာရစရာကိုမရှိဘူးတဲ့

သူနဲ့အတူကားတိုက်ခံရတဲ့ကောင်လေးတွေလည်း မန်းလေးဆေးရုံမှာ အခြေအနေကိုမသိရသေးပါဘူး

အဲ့မှန်ကြောင်လေးကိုတော့ မနက်ဖြန်ညနေသုံးနာရီမှာ သဂြိုလ်မယ်လို့သိရပါတယ်

အခုကိစ္စကိုလူအများပြောနေတာကတော့ လူမှားတယ်လို့လည်းသိရပါတယ်

အညှိုးနဲ့လုပ်တယ်ဆိုတာကလည်းမဖြစ်နိုင်ပါဘူး အဲ့ကောင်လေးဟာပျော်ပျော်နေတက်ပြီး

စတက်နောက်တက်တဲ့ပုံစံလေးပါ  ဂိမ်းဆော့နေရရင်ထမင်းမေ့ဟင်းမေ့ဆော့တက်တယ်

အညှိုးအတေးရှိတယ်လို့လည်းမကြားဘူးပါဘူး ရန်ဖြစ်တယ်ဆိုတာဝေးလာဝေးပါ

 ခုဖြစ်တဲ့ပုံစံက ရန်ဖြစ်ရင်းနဲ့လက်လွန်တာမဟုတ်ပဲ

တမင်သတ်သတ်လိုက်သတ်တဲ့ပုံစံဖြစ်နေပါတယ် အခုချိန်မှာကျောက်ဆည်မြို့မှာတော့ ပွက်လောတွေရိုက်နေပါတယ်

ဥပဒေကင်းမဲ့တဲ့လုပ်ရပ်တွေကိုလွယ်လွယ်ကူကူပဲ ကျူးလွန်နေကျတယ်ဆိုပြီးတော့

ခုချိန်ထိလည်းဘယ်သူမှန်းစုံးစမ်းလို့မရသေးပါဘူး တိုက်တဲ့ကားကဂျစ်ကားလို့သိရပါတယ်

ခုချိန်ထိတော့ ရဲအရာ၇ှိတွေစုံးစမ်းဆဲပဲဖြစ်ပါတယ်

ကိုယ့်သားကိုယ်သမီးတွေကို  တစ်ယောက်တည်းအဆောင်ထားပြီးတော့ ကျောင်းထားရတဲ့မိဘတွေဘယ်လောက်များစိတ်ပူနေမလဲ

သေသွားတဲ့ကောင်လေးရဲ့မိဘတွေ ဖြေမဆည်နိုင်ပဲဖြစ်နေကျပါတယ်

ကောင်လေးခင်ဗျာသေတာတောင် ကံဆိုးရပါတယ်

အလောင်းဆိုရင်ရစရာကိုမရှိဘူးလို့သိရပါတယ်

လူမဆန်တဲ့ကောင်တစ်စုရဲ့လုပ်ရပ်ကြောင့်

ခုမှလူ့လောကထဲစ၀င်မယ့်ကလေးလေးခင်ဗျာ အသက်ဆုံးရှုံးရပါတယ်

အဲ့လိုသတ်ဖြတ်မှုတွေ ဂျူးတို့မသိတာတွေ ဘယ်နှစ်ခုများရှိအုံးမလဲ

နောက်ရောဘယ်လိုတွေဖြစ်အုံးမလဲ ဒီပို့လေးကိုရေးရင်းနဲ့

မောင်လေးတစ်ယောက်လိုခင်မင်နေတဲ့ မှန်ကြောင်လေးကို အမျှပေးဝေလိုက်ပါတယ်

မောင်လေးမှန်ကြောင်ရေ ကောင်းရာသုဂတိလားပါစေ........

ဘ၀အဆက်ဆက်ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ပါစေနဲ့...............

မောင်လေးကိုသတ်တဲ့သူတွေကိုလည်း အမြန်ဆုံးဖော်ထုတ်နိုင်ပါစေ...........

မောင်လေးရေ အမျှ..........အမျှ................အမျှ............

ရက်စက်မှုတွေကင်းဝေးပါစေ

ဂျူးလိယက်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>