သူငယ်ချင်းအားလုံးကိုမင်္ဂလာပါလိုနုတ်ဆက်လိုက်ပါတယ် ……
နှလုံးသားမြို့တော်ကဗျာပြိုင်ပွဲမှာ ဒုတိယဆုရတယ်အတွက် ကျွန်တော်ရွှေမြို့တော်ဆိုဒ်နဲ သူငယ်ချင်း
တွေကိုကျေးဇူးအရမ်းတင်တယ် ဘာလိုလည်းဆိုတော့ ကျွန်တော်ရေးတဲ့ကဗျာတွေ ပိုစ့်တွေကို
ဖတ်ပြီးအားပေးတယ် ကျွန်တော်တို့စားရေးသူတွေရဲ့ ခွန်အားနဲ ပီတိဟာ ဟိုတုံးကတော့ ပရိတ်
သတ်ပေါ့ အခုတော့ ကော့မန်လေးတွေပါ ကဗျာတင်ပြီးတာနဲ ကိုယ်ကဗျာလေးကို ဘယ်သူတွေ
ကဘယ်လိုပြောမယ် ဘယ်လိုအားပေးတယ်ဆိုတာအမြဲမျော်လင့်နေတယ်လေ သူငယ်ချင်းတွေ
အားပေးခဲ့လို အားတွေတက်ပြီး ကဗျာတွေပြန်ရေးဖြစ်ပြီးပြိုင်ပွဲဝင်ဖြစ်တာပါ ကျွန်တော်ကဗျာ ဆ
ရာမဟုတ်သေးပါဘူး ခုမှစပြီးလေ့လားလိုက်စားနေတဲ့ မှုကြိုသာသာဘဲရှိပါသေတယ် ကျွန်တော်
ရဲ့ခံယူချက်က ကိုယ်လုပ်တဲ့အလုပ်ကို အောင်မြင်ရမယ်အစဉ်ပြေအောင်မဖြစ်ဖြစ်တဲ့နည်းနဲလုပ်
မယ် အတိုင်အတာတစ်ခုပေါ့ မဖြစ်နိုင်တဲ့အရာကိုတော့ စိတ်ကူတောင်မယဉ်ဘူး
နောက်တစ်ခုက ကျွန်တော်ရေးတင်ဘူးတဲ့ဘာသာပြန်ပိုစ့်လေး ကောင်းဘွိုင်းလို အောင်မြင်
ချင်ရင်ဆိုတဲ့ပိုစ့်လေးလိုဘဲ ကောင်းဘွိုင်သည် နေ့စဉ်နံနက်တိုင် ငါအောင်မြင်ရမည်ဟု လုပ်ငန်း
စတင်ဝင်ရောက်သည် အခါတိုင် သူ့ရဲ့စိတ်ဓါတ်ကို အမြဲတမ်းမြင့်ထားသည် ။ အဲဒီစိတ်အမြဲမွေး
တယ် တစ်ခါမအောင်မြင် နှစ်ခါ နှစ်ခါမရရင် နောက်ထက်ကြိုးစားမယ် တနေ့နေတော့ အောင်
မြင်မှုရမယ်ဆိုတဲ့စိတ်အမြဲထားတယ် နောက်တစ်ခုကကိုယ်အတွက်ထက်သုများကို ပိုပြီးဂဂုစိုက်
တယ် ခုဆိုကဗျာမရေးဖြစ်သေးဘူး ဆိုဒ်ထဲဝင်ပြီးတော့ကဗျာတွေဖတ်တယ် ကော့မန် မရသေး
တဲ့ ဇိးရိုး ကော့မန်တွေကိုလိုက်ပြီးအားပေးတယ် ဘာလိုလည်းဆိုတော့ လူသစ်လေးတွေအားရှိ
အောင် အားပေးတယ်ဒါမှသူတိုလေးတွေအားရှိပြီးရေးချင်တဲ့စိတ်ဝင်လာပြီး ရွှေမြို့တော်ရဲ့နောင်
တချိန်ကလောင်းသစ်လေးတွေဖြစ်စေချင်လိုပါ ရေးပြချင်တာတော့အများကြီးဘဲ ဒါပေးမဲ့စားရှည်
ပြီးအိသွားမှာဆိုလိုပါ ။ ကျွန်တော်ဆုရတဲ့ငွေကို အောက်ပါအတိုင်း ပြုလုပ်ပေးပါရန်မေတ္တရပ်ခံ
အပ်ပါသည် ။
၁ ။ ရွှေတိဂုံဘုရား ရွှေသင်္ကန်း ကပ်လှူရန် ၁၀၀၀၀( တစ်သောင်းကျပ်) ကိုအောင်အောင်
ပခုက္ကူ နှင့် ရွှေမြို့တော်သူငယ်ချင်းများကောင်းမှု ။
၂။ အမရှင်သန့်မေ ပရဟိတ မိဘမဲ့ကလေးများအတွက် ၁၀၀၀၀ ( တစ်သောင်းကျပ် )
လှူဒါန်းပေးပါ ။
၃။ ရွှေမြို့တော်စားကြည်တိုက်ဖွင့်လစ်ရန် ၁၀၀၀၀( တစ်သောင်းကျပ်) လှူဒါန်းပေးပါရန် ။
ကျွန်တော်ရရှိသောဆုငွေကို ကျွန်တော်ကိုယ်စာ မေတ္တာရှင်မလေး အမရှင်သန့်မေအား
လွဲပြောင်းထုပ်ပေးပါရန် ၎င်းအလှူငွေကိစ္စကို အမရှင်သန့်မေပြုလုပ်ပေးပါရန် မေတ္တ၇န်ခံ
ပါသည် ။
ကိုအောင်အောင် ပခုက္ကူ skywhite884@gmail.com
( မှတ်ချက် ) ရွှေမြို့တော်သူမြို့သားအားလုံးအတွက် ဒုတိယဆုရရှိတဲ့ကျွန်တော်ကိုအောင်
အောင်မှ ဂုဏ်ပြုပွဲနှင့် ပျော်ပွဲရွှင်ပွဲ ပြုလုပ်ပေးရန်စိတ်ကူထားပါသည် ။ ကျွန်တော် လူပျိုကြီး
မင်္ဂလာဆောင်သောအခါ ညစား စားပွဲပြုလုပ်ပြီးအားလုံးသူငယ်ချင်းများနှင့် ပျော်ပျော်ရွှင်ရွှင်
ပြုလုပ်သွားမည်ဟုစိတ်ကူထားပါသည် ။ “ ကြုံကြွားလေးပါ “
အရင်ရင် ကျွန်တော်ကောမန် ပေးတာလေးတွေက ရယ်စရာလေးတွေနဲ ပေးတာကအားလုံး
ပျော်စေချင်တဲ့ဆန္ဒနဲဆိုတာ နားလည်းပေးပါ .။ အားလုံးပျော်ရွှင်ချမ်းမြေ့ကျပါစေ ။