Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ယိုးဒယား ပဲကြာဇံသုပ်

$
0
0

ခုတလော နေလဲ သိပ်ပြီးမကောင်းတာနဲ့ သိပ်ပြီးမချက်စားဖြစ်ဘူး။ ချက်ကြမယ်ဟေ့ ကောင်းကောင်းအစီစဉ်လေးမှာ မေ့လက်ရာတွေကို မျှော်နေကြသူတွေအတွက် ခုရက်ပိုင်းမှာ ဘာမှ မချက်ပေးနိုင်တာ စိတ်မကောင်းပါဘူးရှင်။ အစားအသောက်လဲသိပ်ပြီးမကောင်းသေးတာနဲ့(ယုံလားဟင်) ချဉ်ချဉ်စပ်စပ် အသုပ်တွေထဲက တစ်မျိုးမျိုးလုပ်စားမယ်လို့ စိတ်ကူးမိတော့ ယိုးဒယားစတိုင်ပဲကြာဇံသုပ်လေး သုပ်စားဖို့စိတ်ကူးရလာတယ်။

မကြွားရပါပဲ အတည်ပြောရရင်တော့ မေ့လက်ရာတွေထဲမှာ လူကြိုက်များတဲ့ အသုပ်စာရင်းထဲမှာ ဒီအသုပ်လေးလဲပါပါတယ်။ တကယ်မကြွားထားဘူးနာ်။ ခုလဲ ခင်မင်ရသူတွေ အချက်အပြုတ် ဝါသနာပါသူတွေကို မျှဝေပေးဖို့ ပဲကြာဇံသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပဲကြာဇံသုပ်ရန်ပါဝင်သော ပစ္စည်းများ

၁ ။ ပဲကြာဇံ  (၁၀)သားခန့်

၂။ နုတ်နုတ်စဉ်းထားသော ကြက်သား(သို့)ဝက်သား (၁၀)သားခန့်

၃။ ပုဇွန် (၇)ကောင်ခန့်

၎။ ကြက်သွန်နီ (၁) ဥ

၅။ နံနံပင် (၂)ပင်ခန့်

၆။ ခရမ်းချဉ်သီး (၂)လုံး

၇။ သံပုရာရည် စားပွဲတင်ဇွန်း (၄)ဇွန်း

၈။ ငံပြာရည်စားပွဲတင်ဇွန်း (၄)ဇွန်း

၉။ သကြား စားပွဲတင်ဇွန်း (၁)ဇွန်း

၁၀။ ငရုတ်သီးစိမ်းတောင့် (၁၀)တောင့်ခန့်

အသားမှုန့်သော်လည်းကောင်း၊အချိုမှုန့်သော်လည်းကောင်း ထည့်ဝင်ချင်ပါက မိမိစားသုံးသည့်အတိုင်းအတာမျှ ထည့်ဝင်နိုင်ပါသည်။

ပြုပြင် ပြင်ဆင်ပုံ

၁။ကြာဇံများကို ပျော့ပျောင်းသွားအောင် ရေစိမ်ထားပေးပါ။ ပျော့လာပြီးဖြစ်သော ကြာဇံများကို အမျှင်တန်းရှည်မဖြစ်ရလေအောင် သင်တော်သလို ပိုင်းဖြတ်ထားလိုက်ပါ။

ထို့နောက် ကြာဇံကို ဆူပွက်နေသောရေနွေးအိုးထဲသို့ထည့်၍ (၃)မိနစ်မျှ ပြုတ်ပေးရပါမည်။ အရောင်နှင့်ကြိုက်လျှင် နံနွင်းမှုန့်အနည်းငယ် ထည့်ဝင်နိုင်ပါသည်။ (၃)မိနစ်မျှ ပြုတ်ပြီးသောကြာဇံအား ရေလောင်းဆေး၍ ရေစစ်ကာ အအေးခံထားရပါမည်။

၂။ ကြက်သားနှင့် ပုဇွန်ကိုလည်း ထိုနည်းလည်းကောင်း ရေဆူဆူထဲတွင် ထည့်၍ (၃)မိနစ်မျှ ပြုတ်ပေးပါ။ ကြာကြာပြုတ်လျှင် အချိုရည်များ ထွက်ကုန်လိမ့်မည်။ ထို့ကြောင့် ခေတ္တာသာ ပြုတ်ပေးပါရန်။

၃။ ခရမ်းချဉ်သီး၊ကြက်သွန်၊ နံနံရွက်၊ငရုတ်သီးစိမ်းတောင့် များကို သင့်တော်သော အစိတ်ပိုင်းများ လှီးဖြတ်ထားပါ။

၎။ ကြာဇံ၊ကြက်သား၊ပုဇွန်၊သံပုရာရည်၊ငံပြာရည်၊နံနံရွက်၊ကြက်သွန်၊ငရုတ်သီးစိမ်းတောင့်၊သကြား၊ခရမ်းချဉ်သီး စသည်များကို အသုပ်နယ်ရန် ဇလုံထဲသို့ ထည့်၍ သမအောင် အားရပါးရ နယ်လိုက်ပါ။ ကြေမွသွားတဲ့ထိတော့ ဗျစ် ဗျစ် ဗျစ်ဆိုပြီး မနယ်နဲ့ပေါ့ကွယ်။ ကြာဇံများကို ဖွဖွလေးသား နယ်ပါ။ မေကတော့ ဇွန်းနဲ့ နှံစပ်အောင်ပဲမွှေးပေးတာ။ ငရုတ်သီးလက်ပူမှာစိုးလို့။

အားလုံး နှံစပ်အောင်နယ်ပြီးပြီ ၊ အရသာလဲ အနေတော်ပဲဆိုရင်တော့ ပန်းကန်လေးထဲ ပြောင်းထည့်ပြီး အားရပါးရ စားပေတော့။ တစ်ခါတစ်လေဆိုရင် နယ်ထားတဲ့ ဇလုံထဲမှာပဲ တွယ်ထည့်လိုက်တာပဲ..။ ဝါးးး ကောင်းလိုက်တာ။




..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>