Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

***ကျွန်မချစ်သူ သူလိုလူ***

$
0
0

ချစ်ခြင်းနဲ့တည်ဆောက်၊ သစ္စာနဲ့ကာရံ၊ မေတ္တာနဲ့ လွှမ်းခြုံထားတဲ့ ကျွန်မရဲ့  အချစ်ကမ္ဘာငယ်လေးကို အချစ်ရဲ့  စွမ်းပကား အလင်းဓာတ်တွေ ထွန်းညှိစေခဲ့သူ မောင်ရေ…

 ပုထုဇဉ်သူ ကျွန်မလူသား အချစ်နွံထဲ ဝင်ရောက်သက်ဆင်းသွားအောင် ဘယ်အရာတွေနဲ့များ ထောင်ချောက်ဆင် ဖမ်းထားလိုက်ပါလိမ့်နော်…

 "တွေ့မြင် ရင်ခုန်၊ သူ့အပြုံးအောက် ဒူးထောက်ကျရှုံး၊

 သူ့ရယ်မောသံ ပျောက်ကွယ်သွားမှာ စိုးဘိအလား၊

သူ့အရိပ်နောက် ကောက်ကောက်ပါအောင် လိုက်ပါချင်ရင်း၊

သူ့စကားသံ မပြောလည်း ကြား၊ ကြားလဲ မပျောက်၊

တံဆိပ်ပမာ စွဲထင်စေတာ ကျွန်မချစ်သူ သူလိုလူပါ"…

 မချစ်ဖူးလို့ အချစ်ရူးလေး အချစ်ဆူးတော့  အဆူးမခံချင်ပါဘူးကွယ်…

 နေ့မြင် ညပျောက် ကြယ်တွေအောက်မှာ အဖော်ကွာဝေး မျှော်ရှာငေးရမဲ့ဘဝမျိုး မပေးဘူးထင့်…ကျွန်မချစ်သူ သူလိုလူ…

 မတူတဲ့စိတ် တူအောင်ညှိရင်း တွဲလက်ခိုင်ခိုင် ရှေ့ ဆက်လျှောက်လှမ်း ခရောင်းလမ်းလဲ ကျော်ကာဖြတ်လို့ ချမှတ် ပန်းတိုင် အရောက်လှမ်းကြမယ်နော်…

ကြားဝင် ရန်သူ တိုက်ကာထုတ်ပြီး ဆွဲလက်မြဲမြဲ ပိုင်ပိုင်တွဲလို့ စကြာဝဠာ ကမ္ဘာမြေအဆုံး သမုဒ္ဒရာ ဝဲဂယက်ထဲ တွဲလက်မဖြုတ် ပဲ့ကိုင်လှုပ်ရင်း ဘဝလှေငယ် လှော်ကာဖြတ်ကြမယ်နော်…

 ကျွန်မချစ်သူ သူလိုလူရဲ့  အချစ်တွန်းအား စွမ်းပကားများကြောင့် ကျွန်မဘဝ လှပတင့်တယ် ရှုချင်စဖွယ် ဂုဏ်ရှိန်မညှိုး ကျက်သရေတိုးလို့ အပြုံးပန်းဝေ အမုန်းပန်းမဆင်ခဲ့ရခြင်းပါ…

 မောင်ရေ…အသက်ဆုံးအထိ မပျက်သုန်းတဲ့ သစ္စာတရားတွေနဲ့ ကျွန်မအနားက ထာဝရမခွဲသွားစေချင်တာ ကျွန်မ ဆန္ဒပါ…

 ရင်မှဆန္ဒ ဖွင့်ကာမထုတ်လည်း ကုန်စင်သိမြင် သိစေချင်တာ ကျွန်မချစ်သူ မောင့်ကိုပါ…

 နှလုံးသားအသိအမှတ် ပညတ်ချက်နဲ့ “ မောင်” လို့ခေါ်တွင် ဒီနာမည်လေး တစ်ခါခေါ်တိုင်း လှိုက်ဖိုရင်ခုန် နှလုံးစည်းချက် မကိုက်ညီခဲ့ရတာလည်း မောင့်ရဲ့  ချစ်သူ ကျွန်မပါဘဲ…

 နွေးထွေးတဲ့ လက်တစ်စုံနဲ့ အေးမြတဲ့ရင်ခွင်ထဲမှာ ယုယပိုက်ထွေး ဆိုတေးလေး ညည်းပြခဲ့တာ ကျွန်မနားထဲ ပဲ့တင်ထပ်ကြားယောင်နေတုန်းပါဘဲ မောင်…

 တေးဆို ချော့မြူနေတဲ့ မောင့် မျက်နှာကို မော့ကာကြည့်ရင်း နှလုံးသားမှတ်ကျောက် တင်ခဲ့မိတယ် သူ့ပုံရိပ်ရယ်လေ…

 ဘဝကြမ္မာ အကျိုးပေးရယ်ကြောင့် ခဏတစ်ဘဝ ဆုံခွင့်ရခဲ့ပေမဲ့ ဒီဘဝသာမက နောက်ဘဝထိပါ ဆက်ချစ်နေအုန်းမယ်ဆိုတဲ့ မောင့်ရဲ့ စကား ကြားရတာ နားဝမှာ ချိုသာဆုံးပါဘဲ မောင်…

ဖူးစာရယ်ဆုံ အတူနေနိုင်ဖို့အရေး မတွေ့ဆုံနိုင်အောင် အလုပ်တွေကြား ဗျာများရင်းနဲ့ ကျဆင်းလာတဲ့ မောင့်နဖူးထက်က ချွေးရည်စက်ကလေးကို အသွင်တူလို့ အိမ်သူဖြစ်မဲ့ကျွန်မရဲ့  အကြင်နာ ပဝါပါးလေးနဲ့ သုတ်ပေးချင်ပါသေးတယ် မောင်…

 “သူ့အကျိုးလိုလားပြီး သူပျော်ရွှင်ဖို့ ကိုယ်မျက်ရည်ကျပေးနိုင်ပြီဆိုရင် သူ့ကိုကိုယ် တစ်ကယ်ချစ်တတ်ပါပြီတဲ့”… မောင်

ကျွန်မပျော်ရွှင်ဖို့ မောင် ရဲ့ မျက်ရည်တွေကျပေးစရာ မလိုအောင် မောင့်ရင်ထဲက အချစ်တွေ ကျွန်မ မြင်နေပါတယ်…ဒါပေမဲ့…

 “ ရေကို ဓားနဲ့ဖြတ်ရင် မပြတ်ပေမဲ့ အေးနေတဲ့ ရေခဲတုံးကိုဖြတ်ရင်တော့ အစိတ်စိတ်အမွှာမွှာဖြစ်သွားနိုင်ပါတယ်” တဲ့…

 ကျွန်မအပေါ်ထားတဲ့ မောင့်ရဲ့  သံယောဇဉ်တွေ အချိန်တွေကြာလို့ သွေးအေးသွားမှာ စိုးရိမ်မိတယ် ပူမိတယ်လေ…  ဒါကြောင့် ဒီစာသားလေး မောင် ဖတ်မိစေ…မြင်မိပါစေ…

 

 

“ကြားလေသွေးလို့ ဝေးရရင်ဖြင့် နှစ်မွှာအသည်း ချန်ကာထားပြီး မမြဲခန္ဓာ ဤရုပ်သည်သာ ရပေလိမ့်မည် အိုအဆွေ”  ဟုပြောကြားသစ္စာ ကျွန်မချစ်သူ မောင့်အတွက်ပါလို့ တိုင်တည်စကား မေတ္တာများဖြင့် ကိုယ်စောင့်အသိ၊ ကမ္ဘာလည်းသိအောင် သက်သေထူလျှက် အမှတ်တရနေ့စွဲ ကျွန်မမမေ့ဘဲ ထပ်ကာသတိရနေဆဲပါ မောင်……………

 

 

  ( ၁၇ ရက်နေ့ အမှတ်တရ )

အားပေးမှုကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ထပ်၍ကြိုးစားပါအုန်းမည်။         ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>