Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

""""""""""""" စောင့်လေးမျိုးနွယ် """""""

$
0
0

                   

 

                    မင်္ဂလာပါ လို့  ရွှေမြို့ တော်မှ မောင်လေး ညီမလေးများကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ခရေ ခုတလော ကြားနေ မြင်နေရတာလေးတွေကို ပြောချင်နေတဲ့ စိတ်ကြောင့် ဒီဆောင်းပါးလေးကို ရေးလိုက်တာပါ။

                      မြန်မာပြည်မှာ ခုရက်ပိုင်းအတွင်း OIC ရုံး ဖွင့်မည့် အကြောင်းနှင့် ပါတ်သက်ပြီး အပြင်းအထန် ကန့် ကွက်နေကြပါတယ်။ မြန်မာလူမျိုးတွေရဲ့  ချစ်စရာ စိတ်လေးတွေပါ။ ကိုယ့်ဘာသာကို ထိရင် ကိုယ့်နိုင်ငံကို ထိရင် မခံချင်တဲ့ စိတ်လေးတွေပါ။ လေးစားစရာကောင်းလှပါတယ်။

                ဆရာတော်ဘုရားကြီးများမှ ဦးဆောင်ပြီး ပြည်သူများပါ မကျန်ပူးပေါင်းလို့  ဆန္ဒတွေ ပြခဲ့ကြပါတယ်။ နေပူမှာကိုလဲ မမှု မိုးရွာမှာကိုလဲ အလေးမထား ပြည်သူ တွေ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းရမယ့် ဆိုတဲ့ စိတ်နဲ့  ပြုလုပ်ခဲ့ကြပါတယ်။

                                 ကမ္ဘာပေါ်မှာ အခြေခံ ဘာသာကြီး လေးမျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာလဲ  မြန်မာလူမျိုး အခြားဘာသာ ကိုးကွယ်တာတွေလဲ ရှိကြပါတယ်။ မိမိ ယုံကြည်ရာကို မိမိ ကိုးကွယ်နေကြတာပါ။

               ဒါပေမယ့် ဗုဒဘာသာ ဝင် မြန်မာ လူမျိုးတွေ အနေနဲ့  မိမိ ရဲ့  ဘာသာ ၊ မိမိရဲ့  လူမျိုး မိမိ ကိုးကွယ်မှု အဒါတွေကို ပြန်သတိရသင့်ပါတယ်။ ခရေတို့  နိုင်ငံရဲ့  ဘာသာတရားဟာ ဗုဒဘာသာ တိုင်းပြည်ပါ။ မြတ်စွာဘုရားရဲ့  အဆုံးအမကို ခံယူလို့  နေထိုင်နေကြတာပါ။

               ဘယ်လောက်ပဲ လူကြီးတွေ ဆရာတော်ဘုရားကြီးတွေ ဟာ မြန်မာ ပြည်ကြီး အတွက် ပင်ပန်းခံ ဆင်းရဲခံလုပ်ပေးနေလဲ တက်သစ်စ ကလေးတွေ စိတ်ထဲ အသိရှိဖို့  လိုပါတယ်။ မြန်မာလူမျိုး ဗုဒဘာသာတွေ ဘာလို့  ဒီလို လုပ်နေတာလဲ ။ ဘာလို့  ဒီလို ကန့် ကွက်နေတာလဲ သိသင့်ပါတယ်။

                        ခရေတို့ ငယ်ငယ်ခေတ်ကဆို မိဘများကိုယ်တိုင်က ဘာသာတူ လူမျိုးတူမှ ကြည်ဖြူတယ်ဆို အတိအလင်း အပျိုဖော်ဝင် စကတည်းက သတိပေးတားမြစ်ခဲ့ပါတယ်။ အဒိတော့ မိဘကိုကြောက်တာရော.၊ ကိုယ့်ဘာသာကို ချစ်တာရော တွေးပြီး လူမျိုးတူ ဘာသာခြားတောင် စိတ်မကူးခဲ့ပါဘူး.။

                     ခရေတို့  မြန်မာလူမျိုးတွေ ရှိတဲ့ မင်္ဂလာတရားတော် အတိုင်း သားသမီးကျင့်ဝတ် ဖြစ်တဲ့

                    ကျွေးမွေးမပြတ်၊ ဆောင်ရွက်စီမံ ၊ မွေခံထိုက်စေ ၊  လှုမျှဝေ ၊ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ် ကျင့်ဖွယ် သားသမီးတို့ တာ…

                                ဆိုတဲ့အတိုင်းပဲ စောင့်လေးမျိုးနွယ် ဆို တာ   မိမိ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းရန် ပြဆိုထားတာပါ။

               မြန်မာလူမျိုး ညီမလေး မောင်လေးများအနေနဲ့ ကလည်း မိမိ မိဘက ဘယ်ဘာသာလဲ ၊ မိမိကရော ဘာဘာသာကို ကိုးကွယ်နေတာလဲ မိမိကြောင့် မိဘပတ်ဝန်းကျင် ကို ဘယ်လို ရင်ဆိုင်မလဲ အရင်စဉ်းစားပါ။

                   ဒီဘက်ခေတ်မှာကတော့ တိုးတက်လာတဲ့ ရေစီးကြောင်းကြောင့် လူ့ အခွင့်အရေးဆိုတာ ပြောပြီး ကိုယ်ကြိုက်လို့ ကိုယ်ယူတာ ဘာဖြစ်လဲ၊ ကိုယ်ပဲနေရမှာ အလို အတွေးလေတွေနဲ့  ကလေးတွေ စွတ်တိုးတတ်ကြပါတယ်။

                     မိမိအတွက်တော့ ဘာမှ မဖြစ်ပေမယ့် မိမိရဲ့  မိဘတွေ ဆွေမျိုးတွေ နောက်ဆုံး မိမိ မျိုးဆက်မှာ အခက်တွေ့ ကြုံရမှာမလွဲပါဘူး။ ချစ်နေတုန်းတော့ မမြင်ကြပေမယ့် အချိန်တွေကြာ နှစ်တွေပြောင်းတော့ အရင်က ကလေးစိတ်ကြိုက် ကိုးကွယ်ခွင့်ပြုပါတယ် ဆိုပြီး သဘောတူ လက်ထပ်ခဲ့ရင်တောင် မေ့ပျောက်လို့  ကိုယ့် ဘာသာကို ကိုယ်စွဲသွင်း သားသမီးများ သနားစရာပါ။

                                      ခရေပြောချင်တာကတော့ ယခုချိန်ကနေစပြီး မောင်လေး ညီမလေးတို့ တွေက စိတ်ထဲမှာ အမြဲထည့်ထားသင့်တဲ့ မိမိ ဘာကို ကိုးကွယ်သလဲ ၊ မိမိနိုင်ငံက ဘာလဲ၊ မိမိ မိဘက ဘာကိုးကွယ်တာလဲ အဒိအတွေးလေးတွေကို ထည့်စေချင်ပါတယ်။

မြန်မာပြည်သည် တို့ ပြည်..

မြန်မာစာသည် တို့ စာ..

မြန်မာစကားသည် တို့  စကား..

တို့ ပြည်ကို ချစ်ပါ..

တို့ စာကို မြတ်နိုးပါ.

တို့ စကားကို လေးစားပါ ..

               ဆို တဲ့  အမျိုးသားရေးဆောင်ပုဒ်အတိုင်း အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးလေး များဖြစ်နိုင်ကြပါစေလို ဆန္ဒပြုလျှက်…

                 ခရေ မည်သည့် ဘာသာကိုမျှ မဝေဖန်ပါဘူး. ခရေ စိတ်လေးနဲ့  မောင်လေးညီမလေးများ အားလုံးကို သိစေချင်တဲ့ ဆန္ဒလေးကြောင့်ပါ။ အမှားပါခဲ့ရင်ခွင့်လွှတ်ပါလို့ ..

                                                                                                     ခရေ

                                                                                               (ကြိုးစားပါအုံးမည်)

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>