Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ချစ်သူမျက်ဝန်း.....

$
0
0

ကြင်နာခြင်းတွေ သူပေးတယ်

နှလုံးသားလေးအတွက်

မလောက်ငှပေမယ့်

နာကျင်ခြင်းတွေနဲ့ပဲ

ကျွန်မသူ့ကိုချစ်တယ်........။

                      ကဗျာလေးတစ်ပုဒ်ပါ.... ကောင်မလေးတစ်ယောက်ရေးထားတဲ့ ကဗျာလေးလေ....။ ပထမဆုံးအပိုဒ်ကလေးကို ဖတ်

လိုက်ရတဲ့ အချိန်မှာတင်......။ သူ့ချစ်သူက သူ့ကို တတ်နိုင်သလောက် ကြင်နာခြင်းလေးတွေကို ပေးစွမ်းနေတယ်...  ဒါပေမဲ့ သူလိုချင်

လောက်တဲ့ အတိုင်းအတာအထိ မလောက်ငှခဲ့လို့ ရင်နာနေရတယ်... ရင်နာပေမဲ့လည်း သူ့ချစ်သူကို ချစ်နေတယ်တဲ့...... အဲဒီလိုလေး

အကြမ်းဖျင်း နားလည်ခံစားမိတယ်.... တစ်နည်းအားဖြင့် ကြည်နူးခြင်းတွေ ကူးစက်နေသလိုပါပဲ....။

 

သတိရခြင်းတွေ သူပေးတယ်

တမ်းတမှုအတွက်

မလောက်ငှပေမယ့်

လွမ်းဆွတ်ခြင်းတွေနဲ့ပဲ

ကျွန်မသူ့ကိုချစ်တယ်။

                       မဆုံနိုင်သေးတဲ့ ဘ၀မှာ ချစ်ရသူကို သတိရနေမိတဲ့ အကြောင်း....၊ သတိရခြင်းတွေထက် တမ်းတခြင်းတွေကပို ပြီး

လွမ်းဆွတ်ရင်းနဲ့ပဲ သူ ဆက်ချစ်နေတယ်တဲ့...။ ဒါလေးက ဒုတိယ အပိုဒ်လေးပေါ့...ကဗျာလေး နှစ်ပိုဒ် ဖတ်ပြီးတဲ့အချိန်မှာ သူချစ်ရတဲ့

ချစ်သူကို အပြစ်တင်ထားတာ တစ်ခုမှ မတွေ့ရသေးတဲ့ အပြင်... ဘယ်အချိန် ဖြစ်ဖြစ် ချစ်နေခဲ့တယ်တဲ့....၊ ဆွတ်ပျံ့ခြင်းလေးတွေ ကို

ညင်းညင်းသွဲ့သွဲ့လေး ခံစားမိလိုက်တယ်....၊ သိပ်ချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို စိတ်ကူးလေးနဲ့ပုံဖော်ကြည့်မိတော့  သိပ်

ချစ်စရာကောင်းလိုက်တာ....။

 

 

နီးစပ်ခြင်းအတွက် သူကြိုးစားတယ်

ဝေးကွာခြင်းတွေကို

မတားဆီးနိုင်ပေမယ့်

မျှော်လင့်စောင့်စားရင်းနဲ့ပဲ

ကျွန်မသူ့ကိုချစ်တယ်....။

                     ဒီအပိုဒ်လေးက နောက်ဆုံးအပိုဒ်လေး....  ဒီအပိုဒ်လေးမှာတော့ ချစ်မြတ်နိုးခြင်း.... သတိရ တမ်းတခြင်းတွေအပြင်

စာနာ နားလည်ခြင်းတွေကိုပါ ထုတ်ဖော် ပြသသွားခဲ့တယ်...။ အဆန်းတကြယ် စိတ်ဝင်စားစရာ မဟုတ်ပေမဲ့....  ကိုယ်ပိုင်ခံစားချက်၊

(သို့မဟုတ်) ခံယူချက်လေးကို ရိုးရိုးရှင်းရှင်းလေး ထုတ်ပြသွားခဲ့တယ်.....။

                     ဒီကဗျာလေးကို ရေးနေတဲ့ အချိန်မှာ... သူ ချစ်သူကို လွမ်းနေတယ်လို့ ခံစားမိတယ်... နောက်ပြီးမျှော်လင့်နေတယ်

နောက်ပြီး ချစ်မြတ်နိုးနေခဲ့တယ် ထင်ပါတယ်..။ သူ့ရဲ့ ချစ်ခြင်းတွေက ခိုင်မာနေလား၊ ပျော့ပြောင်းနေလား မစဉ်းစားတတ်ပေမဲ့လည်း

တည်တံ့ပြီး လှပနေမယ်ဆိုတာတော့.... နားလည်မိပါတယ်။

                      သိပ်သဘောကျတယ် ကောင်မလေးရေ... မင်းလို ချစ်တတ်တဲ့သူတွေ တော်တော်များများ ရှိနေမှာပါ.. တကယ်ကို

ယုံကြည်မိပါတယ်....။

                      ထင်တာပြောရရင် မင်းချစ်သူကလည်း ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မင်းကို ချစ်နေနိုင်တဲ့သူ ဖြစ်မှာပါ....။

                      ကဗျာလေးကိုဖတ်ရင်းနဲ့ စိတ်ထဲမှာ ဆန္ဒလေးတစ်ခုဖြစ်လာခဲ့တယ်..။ ဒီကဗျာလေးရေးနေတဲ့အချိန် ကောင်မလေးရဲ့

မျက်ဝန်းလေးကို ကြည့်နေချင်လိုက်တာ...၊ ပြီးတော့ ဒီကဗျာလေးပြီးသွားတဲ့ အချိန်မှာကဗျာလေးဖတ်ရင်းကျေနပ်ပြီးပြုံးနေတဲ့ အပြုံး

လေးကိုလည်း ကြည့်ချင်လိုက်တာ...၊   နောက်ထပ် အခြေအနေပေးခဲ့ရင် ကြည့်ချင်နေသေးတာ တစ်ခုကတော့... ဒီကောင်မလေးက

သူ့ချစ်သူရဲ့ လက်မောင်းလေးကို မှီတွယ်ရင်း.... စကားတွေကို ပြုံးရွှင်စွာ ပြောရင်း လမ်းလျှောက်သွားကြတဲ့ သူတို့ အတွဲလေးကိုပေါ့။

                        ကျွန်တော်ထင်ပါတယ်....   အဲဒီအချိန်မှာ အလှဆုံး ပန်းလေးတွေလည်း ဖူးပွင့်နေကြမယ်...ချစ်စရာ ငှက်ကလေး

တွေကလည်း တေးသီနေကြမယ်...။ လောကကြီးကလည်း သာယာအေးချမ်းနေလိမ့်မယ်လို့.... ဒါပေမဲ့ အခုတော့...

                        အော်.... ပြောဖို့ မေ့သွားတယ် ဒီကောင်မလေးရေးထားတဲ့ ကဗျာလေးရဲ့ အမည်က ``......ချစ်တယ်´´တဲ့။

                      



Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>