တခါတရံ ငါ့အနားတွင် လိပ်ပြာတစ်ကောင်ရှိ၏
တခါတရံ ပတ်ဝန်းကျင်က အသံတွေ ငါကြားရ၏
တခါတရံ အိပ်မက်တွေ အလိုက်ပေးဝယ်၏
တခါတရံ မျှော်လင့်ခြင်းတွေ သံချေးမတက်အောင် လုပ်၏
တခါတရံ ဘ၀ ကို ဘာမှန်းမသိအောင် နားလည်၏
တခါတရံ လူသည် မျောက်က ဆင်းသက်လာသည်ကို လက်ခံ၏
တခါတရံ နားလည်ခြင်းကို နားမလည်အောင် နေတက်၏
တခါတရံ အင်္ကျီကို မီးပူမတိုက်ပဲ ၀တ်၏
တခါတရံ လူတွေကို မပြုံးချင်လဲ ပြုံးပြတက်အောင် နေတက်၏
တခါတရံ စိတ်ကူးယဉ် တက်၍ လက်တွေ့မလုပ်တက်
တခါတရံ ဟန်ဆောင် နေသည်ကို မဟန်ဆောင်သည့် ပုံစံ နေတက်၏
တခါတရံ အချစ်ကို ၀ိုင်တစ်ခွက်လို သောက်တက်၏
တခါတရံ မတည်မြဲခြင်းကို တည်မြဲသည်ဟု ထင်မိ၏
တခါတရံ မလုပ်တက်သည် ကို လုပ်တက်ဟန်ဆောင်၏
တခါတရံ ပြောချင်တာတွေကို မပြောချင်အောင် ထိန်းသိမ်းတက်၏
တခါတရံ ကိုယ့်ကိုကိုယ်လည်း မုန်းမိ၏
တခါတရံ အနုပညာကို နှလုံးသားထိ စီးဝင်အောင် ခံစားတက်၏
အဲဒီလို...
တခါတရံတွေ၊တခါတရံတွေ များရင်းများရင်းနဲ့ပဲ...