ဌာနမှူး ပြန်သွားတော့... သိမ်းစရာရှိတာတွေ သိမ်းပြီး ညစာအတွက် ခေါက်ဆွဲခြောက်ပြုတ်နဲ့ ကြက်ဥကြော်
ကို ၀က်ပေါင်ခြောက် လက်ကျန်နဲ့ ရောလိုက်ရတယ်...။ ညနက်နက်.... အေးစက်စက်မှာ ၀ရံတာလက်ရမ်းကို လက်ထောက်ရင်း
ထူးဆန်းတဲ့ အတွေးတွေ ၀င်လာတယ်..... နိုင်ငံရေးဆိုတာ ဘာလဲ..... နောက်ပြီး နိုင်ငံရေးအတွက် နိုင်ငံရေးသမား အချင်းချင်း
သတ်ဖို့ လိုသလားလို့......။
ကျွန်တော် သိထားတာက နိုင်ငံရေးဆိုတာ... မိမိနိုင်ငံရဲ့အရေး.... နိုင်ငံရေးသမားဆိုတာကတော့ မိမိနိုင်ငံရဲ့
အရေးအတွက် ကိုယ်စွမ်း ဥာဏ်စွမ်း ဓနစွမ်းအားတွေနဲ့ ထောက်မ စီမံပေးနေတဲ့သူ..... သန့်စင်တဲ့ စိတ်ကူးတွေနဲ့ မှန်ကန်တဲ့ စေ
တနာတွေနဲ့ မွန်မြတ်စွာ ရပ်တည်နေတဲ့သူတွေလို့လေ.....။ အဲဒီလိုလူတွေ အချင်းချင်းကို ဘာကြောင့်များ သတ်ချင်ဖြတ်ချင်ကြ
တာလဲလို့ တွေးရင်း.... လုပ်ပိုင်ခွင့်တွေကြောင့်လား.....၊ ထင်ပေါ်ကြော်ကြားမှုကြောင့်လား.....၊ မလိုမုန်းထားစိတ်ကြောင့်လား..၊
မိမိရဲ့ အကျိုးစီးပွါးအတွက်လား....လို့။ အဲဒါတွေလည်း အားလုံးပါတဲ့အပြင် သဘောထားကွဲလွဲရင်လည်း လုပ်ကြတာပဲ၊ ဒီလိုစိတ်
မျိုးကတော့ တကယ်ကို ဖြစ်နိုင်ချေ အများဆုံး စိတ်ကူးလေ။ နောက်ပြီး နိုင်ငံရေး မျိုးဆက်ထူထောင်တာလည်း ရှိခဲ့တာပဲပေါ့...။
အမေရိကန်မှာက နိုင်ငံရေး လူတန်းစား နှစ်မျိုးရှိတယ်...... တစ်မျိုးက ငြိမ်းချမ်းရေးကို စည်းရုံးဆောင်ရွက်
သူ၊ နောက်တစ်မျိုးက ငြိမ်းချမ်းရေးကို စီးပိုး ဆောင်ရွက်သူပေါ့...... ။ နှစ်မျိုးလုံးကတော့ သူတို့နိုင်ငံရဲ့ အကျိုးအတွက် ဆောင်
ရွက်နေကြတာပါပဲ.....။ အမေရိကန်လူမျိုးကြီးဝါဒကို အသက်သွင်းနေကြတာပဲလေ..... နိုင်ငံရေးရဲ့ နေရာတိုင်းကို အမေရိကန်
စံနှုန်းနဲ့ပဲ တိုင်းတာနေကြတာ......။
ငြိမ်းချမ်းရေး စည်းရုံးဆောင်ရွက်သူတွေ ဆိုတာကတော့..... ရောဂါဘယတွေအတွက် လှူတယ်၊ ဆင်းရဲတဲ့
နိုင်ငံတွေကို ထောက်ပံ့တယ်....၊ ဒီလိုနဲ့ အမေရိကန်ရဲ့ ကြီးမြတ်မှုကို ပြတယ်.....။ ပြီးရင် သူ့ရဲ့ Rule တွေအတိုင်း နိုင်ငံရေးကို
အသက်သွင်းလိုက်ကြတယ်....။
ဒီလိုပဲ နိုင်ငံရေးမတည်ငြိမ်တဲ့ နိုင်ငံတွေကိုလည်း လုံခြုံရေး အကြောင်းပြချက်တွေနဲ့ ၀င်ရောက်ကယ်တင်
သူ့ရဲ့ ကြီးမားတဲ့ အင်အားကိုပြ.... ခိုင်းတဲ့အတိုင်း လုပ်နိုင်မဲ့ဘက်ကို လက်နက်နဲ့ ငွေကြေးထောက်ပံ့ပြီး ခေတ်သစ် ကိုလိုနီ အဖြစ်
အသက်သွင်းလိုက်ကြတယ်.....။ ပထမတစ်မျိုးက ရီပတ်ဗလီကန်..... နောက်တစ်မျိုးက ဒီမိုကရက်.....ပေါ့။
အမေရိကန်ရဲ့ အရှိန်အ၀ါကလည်း တကယ်ကို ကြီးမြင့်တာ.... စီးပွါးရေကဏ္ဍ၊ နည်းပညာကဏ္ဍ၊ အုပ်စုဖွဲ့မှု
ခေတ်ရေစီးကြောင်းပြောင်းလဲမှု....၊ စစ်ရေးအင်အား....၊ နိုင်ငံရေး နည်းစနစ်တွေအပြင် အနုပညာနဲ့ ၀တ်စား ဆင်ယင်မှု အထိ
အားလုံး အားလုံးကို ချုပ်ကိုင်ထားနိုင်တယ်....။ တကယ်တမ်းမှာတော့ အမေရိကန်က ဟစ်တလာရဲ့ ``အာဏာရှင်ဝါဒဖြင့် ကမ္ဘာ
ကြီးကိုစိုးမိုး၍ တတိယအင်ပါယာ (Third Reich) or ( Third Empire) ထူထောင်ရေး စီမံကိန်း´´ ကို ခေတ်နဲ့လျော်ညီအောင်
ပြန်လည်ပြုပြင်ထားတဲ့ စတုတ္တအင်ပါယာကို ထူထောင်ရေးများ ဖြစ်နေမလားပဲ...။
နှင်းခါးတွေခိုတွဲနေတဲ့ လေအေးအေးလေး သုတ်ကနဲ တိုက်လိုက်မှ အတွေးပြတ်သွားတယ်။ ဒီနိုင်ငံရေး
အ၀န်းအ၀ိုင်းထဲကို မင်းသမီးက ဘာကြောင့်များ ရောက်ရှိနေခဲ့တာပါလိမ့်လို့.....။
ညက ကောင်းကောင်း အိပ်မပျော်လို့ထင်တယ်.... မနက်နိုးတော့ (၆)နာရီတောင် ထိုးနေပြီ၊ ပုံမှန် ကိုယ်
လက်လှုပ်ရှားမှုရဲ့ နာရီဝက်ကတော့ ကျန်နေခဲ့ပြီ..... မနက်(၈)နာရီလောက်မှပဲ မင်းသမီးအိမ်ကို ရောက်တော့မယ်...။
လေ့ကျင့်ခန်းပြီးတော့.... ရေမိုးချိုး... ဘုရားရှိခိုးပြီး သောက်တော်ရေနှင့် နိုင်ငံခြားဖြစ် အာရုံ ဆွမ်းလေးပဲ
ကပ်လိုက်ရတယ်.... ပေါင်မုန့်မီးကင်လေးနဲ့ ကြက်ဥကြော်လေးလေ.... ။ ပြီးတော့ ကျွန်တော့်အတွက်က Nestle ကော်ဖီလေး
ပဲ အပိုပါတယ်... တစ်ခါတစ်လေ မြန်မာ အစားအစာတွေကို တကယ် တမ်းတမိပါတယ်....။ မနက်စာစားရင်း စိတ်က အိမ်ကိုပြန်
ရောက်သွားသေးတယ်.... စိတ်ရဲ့ အလျှင်က မြန်လိုက်တာ...။
မင်းသမီးအိမ်ကို ရောက်တော့ ဘယ်သူမှ မရှိတော့ဘူး...... စမစ်ရော.... ဒေါ်လီရော... မင်းသမီးရော....
ခရီးထွက်သွားကြတယ်တဲ့... ညနေလောက်မှ ရောက်မယ်တဲ့...... လုံခြုံရေး တစ်ယောက်နဲ့ ခြံစောင့်တစ်ယောက်ပဲ ကျန်ခဲ့တယ်
ဘယ်ကိုလည်း ဘာဘာညာညာ မေးမနေတော့ဘူး.....။ စမစ်ခေါ်ထားတဲ့ ၀င်းခြံပြုပြင်ရေး သမားတွေနဲ့အတူတူ ခြံပြင်တဲ့ဆီမှာ
ဝင်ကူနေလိုက်တယ်....။ ခြံဝမှာနဲ့ ခြံထောင့်တွေမှာ CCTV ကင်မရာတွေ တတ်ဖို့ရယ်.....။ အလန်းဘဲလ်တွေ တတ်ဖို့ရယ်ကို
စိတ်တိုင်းကျ ပြင်ဆင်နေလိုက်တယ်....။ အလုပ်သမားတွေက ကျွမ်းကျင်ကြပါတယ်၊ ပရော်ဖက်ရှင်နယ်တွေပဲ.... စိတ်တိုင်းကျ
ဆောင်ရွက်ပေးနိုင်တယ်.... ခြံဝင်းရဲ့ အပေါ်ပိုင်းမှာ သံတန်းတွေ မြှင့်တာရယ်.... သံဆူးကြိုးအသေးလေးတွေ ပြောင်းတတ်တာ
ရယ်.... သံချင်းထိရင် အိမ်ထဲမှာ အလန်းမြည်အောင် ၀ါယာကြိုးလိုင်းဆွဲဖို့ရယ်ကို သေသေချာချာမှာပြီး ခြံဝင်းထဲကို တစ်ပတ်
ပတ်ကြည့်မိတယ်....။
ခြံဝင်းအနောက်ဘက်မှာ အမှတ်မထင် ကားနက်ကြီးတစ်စီးထဲကနေ.... အိမ်အပေါ်ထပ်ကို ဓါတ်ပုံရိုက်
နေတာ တွေ့လိုက်ရတယ်.....။ ကမန်းကတန်း ချိုင်းကြားထဲကို ကိုင်လိုက်မိတယ်....။ ထိတ်ကနဲ ဖြစ်သွားတယ်....။ သေနတ်
ပါမလာဘူး.... အော်.... ကျွန်တော် ဂျူတီမှ မ၀င်သေးပဲ.... အကြာကြီးလည်း စဉ်းစားမနေနိုင်ပါဘူး...... ခပ်နိမ့်နိမ့် ပန်းရုံဘေး
ကနေ ခြံစည်းရိုးကို ခုန် ကျော်တက်လိုက်တယ်... မြေပေါ်ကို ခြေချမိတော့ ကားက ၀ူးကနဲ မောင်းထွက်သွားခဲ့ပြီ.....။
ကားရပ်ထားတဲ့ နေရာကို ရောက်တော့ ဘီးရာ အကြီးတွေ တွေ့ရတယ်... 4WD ပေါ့.... ဘီးရာတွေမှာ
မြေဖြူစွပ်ကြောင်းပါးပါးလေး ပါလာတာ တွေ့ရတယ်....။ ဒီနားတစ်ဝိုက်မှာ မြေလမ်းမရှိဘူး....၊ ဒါဆိုရင် ဘယ်ကလာတဲ့ ကားလဲ
အကြာကြီး ကြည့်မနေတော့ဘူး....။ စမစ်လာမှ မေးကြည့်တော့မယ်...။ ဘေးမှာလည်း စီးကရက် အစီခံတစ်ခု...၊ ဒါဆိုရင် ကား
ရောက်နေတာ အနည်းဆုံး နာရီဝက်ဝန်းကျင်လို့ စဉ်းစားမိတယ်...။ ဒါဆိုကျွန်တော် ရောက်ပြီးမှ ရောက်နေခဲ့တာပဲ.. ဆပ်ဖ်ကား
လေးဘီးယက်အမျိုးအစားကားကြီး.... ခရီးကြမ်းသုံးခဲ့တဲ့ကား.... ဂျူတီ မ၀င်ခင် စိန်ခေါ်မှု တစ်ခုပါပဲ... နောက်နေ့ လာရင်တော့
သေနတ်ကလေး ဆောင်ထားရတော့မယ်....။
မင်းသမီး မရှိတာကိုသိလို့လား... ဒါမှမဟုတ် သိသိမသိသိ လုပ်စရာရှိတာ လုပ်တာလား.. ဘာအတွက်
ဓါတ်ပုံရိုက်နေတာလဲ... ဘယ်အဖွဲ့ကလည်း စဉ်းစားစရာတွေများလာတယ်။ ခုမှ သတိရတယ်..... အရင်က မင်းသမီးကို D@D
ပန်းစည်းပို့ပေးတာနဲ့.... စာရေးတဲ့ ကိစ္စတွေ.... နောက်ပြီး ကားနက်တစ်စီးကိစ္စတွေ သတိရလာတယ်... ဒါဆိုရင် ကားနက်ကြီး
ဆိုတာ ဒီကားပဲ ဖြစ်မှာပဲ.... ဒီကားဆိုရင် အရင်ကလည်း လာတာ သိထားတာကို အခု NSC ကို ငှားတာလဲ မသိစရာအကြောင်း
မရှိလောက်ဘူး..... ကျွန်တော် လာပြီး ပြင်ဆင်နေတာလည်း မသိစရာ မရှိလောက်ဘူး....၊ ဒါဆိုရင် ဘာလဲ....၊ ဘာသဘောလဲ
သာမန် မဟုတ်တဲ့ အခြေအနေတစ်ခုပဲလို့ စိတ်ထဲမှာ ခံစားမိလိုက်တယ်.... ။ ဖြစ်နိုင်ချေကတော့ ကားကို ကျွန်တော်မြင်အောင်
တမင်လုပ်ခဲ့တာလားပေါ့......။
ကျွန်တော် သက်တော်စောင့်...... (၆)သို့