ချစ်သူမြို့တော်ရှိစာပေ၀ါသနာရှင်အားလုံးမင်္ဂလာပါ
ချစ်သူမြို့တော်အတွက်ကဗျာတွေ၊၀တ္ထု၊ကဏ္ဍစုံစွာတင်ပေးတဲ့
ချစ်သူမြိုတော်မန်ဘာအားလုံးကိုကျေးဇူးတင်ပါတယ်
ချစ်သူမြို့တော်အတွက်
အကောင်းဆုံးကိုယ်တိုင်ရေးပို့စ်ရှင်များနှင့်အကောင်းဆုံးကိုယ်တိုင်ရေးကဗျာများကို
အပတ်စဉ်မကြာမကြာ တင်ပြပေးသွားမှာ ဖြစ်ပါတယ်
စာရေးသူများအနေဖြင့်ကိုယ်တိုင်ရေးသားသောကဗျာများကို
ကဗျာ၏အောက်ခြေတွင်ကိုယ်တိုင်ရေးသာကဗျာဖြစ်ကြောင်းနှင့်(ကိုယ်တိုင်ရေးကဗျာ)
ကိုယ်တိုင်ရေးသားသောဘလော့များဆိုလျှင်လည်းကိုယ်တိုင်ရေးဘလော့လို့ရေးသားပေးစေချင်ပါတယ်။(ကိုယ်တိုင်ရေးဘလော့)
ဒါမှသာအက်မင်များအနေနဲ့လည်းဆုံးဖြတ်ရလွယ်ကူမှာဖြစ်ပါတယ်
(ကိုယ်တိုင်ရေးသားသောစာပေလို့ရေးသားခိုင်းခြင်းသည်စာရေးသူကလောင်ရှင်များအားစော်ကားလိုခြင်းမဟုတ်ပါ။
ဆိုဒ်မှာရေးသားသူအကုန်လုံးကကိုယ်တိုင်ရေးသားများမဟုတ်ကြပါဘူး၊တချို့ဆိုကဗျာကိုကော်ပီတင်ကြပါတယ်၊
ဒါကြောင့်သီးသန့်လေးဖြစ်သွားအောင်ဆိုဒ်ထဲမှာကဗျာပြိုင်ပွဲများလုပ်လျှင်လည်းရွေးချယ်ရလွယ်ကူစေရန်
စာရေးသူကလောင်ရှင်များအနေနဲ့လည်း (ကိုယ်တိုင်ရေးကဗျာ)လို့ရေးသားလိုက်ခြင်းကိုအပန်းကြီးမယ်မထင်ပါဘူး
ဘာကိုမှရည်ရွယ်လိုက်ခြင်းမဟုတ်ပါ။
တကယ်လို့စာရေးသူကလောင်ရှင်များအနေနဲ့ဒီလိုလုပ်ခြင်းသည်စာရေးသူကလောင်ရှင်များအား
စော်ကားတယ်လို့ယူဆခဲ့လျှင်ဒီနေရာကနေအနူးအညွတ်တောင်းပန်လိုက်ပါတယ်၊
အားလုံးကိုလေးစားလျှက်
အက်မင်အဖွဲ့ကိုယ်စား
ရှင်းသန့်မေ(မေတ္တာရှင်မလေး)အကောင့်သည်အကြောင်းကြောင့်ဝင်လို့မရလို့
မေ၀တီနဲ့ဝင်ထားခြင်းဖြစ်ပါသည်။