Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လာခြင်းကောင်းပေမယ့် ပြန်ခြင်းဆိုးပါတယ်

$
0
0

လူ့ဘဝမှာ အများစုဟာငြီးလေ့ရှိပါတယ်။ဘယ်လိုငြီးလေ့ရှိပါသလဲဆိုရင်  တို့များကံဆိုးလိုက်တာ....ဘာပဲလုပ်လုပ် ဘယ်လိုပဲကုန်းရုန်းပြီးတော့

ရှာပင်ရှာငြားသော်လည်းဖွတ်ပြာမွဲလိုက်တယ်ဖြစ်ခြင်း....ကံအလှည့်ကျဘယ်တော့မှလာပါ့မလဲဆိုပြီးကံကောင်းကိုပဲမျှော်တတ်ကြပါတယ်ဗျာ။

ကျွန်တော်ကတော့ဒီလိုမမြင်ဘူးဗျ။ကျွန်တော့်အမြင်ကတော့  မနုဿတ ဘာဝေါ ဒုလ္လဘော ဆိုတဲ့ရှင်တော်မြတ် ရဲ့နှုတ်မြွက်တော်စကား

လိုဘဲ ရခဲ ရောက်ခဲတဲ့လူ့ဘဝကိုရပြီးကတည်းကပင်  ငါဟာ ကံအ ကောင်းဆုံးလူဆိုပြီး ကိုယ့်ကိုကိုယ်သတ်မှတ်ထားပါတယ်။ဘာဖြစ်လို့လဲ

ဆိုတော့လူတိုင်းဟာ ဆင်းရဲချမ်းသာနောက်ထား ဖြူ၏မဲ၏နောက်ထားပါ။ ငါးပါးအာရုံကာမဂုဏ်ကို သဠာယတန၆ပါး(မျက်စိ-နား-နှာခေါင်း-

လျှာ-ကိုယ်-စိတ်)နဲ့ကောင်းကောင်းကြီးခံစားနိုင် လို့ပါပဲဗျာ။တစ်ခုပဲကျန်တာပါ။အဲဒါကဘာလဲဆိုတော့ဉာဏ်ကောင်းဖို့တစ်ခုသာလျှင် ပါပဲ။

ဘယ်လိုသောအရာကိုဉာဏ်ကောင်းခြင်းလို့ခေါ်ပါသလဲဆိုရင် ကောင်းမူကုသိုလ်ပြုဖို့မ မေ့မလျော့ပါပဲ။လူတွေဟာ ဘုရားဟောဓမ္မအတိုင်း

ပါပဲ။ပုထုဇ နောဥမ္မာတ ကောဆိုသလိုပါပဲ ကောင်းမူကုသိုလ် အမူတွေကြပြန်တော့ မေ့လျော့ပေါ့ဆ နေပြီး လုပ်သမျှအဆင်မပြေသောအခါ

ကံကိုချည်း ယိုးမယ်ဖွဲပါတယ်။သမ္မာအာဇီဝနဲ့အသက်မွေးဝမ်းကြောင်းပြုသူနဲ့မိစ္ဆာအာဇီဝအသက်မွေးဝမ်းကြောင်းပြုသူ ဘယ်အရာကပိုများ

ပါသလဲဆိုတာကိုပစ္စက္ခမျက်မှောက်ကိုစိတ်ဝင် စားသူတိုင်းမြင်ကြပါလိမ့်မဗျ။လာခြင်းကောင်း ခဲ့ပေမယ်ပြန်ခြင်း ဆိုးမယ့်ဒုစရိုက်အမူတွေကို

ရှောင်ကြပါလို့ဆန္ဒပြုလိုက်ပါရ စေ။လူ့ဘဝမှာ ကိုယ်ကြိုက်တာကိုလုပ်လို့ရတယ်ဆိုတာမှန်ပေမယ့် ကိုယ်လုပ်တာကိုပြန် ရမယ်ဆိုတာကိုလည်း

မ မေ့ပါနဲ့ဦး။ အ ကြွေးမကင်းရင်ဘေးမရှင်းဆိုသလိုပဲ သံသရာလွတ်မြောက်ကြောင်းနောက်ထားပါဦး။လူ့ဘဝ ရောက်တုန်းရောက်ခိုက် အမြတ်

မရသည့်တောင် အရှုံးတော့မခံသင့်ပါဘူး။၃၈ဖြာမင်္ဂလာတရားတော်နဲ့အညီနေထိုင်နိုင် သူဟူသ၍ပစ္စုပ္ပန်ရော အနာဂါတ်ကာလမှာပါ ချမ်းသာခြင်းတွေ

ဆင့်သထက်ဆင့်လို့ မြင့်သထက်မြင့်သွားပါလိမ့်မဗျ ။လူအများစုဟာခက်ပါတယ်။လိုချင်တော့အ ကောင်းကိုပါ။ဒါပေမယ့်လုပ် ရပ်တွေက အများဆုံး

ဟာဒုစရိုက်အမူတွေချည်းပါပဲဗျာ။ဒါကြောင့်လည်းဗုဒ္ဓရှင်တော်မြတ် ရဲ့ နှုတ်မြွက်တော် စကားလိုပ...သတ္တဝါအားလုံးရဲ့ အမြဲနေအိမ်ဟာ အပါယ်လေး

ပါးဒုက္ခိဘုံပါပဲတဲ့နော်။လူအများစုကတော့ လာခြင်းက တော့ကောင်းပါရဲ့ ပြန်ခြင်းသာလျှင်ဆိုးတာများပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ဘုရားက

သုစရိုက်တရားကိုကျင့်ဆောင် ခိုင်းပါတယ်။လူအများစုကသာလျှင် ဆိုင်းဘုတ်အမည်တပ် ဗုဒ္ဓဘာသာ(ဘုရားအဆုံးအမလိုက်နာသူ)ခံယူထားပြီး

မေ့လုံးများစွာနဲ့ အတူမိတ်ဖွဲ့လေ တော့ဘုရားဟောတရားတော်နဲ့ အညီအပါယ်လေးပါးဒုက္ခဘုံသို့သာလျှင် ကိုယ့်အိမ်ပိုင် ရာပိုင် အဖြစ်

မှတ်ယူပြီးပြန်ကြကုန်လေတော့ သတည်း။

                  မောင်  မျိုး ကြီး(ဓမ္မဒူတ)@holiness


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...