`` ပြောပြမယ်နော်..... အဲဒီ ဦးဦးက ညီမရဲ့ အဒေါ် အငယ်ဆုံးနဲ့ သူငယ်ချင်းတွေလေ. ညီမတို့ ငယ်ငယ်ကတည်းက
ပြောင်းသွားကြတာ. ညီမနဲ့ဆိုရင် ဆယ်နှစ်လောက်ပဲ ကွာမှာပေါ့... အဒေါ်ကို အန်တီလေးလို့ ခေါ်တော့ သူ့ကိုလဲ ဦးဦးလို့ ခေါ်တာလေ
နောက်. ညီမ (၇)နှစ်လောက်မှာ သူတို့ ရန်ကုန်ကို ပြောင်းသွားကြတယ်..... အဲဒီတုန်းက ဦးဦးက ဆယ်တန်းလား ၊ ပထမနှစ်လား မသိ
တော့ဘူး တီတီလေးနဲ့ တစ်တန်းထဲ ဆိုတာပဲ မှတ်မိတယ်၊ ညီမ ဒုတိယနှစ်လောက်ရောက်တော့..ရန်ကုန်မှာ ကျောင်းသွားတက်ရတာလေ
မထင်မှတ်ပဲ ဦးဦးနဲ့ ဆုံကြတာ.... ဦးဦးကလဲ မှတ်မိတယ်... ပြီးတော့ တွေ့တွေ့ချင်း အံ့သြနေတာ.... သူ အချိန်တွေကို မေ့နေတယ် ထင်
တယ်..... ဟဲဟဲ ညီမကို ကြည့်နေလိုက်တာ တအံ့တသြနဲ့ပေါ့.... ´´ ကောင်မလေးပြောပြနေတာကို ကျွန်တော် နားထောင်ရင်း သူ့မျက်နှာ
ကိုသေသေချာချာကြည့်နေမိတယ်၊ သူစကားတွေ ပြောနေတာ သိပ်ကို ကျေနပ်နေတဲ့ပုံနဲ့ပါပဲ၊ မျက်ဝန်းထဲမှာ ပန်းလေးတွေတောင် ပွင့်နေ
သလိုလိုပေါ့.....။
`` သူက ညီမကို အိုးရှင်းလို့ခေါ်တယ်.. ညီမကို မွေးတဲ့အချိန်တုန်းက ခေတ်စားနေတဲ့ ကိုရီးယားကားထဲကမင်းသမီး
လေးရဲ့ နံမယ်က ``အိုးရှင်း´´ လို့ခေါ်လို့ ဒီနံမယ်ပေးဖြစ်တာလို့ ပြောတယ်လေ... ဦးဦးကတော့ (Ocean)လို့ ခေါ်တယ်၊ သမုဒ္ဒရာကြီးနဲ့ တူ
အောင်လို့တဲ့.... ညီမတို့ ပြန်တွေ့ကြတော့ ဦးဦးက ဌာနတစ်ခုမှာ အရာရှိတောင်ဖြစ်နေပြီ.. ဦးဦးကြည့်ကောင်းတာကို ငယ်ငယ်ကတည်းက
သိပေမဲ့ နောက်ပိုင်း ညီမ ရန်ကုန်ရောက်ပြီးမှ ပိုသတိထားမိလာတယ်... ဦးဦးကိုမြင်ရတာ စိတ်ထဲမှာ အေးချမ်းတယ်...စကားတွေပြောနေ
ချိန်၊ အတူတူ ရှိနေချိန်တွေမှာ လုံခြုံနေသလိုလို၊ ပြည့်စုံနေသလိုလို ခံစားရတယ်... ကိုယ့်ရဲ့ ဦးလေး တစ်ယောက်ထက် ပိုပါတယ်.....´´ သူ
ပြောနေတာကို ကျွန်တော် ဒီအတိုင်းပဲ ကြည့်နေမိတယ်..... သူ့ဦးဦး သူ့ကိုြ့မင်တော့ အံ့သြတာထက် ကျွန်တော် သူ့ရင်ထဲကို မြင်ရတာကို
ပိုပြီး အံ့သြမိပါတယ်။
``အကို... သိလား ယောက်ျားလေးတွေက မိန်းကလေးတွေကို ချစ်ရင် ဘယ်လို ဆက်ဆံတတ်လဲဆိုတာလေ.... ညီမ
ကတော့ သိနေတယ်... ဦးဦးက ညီမလေးကို ဘယ်လောက်ချစ်တယ်ဆိုတာလေ. ညီမကျောင်းအားတဲ့ ရက်တွေမှာဆိုရင် ရန်ကုန်မြို့အနှံ့
လျှောက်လည်ကြတာ..... နှစ်ယောက်တူတူ သွားရင်းနဲ့ ဦးဦး လက်မောင်းကို တွဲထားရင် ဦးဦးက စောင်းကြည့်တတ်တယ်.... ညီမကပြုံး
ပြလိုက်ရင် ဦးဦးက ပြန်ပြီးပြုံးပြတာလေ..... အရမ်းပျော်တယ်သိလား၊ နောက်ပြီး ရုပ်ရှင်ကြည့်ရင်လဲ ဒီလိုပဲ... နေကြာစေ့လေးတွေ၊ကွာ
စေ့လေးတွေကို တယုတယနဲ့ ခွါကျွေးတတ်သေးတယ်.... လိမ္မော်သီးဆိုရင်လဲ အခွံခွါပြီး အကျောလေးတွေကိုပါ နွှာပြီးမှ တစ်မွှာချင်းကျွေး
တတ်တာ...... ညီမကတော့ အိပ်ငိုက်ချင်ယောင်ဆောင်ပြီး ဦးဦးပုခုံးကို မှီထားလိုက်တာပဲ........ ဦးဦးက မလှုပ်ဘူး ညီမနိုးသွားမှာ စိုးလို့
လေ......´´ ဒီစကားတွေ ပြောနေစဉ်မှာတော့..... မျက်ဝန်းမှာ အရောင်တွေ လဲ့နေတယ်....... ဒီကောင်မလေး သူ့ဦးဦးကို ဘယ်လောက်
အထိ ချစ်နေခဲ့တာလဲလို့လဲ တွေးဖြစ်သေးတယ်.......
`` ဒါပေမဲ့ အကို ဦးဦးကလေ အခုထိ ညီမလေးကို ချစ်တဲ့ အကြောင်း မပြောဖူးသေးဘူး သိလား... အင်းလေတကယ်
ချစ်ရင် ပြောစရာမှ မလိုတာနော်....... အော်..... နောက်တစ်ခု ပြောပြရဦးမယ်..... ဦးဦးဆီမှာလေ.... ကိုယ်သင်းနံ့လေးရှိတယ် သိလား..
ညီမလေးကလေ...... အခွင့်ရေးရရင် ရသလို ဒီကိုယ်သင်းနံ့လေးတွေကို ခိုးပြီး တိတ်တိတ်လေး ရှူရှိုက်ခဲ့ဘူးတယ်...... တစ်ခါတစ်လေ
ကောင်မလေးတွေက ဦးဦးကို ပြုံးပြနှုတ်ဆက်ရင် ညီမအရမ်း စိတ်တိုတာ...... ဦးဦးလက်မောင်းကို အတင်းညှစ်ပစ်မိတယ်.... ဦးဦးက
လှည့်ကြည့်ပြီး ညီမလက်ဖမိုးလေးကို ဖြည်းဖြည်းလေး ပြုံးရင်း ပုတ်ပေးတယ်..... စိတ်မပူနဲ့ ဘာမှ မဟုတ်ဘူး ဆိုတဲ့ သဘောလေ.......
အခု ဒီနေ့တောင် ဦးဦးနဲ့ လျှောက်လည်မလို့...... ဒိတ်ထားသေးတယ်၊ အကိုစိတ်မပူနဲ့ သိလား....... ဦးဦးက အခွင့်အရေးယူတတ်တဲ့သူ
မဟုတ်ပါဘူး၊ စိတ်ချ ညီမလေးလဲ ဒီလောက်မိုက်လုံးမကြီးပါဘူး........ ချစ်တာတော့ ချစ်နေတယ်လေ...... ဦးဦး ဖွင့်ပြောလာမဲ့နေ့ကိုလဲ
စောင့်နေတယ်..... သွားတော့မယ်နော်........ အော် ... အကို ညီမလေးပြောတာတွေကို ဦးဦးကို ပြန်မပြောနဲ့နော်....... ရှက်စရာကြီးနော်
..ဟီး..ဟီး...... တာ့တာ.... ´´ ရယ်ရင်း ထွက်သွားတဲ့ ကောင်မလေးကိုကြည့်ရင်း သဘောကျစွာ ပြုံးနေမိခဲ့တယ်.... သူ့ဦးဦးကို ကျွန်တော်
မသိတာကို သူမသိရှာဘူးလေ..... ကျွန်တော့်ကို ဘယ်သူနဲ့များ ဒီကောင်မလေး လူမှားတာပါလိမ့်.........
`` ညီလေးရေ လ္ဘက်ရည်ဖိုးရှင်းမယ်...´´ စားပွဲထိုးလေးကို လှမ်းအော်လိုက်ပြီး ပိုက်ဆံရှင်းဖို့ ပြင်နေဆဲ စားပွဲထိုးလေး
ရောက်လာပြီး `` အကို ဦးဦးနဲ့ တွေ့သွားတယ်ထင်တယ်..... သူလဲ သနားပါတယ်ဗျာ၊ သူ့ဦးဦးက ကားမှောက်ရင်းဆုံးသွားတာလေ..အဲဒီ
အကိုက အရမ်းချောတာ စိတ်ထားလဲ အရမ်းကောင်းတယ်.... လူချစ်လူခင်လဲ ပေါတယ်ဗျ..... ဒီအစ်မ သနားပါတယ်ဗျာ... ယဉ်ယဉ်လေး
ရူးသွားတာ..... တစ်နှစ်လောက်ရှိရောပေါ့......´´ ကျွန်တော် ကောင်လေး စကားကို နားထောင်ပြီး ဘာပြန်ပြောရမှန်းပင် မသိတော့.......
သေချာတာတစ်ခုကတော့ ``အိုးရှင်း´´လေးက ကျွန်တော့်ကို လူမှားတာမဟုတ်တာပါပဲ....... သူသိကို မသိတော့တာလေ.... ဦးဦးကလွဲပြီး
သူ့အသိဥာဏ်ထဲမှာ ဘယ်သူ့ကိုမှ မသိတော့ဘူး ထင်ပါတယ်....... ဘယ်လို ဆုတောင်းပေးရမှန်းမသိတော့ပါဘူး ``အိုးရှင်း´´ ရေ..... မြင်
ကွင်းထဲကပျောက်ကွယ်သွားတဲ့ အိုးရှင်းလေးကိုကြည့်ရင်း ကျွန်တော်လဲ..... အဝေးကြီးကို လွင့်ထွက်သွားမိတယ်.... ဟိုး.....အရင်က
ကျွန်တော်လဲ ချစ်သူ ဆုံးခဲ့ဘူးတယ်လေ.......ဒါပေမဲ့...........