မိုးဦးကျအခါသမယဆိုတော့ မိုးသည်သဲသဲမဲမဲရွာနေသည်။ ကိုဝင်းမြင့်
သည် အိမ်ဦးခန်းတွင်ထိုင်နေရင်းတွေးနေသည်။ မိမိသည် ရိုးသားစွာလုပ်ကိုင်
စားပါလျှက်မရှိမဲ့ရှိမဲ့စုဆောင်းကာအိမ်တွင်မီးလင်းရန်အတွက် မီတာတစ်လုံးဘိုး
အပိုရအောင်ကြိုးစာရှာခဲ့သည်။ တစ်နေ့နေ့တွင်မိမိအိမ်တွင်မီးလင်းရမည်ဟူ
သောမျှော်လင့်ချက်ဖြင့်မီတာဘိုးရအောင်အလုပ်ကို ပိုလုပ် ပိုကြိုးစားရှာခဲ့သည်။
ဝင်းမြင့်သည်နောက်ကြောင်းပြန်တွေးရင်းမိုးရေများကြားထဲတွင် အေးကြည်မ
ရုပ်ပုံလွှာကိုပင်မြင်ယောင်နေမိသည်။
မီတာဘိုးက တစ်သိန်းငါးသောင်းကျပ်နှင့် ကြိုးသွယ်ရန်ဓါတ်ကြိုးဘိုး
နှင့်ဆိုလျှင် နှစ်သိန်းခွဲလောက် ရမှဖြစ်တော့မည်။
ဇနီးသည်က ဟင်းရွက်ရောင်းသည်။ ကလေး သုံးယောက်ရှိသည်။
အကြီးမက ဒီနှစ် ၁၀ တန်း။ မီးလင်းမှစာကျက်လို့အဆင်ပြေမည်ဖြစ်သည်။
ရေကန်သာကြာရှိမှဖြစ်သလို အိမ်သာယာမှာမီးလင်းမှအဆင်ပြေမယ်မို့လား။
ဒီတော့ ၀င်းမြင့်ကြိုးစားအလုပ်လုပ်သည်။ လုပ်တဲံ့အလုပ်က ဘူတာကုန်တင်
ကုန်ချ။ အားအင်သုံးနီုင်မှ ၀မ်းရေးအဆင်ပြေတယ်။ ဒါမေဲ့ ၀င်းမြင့်အလုပ်
ကိုကြိုးစားကာ မီတာဘိုးအတွက်ပါရအောင်စုဆောင်းမှုလဲပြုရသေးသည်။
သမီးလေးစာကြည့်ဘို့အတွက် မီးလင်းမှဖြစ်မည်ဆိုတာဝင်းမြင့်စိတ်တွင်
စွဲလျှက်နေသည်။အားရင်အပန်းဖြေ တီဗွီလည်းကြည့်လို့ရတယ် ။ ဒါက
ဝင်းမြင့်ရဲမဟာစီမံကိန်ုးပါ။
ဇနီးသည် မအေးကြည်မ ကလည်းခေသူမဟုတ် ။ ဟင်းရွက်သာရောင်း
တာဘယ်သူနဲ့မဆိုပြဿနာဖြစ်ရဲသည်။ မဟုတ်မခံသတ္တိသွေးအပြည့်နဲ့ပါ။
သူလဲဟင်းရွက်ရောင်းရငွေနဲ့ တတတ်တအားအိမ်အထောက်အကူပြုအလုပ်ပေါ့။
ပြန်လာမှထမင်းချက်ရ ၊ ရေခပ်ရ၊ အကြီးမကျောင်းတက်တော့ကျောင်းမသွား
ခင်လုပ်စရာရှိတာကူလုပ်ပြီးမှ ကျောင်းသွားတယ်။ ဒါကနေ့စဉ်အလုပ်ပါ။
မမေးနဲ့၊ မမေးနဲ့၊ တွေးလဲမတွေးနှင့် ဖြစ်ပြီးဟေ့ဆိုလျှင်အေးကြည်မ ပါမည်
ပင်။ သည်အေးကြည်မလိုမိန်းမမျိုးကလည်း တစ်ရွာမှာတစ်ယောက်လောက်တော့
ပါတတ်မြဲ။ အခွံချွတ်ထားသော ဆန်ထဲမှာလည်း အခွံမချွတ်သောစပါးတော့ အနည်း
အကျဉ်းပါတတ်မြဲ။ သူကစိတ်ဆတ်သည်။ အာကျယ်သည်။ ဒေါသကြီးသည်။
သူ့လင် ၀င်းမြင့်ကတော့ခပ်အေးအေးပါ။ ဒါမေမဲ့သူလဲမူးလာရင်တော့လေရှည်
တတ်သည်။ မိန်းမ အေးကြည်မလောက်တော့မစွာပါ။
ကလေးအငယ်နှစ်ယောက်ကိုဖြစ်သလိုအိမ်မှာထား အိမ်နီးချင်းများကစောင့်
ရှောက်ထားလို့သာ အဆင်ပြေနေတာ။ အေးကြည်မ အပေါက်ဆိုးပုံနဲ့ဘယ်သူမှ
တော့မကြင်နာဘူးမထင်လိုက်ပါနဲ့။ သူက အိမ်နီးချင်းတွေနဲ့တော့အဆင်ပြေတယ်။
ဈေးရောင်းကပြန်လာရင် ကလေးထိန်းပေးတဲ့ မကြီးမဘို့တော့ မုန့်ပြားသလက်
တစ်ချပ်ဝယ်လာတတ်သည်။ ဟင်းချက်ရင်လဲ မကြီးမကိုတော့ပို့ပေးတတ်သည်။
ဒါကြောင့် အေးကြည်မ ဈေးရောင်းလို့အဆင်ပြေနေတာပေါ့။
ဒီလိုနဲ့မီတာတစ်လုံးဘိုးရအောင်လင်မယားနှစ်ယောက်စုဆောင်းလိုက်
ကြတာ ခြောက်လလောက်ကြာတော့ သူတို့လိုတဲ့ငွေနှစ်သိန်းခွဲရတယ်။ဒီတော့
အဆင်ပြေပြီပေါ့။ မြို့လျှပ်စစ်မှူးနံမည်က သိန်းထွန်းတဲ့။ သူကလဲ ဘာသောက်သလဲ
မမေးနဲ့ တစ်နေ့ကို အရက်အကောင်းစား တစ်သောင်းခွဲဘိုးလောက်သောက်တယ်။
ဇိမ်ကျကျနေတယ်။ မီတာတွေကိုဆင်ပေးမယ်ဆိုပြီး လိမ်ညာပိုက်ဆံတောင်းတယ်။
မီတာကိုယာယီဆင်ပေးမယ်ဆို ပြီးပိုက်ဆံယူ လမ်းကဓါတ်တိုင်တက်ချိတ်
အိမ်နဲ့ဆက်ပေးမီးလင်စေတာပါ။ ဒါကတော့သူ့တပည့်တွေကိုခိုင်းလိုက်ရုံပါ။
မီတာဘိုးငွေ ကျသင့်သလောက်ကိုယူကာ အဆင်ပြေနေသူဖြစ်သည်။
တကယ်မီတာကိုတော့အိမ်တွင်တတ်ဆင်မပေးပါ။ နောက်မှဆင်
ပေးမည်ပြောထားတယ်။ ဒါမျိုးတွေ မြို့ထဲမှာ အများသား၊ အလုံး တစ်ရောကျော်
လောက်ရှိပြီပြောကြတယ်။
ဒါကို အေးကြည်မတို့ကမသိသဖြင့် မိုက်ဆံပေးပြီးရင်အဆင်ပြေနေပြီထင်တယ်။
သိန်းထွန်းအတွက်တော့အကွက်ပေါ့။ အေးကြည်မတို့စုဆောင်းထားသောငွေနှစ်သိန်း
ခွဲကို မြို့နယ်လျှပ်စစ်မှူးသိန်းထွန်းကိုပေးတယ်။ ထုံးစံအတိုင်း ဓါတ်ကြီုးဝယ်ပြီး
အေးကြည်မတို့အိမ်ရှေ့လမ်းဓါတ်တိုင်မှ မီးကြိုးနဲ့သွယ်ပေးတယ်။ မီတာတော့မပါသေး
ဘူး။ နောက်ရက်မှ မီတာ တတ်ပေးမည် ခုလောလောဆယ်မီးလင်းရန်အတွက်လုပ်ပေး
တာပါပြောသဖြင့်ဝင်းမြင့်ရော အေးကြည်မပါ ကျေးဇူးတွေတင်နေလိုက်ကြသေးတယ်။
ဝင်းမြင့်နဲ့အေးကြည်မက အပေါင်ဆုံးဆိုင်က၀ယ်ထားတဲ့ တီဗွီလေးနဲ့ ညည
အပန်းဖြေ။ သူ့သမီး ဆယ်တန်းကျောင်းသူကလဲစာကြည့်လို့အဆင်ပြေနေတယ်။
တယ်သာယာလိုက်တဲ့ဖြစ်ခြင်း ။ အေးကြည်မတို့အိမ်ကို တခြားအိမ်နားကလူတွေလဲ
တီဗွီလာကြည့်သာယာပါဘိသနဲ့ပေါ့။ မြစ်ဧရာနဒီကြောဝယ်ဗေဒါပင်များပွင့်လျှက်စီမျှော
လာနေသည်။ ညနေခင်းနေခြည်ဖျော့ သည်တိမ်တောက်ကာ သာယာလှပပါဘိသည်။
တစ်နေ့တော့ခရိုင်လျှပ်စစ်အင်ဂျင်နီယာဆိုသူရောက်လာပြီး။ မြို့တွင်းမီးဆင်
မှုများကိုစစ်ဆေးရာ အေးကြည်မတို့အိမ်အပါအ၀င် အိမ်ပေါင်း ခုနစ်ဆယ်ကျော်မီ
တာ တတ်ဆင်ထားခြင်း မရှိ ဘဲမီးသွယ်သည်ကိုတွေ့ရှိသဖြင့် ကြိုးတွေဖြုတ်သိမ်းပြီး
မီးဆင်ထားသူများကိုတရားစွဲဒဏ်ငွေရိုက်သည်။
ဒဏ်ငွေ ငါးသောင်းပေးဆောင်ရမည်။အမိန့်ထုတ်သဖြင့် အေးကြည်မတို့ကမ္ဘာ
လေးပျက်လေပြီ။ ဒီလိုဖြစ်ရပ်မျိုးက မြို့မှာမကြားဘူတော့ ကြားရသူများလဲ
အံသြကြရတယ်။ မီတာလျှောက်ထားသူများထံမှ ငွေကြိုတင်ယူကာမီးဆင်ထား
သူတစ်ရာကျော်အနက် အလုံးခုနစ်ဆယ်ကျော်မိသွားပြီး ကြိုးတွေအဖြုတ်ခံရတယ်။
မိုးသည် သည်းထန်စွာရွာရန် မိုးမှောင်ကြီးကျလာသည် လေပြင်းများလည်း
တိုက်ခတ်လျှက်။ သစ်ရွက်လေတိုးသံများတရှဲရှဲမည်ကာမိုးများထစ်ချုံးလျှက်ရှိနေ
သည်။လျှပ်စီးများလက်ကာမိုးချုံး သံများ မည်ဟည်းလျှက်ရှိနေသည်။
မီတာကိစ္စကို အေးကြည်မဘယ်ခံနေလိမ့်မလဲ ၊ မြို့လျှပ်စစ်မှူးထံသွားပြီး
မီတာကိစ္စပြောရာ သိန်းထွန်းက သူလဲမတတ်နိုင်ကြောင်း ယခုလောလောဆယ်
ဒဏ်ငွေရိုက်တာကိုခံပြီး ၊ မီတာကိုနောက်မှတတ်ပေးမည်ပြောပြန်သဖြင့်
အေးကြည်မဒေါသပုံထလေပြီ ၊ ဟင်းရွက်တောင်းထဲတွင်ပါ လာသော
ဟင်းသီးလှီးဒါးကို ထုတ်ကာ "ဟေ့သိန်းထွန်းနင်လုပ်တာနင်ခံပေါ့
ဒို့ကတော့မခံနိုင်ဘူး ငါးမရရင် ရေချိုးပြန်မယ် "ဟုပြောဆိုကာ သိန်းထွန်း
ရင်ဘတ်အတွင်းသို့တအားထိုးတည့်လိုက်ရာသွေးအိုင်ထဲတွင်သိန်းထွန်း
ဘ၀ဆုံးသွားရသည်။အေကြည်မလည်းလူသတ်မှုဖြင့်ထောင်နန်းစံသွားရလေသည်။
အေကြည်မကတော့ မဟုတ်ခံစိတ်ကြောင့်သူအပြစ်ကိုသူခံသွားရသည်။
ဝင်းမြင့်တို့အိမ်လေးတွင် မီးမလင်းတော့ဘဲဆက်လက်မှောင်မိုက်ဆဲပါဘဲ။
အမှောင်ထုသည် ၀င်းမြင့်တို့မိသားစုတစ်ခုလုံးကိုလွှမ်းခြုံသွားသည်။
အကျင့်ပျက်ဝန်ထမ်းမျာကြောင့်မဖြစ်သင့်သည်များဖြစ်ကြရသည်။
ကိုယ်တိုင်းရေးဖြစ်ပါသည်။
မြင့်စိုး