Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878
ကြယ်စင်ပြာ ရဲ့  ကြာပန်းဖြူ
$
0
0
 ကောင်းကင်ဟာ မိုးရိပ်ကင်းစင်ကြည်လင်နေတယ်--
လပြည့် ညမို့  ထိန်ထိန်သာနေတဲ့ လမင်းကြီးဘေးမှာ
ကြယ်စင်လေးတွေ    တဖြတ်ဖြတ်တောက်ပနေတာကို မော့ ကြည့်ရင်း
ရေကန်နားဆီ မေ လျှောက်လာခဲ့မိတယ်။
ကန်စပ်က ခုံတန်းလေးမှာ ထိုင်ရင်း ရေကန်ထဲက လှပဝေဆာနေတဲ့  ကြာပန်းလေးတွေကို
လရောင်အောက်မှာ ကြည့် ရတာကြည်နူးစရာကောင်းလိုက်တာ--
အေးမြညင်သာစွာတိုက်ခတ်လာတဲ့  ညဦးလေပြေ က ကန်ရေပြင်ပေါ်ဖြတ်ပြေးသွားတော့ ရေထဲက
ကြာပန်းခိုင်လေးတွေ လှုပ်ခါသွားကြတယ်။
 မကြောက်ကြပါနဲ့  ကြာပန်းလေးတွေရယ်-မင်းတို့ကို လှုပ်ခါကိုင်ရမ်း ခြွေနမ်းသွားမယ့် လေနီကြမ်းကြီး
 မဟုတ်ပါဘူး၊
မင်းတို့ရဲ့  သင်းပျံ့ တဲ့ ရနံ့ လေးတွေကို သယ်ယူပို့ ဆောင်ပေးမယ့်  လေပြည်အေးလေးပါကွယ်။
ကြာပန်းန့ံသင်းသင်းလေးကို ရှုရှိုက်မိတော့ သတိရလိုက်တာ ကိုဦးရယ်။
ကိုဦး သွားလာနေရတဲ့  ပင်လယ်ပြင်ကြီး ထဲမှာတော့ ဒီလိုကြာပန်းတွေ မရှိဘူးပေါ့ နော်။
ဒါပေမယ့်  ကိုဦး အိပ်ခန်းထဲမှာတော့  မေ ပေးလိုက်တဲ့ ကြာပန်း ပန်းချီကားလေး ရှိတယ်မှတ်လားဟင်--
ခုချိန်ဆို မေ့ ခင်ပွန်း စားဖိုမှူးကြီး ကိုဦးတစ်ယောက် သဘောင်္ပေါ်မှာ စားသောက်ပြီးစီးသွားတဲ့ 
မီးဖိုခန်းကိုရှင်းလင်းနေလောက်ရောပေါ့ --
ဒီတစ်ခေါက် ပြန်လာခါစက  မေနဲ့ လက်ထပ်ပြီး အေးအေးဆေးဆေး နားပြီးမှသင်္ဘောပြန်တက်မယ်
လို့ ပြောခဲ့တဲ့  ကိုဦးတစ်ယောက် မင်္ဂလာပွဲပြီးလို့  သုံးပတ်မြောက်တဲ့နေ့ မှာ
သဘောင်္ပေါ်ပြန်ရောက်သွားရပြန်တယ်နော်--
ကိုဦးနဲ့ အတူသင်္ဘောတက်ဖူးတဲ့  ကပ္ပတိန်က စေတနာနဲ့ ချက်ပြုတ်ကျွေးတတ်တဲ့ 
ကိုဦးလက်ရာကို  သိပ်သဘောကျလို့  လစာတွေ တိုးပေးပြီး သူ့ သင်္ဘောပေါ်ပြန်ခေါ်
တင်နေတော့အိမ်ထောင်ဦးမှာ စုဆောင်းချင်စိတ် ရှိတဲ့ ကိုဦးလည်း မငြင်းသာတော့ဘူးပေါ့ --
ချစ်စ ခင်စ ကြင်နာစ မို့ မခွဲ ချင်ပေမယ့်  ကိုဦး ဆုံးဖြတ်တဲ့အတိုင်း မေ လိုက်နာပါခဲ့ တယ်။
ခုဆို မေတို့ က ချစ်ရည်လူးပြီး ချစ်တေးတွေပဲသီကြူးနေကြတဲ့  ချစ်သူ တွေ မဟုတ်ကြတော့ဘူးလေ -
ဘ၀ခရီးကို ဆိုးတူကောင်းဖက် အတူတူဖြတ်သန်းလျှောက်လှမ်းမယ့်  ခရီးဖော် ဖြစ်သွားပြီနော်-
ကိုဦးစကားနဲ့ ပြောရမယ်ဆိုရင် လောကဓံ တိုက်ပွဲ ကို အတူ ဆင်နွှဲမယ့် ရဲဘော်ရဲဘက်တွေလေ-
ကိုဦးကသာ ရှေ့ ကနေ မားမာမတ်မတ်ရပ်ပေးနေမယ်ဆိုရင် ဘယ်လောကဓံကိုမှ  မေ  မတုန်လှုပ်ပါဘူး-
ဒါပေမယ့် ခုလောလောဆယ်တော့  လွမ်းတယ် ကိုဦးရယ်--
ကိုဦး သွားရမှာ စိတ်အနှောင့် အယှက်ဖြစ်မှာစိုးလို့  ဟန်ဆောင်မာန်တင်းထားရသမျှ ဝေးကွာသွားတော့မှ
လွမ်းလိုက်တာ --
အခုလို လသာသာနဲ့ ကြာပန်းလေးတွေ ကြည့်ရတော့ပိုသတိရမိတယ်-
ကိုဦးရော မေ ပါ ကြာ ချစ်သူတွေကိုးနော်-
ဒီကန်ရေပြင်စပ်မှာထိုင်ရင်း ကြာပန်းလေးတွေကို အမျိုးမျိုးအဓိပ္ပါယ် ဖွဲ့ ဆိုခဲ့ကြဖူးလေရဲ့ -
ကိုဦးကပြောတယ်-
ကြာဆိုတာ အေးချမ်းခြင်း ၊ဖြူစင်ခြင်း တွေနဲ့ အတူ မြင့်မြတ်ခြင်းဂုဏ်ကိုဆောင်သတဲ့ -
ဟုတ်တယ်နော် --မေလည်းတွေးမိတယ်၊ ကြာပန်းလေးတွေဟာ သန့် ရှင်းဖြူစင်တာကို ကြိုက်ကြတယ်။
ဟိုးကန်ရေပြင်အောက်ရွှံ့ နွံတွေ ၊ အညစ်အကြေးတွေ ကြားကနေ တွန်းထိုးရုန်းကန်ပြီး
ကြည်လင်တဲ့ ကန်ရေပြင်ထက်မှာပဲ  ရန့ံသင်းစွာနဲ့ ငှားငှားစွင့် စွင့် ပွင့် ကြတာပါ။
ဘဒ္ဒကမ္ဘာဦးမှာ ငါးဆူသောဘုရားရှင်တွေ ပွင့်တော်မမူခင် ရှေ့ ပြေးနမိတ် အဖြစ် ပွင့် လေတာက ကြာငါးခိုင် ပါ။
ဘုရားရှင်တိုင်းလက်ခံဝတ်ရုံ ကြတာကလည်း ကြာသင်္ကန်းပါ။
နောက်ပြီး အီဂျစ်လူမျိုးတွေ မှာ ကြာပန်းနဲ့ ပတ်သက်တဲ့  ရှေးဟောင်းယုံကြည်ချက်ရှိသတဲ့ -
အီဂျစ်လူမျိုးတွေအတွက် နိုင်း(လ်)မြစ်ကြီးဟာ ဘ၀ပေးသူ (သို့ မဟုတ်)
အသက်သခင်အဖြစ် ယူဆထားကြတယ်။
ဒါကြောင့်  နိုင်း(လ်)မြစ်ကြီးနဲ့ မကင်းတဲ့ကြာပန်းဟာအီဂျစ်လူမျိုးတွေအတွက်   
 ဘ၀ရှင်သန်ရေး၊ ဘ၀ အင်အားတို့ ရဲ့ အထိမ်းအမှတ်ပါ--တဲ့ 
ကိုဦးက ဒီလို ကြာအဓိပ္ပါယ်ကို ဖွဲ့ ဆိုတော့  မေ ကလည်း အားကျမခံ  ဖတ်ဖူးတဲ့    အိန္ဒိယ ပုံပြင်လေး
အကြောင်းပြောပြမယ်နော်--
ဟိုးအရင်တုန်းက  ဒီကမ္ဘာမြေမှာ ကြာတွေမရှိသေးပါဘူးတဲ့ --
ငွေလရောင်လင်း လို့  နက္ခတ်တာရာတွေ စုံလင်လှတဲ့  ကြည်လင်သာယာတဲ့ ညလေး
တစ်ည မှာ မိုးကောင်းကင်ပြာကြီးပေါ်က ကြယ်တစ်ပွင့် ဟာ မြေပြင်ဆီကြွေကျလာပါရော--
မြေပြင်ဆီအရောက်မှာ လယ်တောလေးကိုရစ်ခွေစီးဆင်းနေတဲ့ ချောင်းရေယဉ်လေးက ကြယ်ပွင့် လေးကို
ကြိုဆိုလိုက်ပါသတဲ့ --
ကြည်လင် တဲ့ စမ်းချောင်းရေအေးမြမြ နဲ့  ကြယ်ပြာပြာတို့ ဆုံမိတဲ့အခါမှာတော့  ကြာပန်းဖြူဖြူလေး
ပွင့် ငုံ လာပါတော့တယ်-
ဒီလိုနဲ့  ကမ္ဘာမြေပေါ် ကြယ်ကြွေကာကျလို့  ကြာပန်းတွေ ခစား ခဲ့ပါသတဲ့  ကိုဦးရေ-
မေ လေ ဒီပုံပြင်လေးကိုသိပ်သဘောကျတာပဲ-
ဘာလို့ လည်းဆိုတော့  ကိုဦးနဲ့  မေ  တို့ ကလည်း ဒီပုံပြင်လေးနဲ့တူနေတယ်။
စိတ်သဘောထား မြင့် မြတ်တည်ကြည်ပြီး ယောင်္ကျားပီသ တဲ့  ကိုဦးရဲ့ နှလုံးသားကြယ်စင်ပြာလေး ဟာ  
တသွင်သွင် စီးဆင်းနေတဲ့ မေ့ နှလုံးသား စမ်းရေယဉ်ကြောမှာမျောပါ ဆုံတွေ့ လိုက်တဲ့အခါ
သင်းပျံ့ မွှေးကြိုင်တဲ့ ချစ်ခြင်းမေတ္တာပန်းငုံလေး ပွင့် အာလာတယ်-
ဖြူစင်အေးချမ်းတဲ့ မေ တို့ ရဲ့  မေတ္တာပန်း လေးဟာလည်း ကြာပန်းဖြူလိုပဲ နောက်ကျိရှုပ်ထွေးလှတဲ့ 
ဘ၀အခက်အခဲ ရွှံ့ နွံအနယ်အနှစ် တွေ ကို တွန်းဖယ်ရုန်းကန်ပြီး အေးမြကြည်လင်တဲ့  ကန်ရေပြင်ပေါ်
ထိုးဖောက်ရုန်းကန် ရှင်သန်ပွင့် လန်းစေရမယ်။
မေ တို့ ရဲ့ မေတ္တာကြာပန်းဖြူ လေး ထာစဉ် လန်းဆန်းစေ ဖို့  မေတို့ ကြိုးစားရအောင်နော်-
ကိုဦး ကျန်းမာပျော်၇ွှင်စွာနဲ့  လုပ်ငန်းခွင် မှာ အဆင်ပြေပါစေလို့  မေတ္တာပို့ ဆုတောင်းပေးရင်း
သိပ် လွမ်းတယ် ကိုဦးရယ် --
ခံစားနားလည်နိုင်ပါစေ
ကြာဖြူနွယ်
( ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏  မိုးပန်း နှင့် မြေပွင့် ဝတ္တုထဲမှ ကြာပန်းအကြောင်းလေးကို ဆင့်ပွားခံစား ရေးသားပါသည်။)
Viewing all articles
Browse latest Browse all 9878
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>