မမြင်ရတဲ့ နိမိတ်/ အတိတ်တဘောင် / အင်းအိုင် မန္တရား ခါးလှည့်
ကမ်းဟာ ပဲ့ကျလာနေတယ်၊ မြစ်ဟာ ISO 900 2012 မဖြစ်နိုင်ဘူး
အိုင်ဒီယော်လိုဂျီ ကျဆုံးပြီ! ဖရန်စစ်ရေ.. မင်းလည်း ကျဆုံးပါစေ
အခိုးအငွေ့တွေ ထွက်ကျလာနေတဲ့ ခေတ်ဦး၊ ဒါ ဒီမိုကရေစီ.. တဲ့
ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ၊ ဖတ် ဖတ် ဖတ်၊ ထွီ ထွမ်..လွတ်ကျွတ်စေ
လေးမြို့ခေတ်ရဲ့ညတွေထဲ.. ဗျတ်ဝိဗျတ္တရဲ့ ဇော်ဂျီဖိုဝင်သား စားခန်း
ငါတို့ ဦးရာဇတ်ကို လွမ်းရမယ်၊ သူဟာ အိမ်သာထဲထိ ဒုတ်နဲ့ လိုက်ခဲ့
ငါတို့ ဆရာတော်ဦးနာရဒကို လွမ်းရမယ်၊ သူဟာ ရွှေဒုံးနဲ့ ပြုံးစေခဲ့
အမုန်းတွေ ကျေပါစေသားကွယ်၊ ငါတို့ ပုဂံမှာ ဆုတောင်းကြရမယ်
အမေကျော် ဒွေးတော်လွမ်း ဇာတ်ထုပ်ကို ငါတို့ မျက်ရည်နဲ့ မကြည့်ဘူး
လူ့အရူးအနှမ်းတွေလက်ထဲ ဘာသာတရားလည်း ငရဲရိက္ခာတန်ဆာပဲ
လူ့တိရိစ္ဆာန်တွေလက်ထဲ လွတ်လပ်ခွင့်ဆိုတာလည်း မိတ်လိုက်ခွင့်ပဲ
ကြည့်လိုက်! အနှံ့အပြားက ငိုကြွေးသံတွေ၊ ဂျင်းနားရေ..ကြားလား
ကြည့်လိုက်! အနုပညာနဲ့ သမိုင်းတန်ဖိုးကို ကျွဲပါးစောင်းတီးကောင်တွေ
နားထောင်လိုက်! အော်နေတဲ့အသံမှာကို ခြောက်ပြားတစ်ပဲ ဗီဇနဲ့
နားထောင်လိုက်! နေ့ခင်းတည့်တည့် ဆလိုက်ထွန်းရှာတဲ့ ပြဿနာနဲ့
ရူးနေတဲ့ တိရိစ္ဆာန်တွေပဲ ဗိုလ်ချုပ်ကို သတ်/ဘနာဇီယာကို သတ်
အဲဒီဖုတ်ကောင်မျိုးတွေပဲ သမိုင်းကို လိုရာဆွဲ သွေးထဲ စိမ်ကြတယ်
ကဲ! တစ်ကမ္ဘာလုံးငြိမ်သက်၊ UN မှာ ငြိမ်သက်၊ ဒွန္နယာမှာ ငြိမ်သက်
ရေနံနဲ့ ယှက်ဖောက်သွယ်ထားတဲ့ အုပ်စိုးမှုထဲ ငါတို့ဟာ ပိစိကွေး
သေးသေးကွေးကွေးပေမယ့် ငါတို့ဟာ မြန်မာ၊ ဗမာ ဖြစ်တယ်
ငါတို့ဟာ ခရစ်မပေါ်မီကတည်းက ယဉ်ကျေးခဲ့ကြသူများ ဖြစ်တယ်
ငါတို့ဟာ အိမ်ထရံမှာ ငှက်ကြီးတောင်ကို ခုထိ အလှကြည့်သူများ
ဖြစ်တယ်။ ငါတို့ ဖြစ်ရမယ်၊ ငါတို့ မြန်မာ ဖြစ်ရမယ်၊ ငါတို့ ဗမာပဲ
ပင်လယ်မှာ သွေးအပြည့်စီးဆင်းမှ ပျူနွယ်တွေကို ဆဲရေးလို့ရမယ်