Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878
ရွာဓလေ့လေးပျော်စရာ
$
0
0
ကဲ အားလုံးမာလကာပင် အဲ ဟုတ်ပါဘူး မင်္ဂလာပါဗျာ
ကျနော်လည်း ရယ်စရာရေးမယ်လို့ တော့ စဉ်းစားနေတာလေ
ရေးတော့ရေးရမယ် မရယ်ရရင် ကိုယ့်ဖာသာ ကလိထိုးရယ်နော်
ရှူ ရှူးတော့ပေါက်ချရဘူးနော် ကြားလားဘော်ဒါတို့ 
စမယ်နော်
ကဲ ကဲ ကဲ ရွာထဲမှာရှိ ကုန်ဘာရီ အမျိုးသမီးတွေ ဘယ်ရောက်နေလဲဟ
ဒီမှာရှင်လောင်းလှည့် ထွက်ရအောင် အချိန်ကျနေပြီ လုပ်ကြဟ
ကာလသားလူပျိုတစ်သိုက်ရော ဘယ်ရောက်နေကြတာလဲ
မြင်းသမားတွေရောခေါ်ကြဟေ့ ရွာထဲက ဒိုးပတ်ဝိုင်းကရော စလေကွာ
အဲသလိုအဲသလို ရွာရဲ့သကြီး ဦးဖိုးဆောင်ကကြေညာပါတော့မှပဲ
ပါးကွက်ကြားလေးများနဲ့ မမတို့ ညိမလေးတို့ တွေက ကိုသားစိုးရဲ့ 
လှုပ်လို့ ရပြီသီချင်း ကြားလိုက်ရသလို ထကြွနိုးကြားလာပါတော့သည်ဗျာ။
ဟိတ်ကောင်မ ဂွက်ထော် ညည်းအင်္ကျီကလှလိုက်တာအေ
ဘယ်လော်ပေးရလဲအေ့
မများပါဘူးအေ တစ်သောင်းခွဲထဲရယ်ပါ
ညည်းကတော့ ဘယ်များမလဲတော် ကျုပ်တို့ မှာက လေးငါးထောင်တန်တောင်
အနိုင်နိုင်ဝယ်ဝတ်နေရတာတော့
အမျိုးသမီးတွေဆိုတော့ သိတယ်မို့ လားဗျ လှချင်ပချင်ကြတာ
သည်လိုတစ်ယောက်တစ်ပေါက်တွေပြောကာ ထွက်လာကြပါတော့သည်။
ထို့ နောက်ကာလသားလေးမျာကလည်း အဝတ်စားသစ်တွေ ဝတ်လို့ 
သည်လို တစတစ လူစုံလာတော့ ရွာလေးရဲ့ အလှူဝတ်ဆံ လှည့်ကြပါတော့သည်။
အလှည့်ကျတာနဲ့  အသင့်အနေထားမှာရှိနေသော ဒိုးပတ်ဝိုင်းအဖွဲ့ က စတင်ကာ
တီးမှုတ်ပါတော့သည် ။နှဲသမားကိုမြစံကတီး...တတယ်...တီးတယ့်တီးတယ်....တယ်တယ်တယ်.....တီး..တယ်
အဲ့လိုအဲလိုနေအောင်မှုတ် ပါးကြီးကို ဖောင်းလိုက်ပိန်လိုက်ဖြင့်မှုတ်ပြပါတော့သည်။
ဒိုးဆရာကိုဘမောင်ကလည်းပတုတ်တုတ်..တုတ်ပဒို..ဒို..ဒို ပတုတ်
ဒိုးမှာကပ်ထားသော ပတ်စာ ပင် တုန်ခါနေတအာင်တီးလိုက်တာ သောသောကို ညံလို့ ဗျာ။
နောက်လင်ကွင်းဆရာကိုမောင်တွတ်ကလည်း အညံ့ မခံ
ချန်းချန်း...ဂလွင် ..ချန်းဂလွင် ..ချန်း...အားကုန်တီးနေပုံမှာ အံကိုကျိတ်ကာကျိတ်ကာနဲ့ ပေါ့ဗျာ
အဲ သူတို့ တွေ ကဒီလိုတွေလုပ်တော့ ကျနော်မောင်ရွှေးရိုးအလှည့် တစ်ပြန်ကျလို့ လာပါပြီမို့ 
ထီးလေးကိုကောက် နှုတ်ခမ်းမွေးလေးကို့  ဖွကာကားလို့ 
ခြေလေးထိုးကာသော့ကာ ကနေဆဲမှာ ဒေါ်မိုးကပါ ထလာလို့ သာ ကပါတော့သည်။
မြင်ရလျှင် သူတို့ ဘ၀င် တောရဲ့အဆင်း တောသတင်းကို နှစ်ထောင်းအားရရှိကြမည်သာ။
ပေါက်ပေါက်ဆန်ဗန်းပတ်တဲ့ အလှူဒကာကြီးရဲ့သမီး နုသွေးကလည်း
ဒီနေ့ မှ ပိုလှလာသလိုလိုဗျ ။ကွမ်းတောင်းကိုင် ပန်းတောင်းကိုင် အဲဟုတ်ပါဘူး
ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် လေးများက ညိုပြာညက်ညက် လှအားရက်နေလိုက်ကြတာဗျာ။
မောင်းရင်းလောင်းများနောက်မှ သျှိုး ...လိုက်တဲ့ အဖွဲ့ ကလည်း ဒီလိုတဖန်ဆိုပြန်သဗျ
မေလေးကို သံချိုနှောလို့  ပြောခဲ့ပါဦး....သျှိုး.....
နောက်ကဆိုင်းသမားတွေကလည်း အဆင်သင့်ပါ
တုတ်တုတ်ဗြုန်း....ကိုလိုက်ပေးလေသည်။
ရယ်ချင်လျှင် နောင်အပတ်
ဆက်လက်စောင့်မျှော်အားပေးပါ
လေးစားလျှက်
ရင်ခုန်ရသူ(မူပိုင် ဘလော့)
*****စံလွန်းတင်*****
Viewing all articles
Browse latest Browse all 9878
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>