လူရယ်လို့ဖြစ်လာကတည်းက အပူတစ်မျိုး၊အမှု့တစ်ရာတွေ့လာခဲ့ကြရသောကျန်ာတို့ တစ်ထွေ
အမိမြေကိုခွဲခွါစီးပွါးရှာကြရတဲ့လူကတစ်ဖုံ၊အမေ့ရင်ခွင်ကိုခွဲခွာလာခဲ့ကြရတဲ့လူတွေကတစ်မျိုး။ကံကောင်းလို့ 
အမိမြေမှာနေကြရတဲ့လူတွေ၊အမေ့ရင်ခွင်မှာနွေးထွေးစွာခုံလုံပြီး၊ဥမကွဲသိုက်မပျက်ဘဲနေနေကြရတဲ့လူတွေ
အတွက်ကတော့ လွမ်းစရာ၊ရင်နာစရာတွေအတွက် ဖြေသိမ့်၊နှိမ့်သိပ်နိုင်ကြောင်း နှစ်သိပ်၊ဖြေသိမ့်နိုင်ကြ
ပါလိမ္မယ်။
အတ္တပြေးလမ်းအလယ်မှာ မာန်မာနကိုခ၀ါချပြီး၊မေတ္တာဆိုတဲ့ အမှန်တရားလေးကိုလူတိုင်းသာ
ချစ်ခင်မြတ်နိုးလာတတ်ကြရင်တော့သိပ်ကောင်းမှာပါဘဲ။ငြိမ်းချမ်းရေး၊အေးချမ်းရေးဆိုသောစကားကိုပါး
စပ်ကသာပြောပြီးလက်တွေ့ အကောင်အထည်မဖော်နိုင်သေးသ၍တော့ ရင်နာသူအတွက်တော့ ကံကြမ္မာ
မုန်တိုင်းကြားမှာ အဖန်တစ်ရာမက အိမ်မက်ဆိုးတွေမက်နေဦးမှာပါဘဲ။မိသားစုတစ်ခုဘဲဖြစ်ဖြစ်၊နိုင်ငံတစ်နိုင်
ငံဘဲဖြစ်ဖြစ်၊အပြစ်ကင်းသောသူ၊အပြစ်ကင်းသောအဖွဲ့ အစည်းရယ်လို့ မရှိသလောက်ပါဘဲ။
မိသားစုတစ်ခုမှာလည်းဒီတိုင်းပါဘဲ မိဘနှစ်ပါးရှိတုန်းကတော့ အဖေ၊အမေတွေရဲ့အရိပ်အာဝါသ
အောက်မှာညီကိုမောင်နှမအေးချမ်း၊အေးတူပူအမျှနေနိုင်ကြပေမယ့်၊အရွယ်ရောက်လို့  ကြင်ယာစုံကိုယ့်
လမ်းကိုလျှောက်ကြရတဲ့အခါမှာတော့၊ညီကိုမောင်နှမအရေးထက်၊မိသားစုအရေးကပိုအရေးကြီးလာပြန်
တော့ သမုဒ္ဒရာဝမ်းတစ်ထွာအရေးရယ်ကြောင့်၊ မိဘညီကိုမောင်နှမ စိတ်ဝမ်းကွဲတဲ့အခြေအနေတွေလည်း
ရှိကြရပြန်တယ်။အဲအခါမှာတော့ ကံကြမ္မာကိုအပြစ်ပုံချဘို့ လည်းခက်၊ကိုယ်ကံကိုယ်ယုံကြည်ရလည်းခက်
အပျက်အပျက်နှင့်နှာခေါင်းသွေးထွက်တတ်ကြပြန်တယ်လေ။လွမ်းတတ်ရင်လည်းအနာနှင့်ဖြေ ကံကြမ္မာ
လည်းပုံမချသင့်ပါဘူး၊လွမ်းရေးထက် ၀မ်းရေးကခက်နေကြလေတော့ မေတ္တတရားနှင့်အေးချမ်းမှု့၊ငြိမ်းချမ်း
ရေးဆိုတာတော့ နိုဘယ်ဆုကမ္ဘာကျော်အောင်ရနေကြလည်း လမ်းပျောက်နေကြဦးမှာဘဲ။ဘသူမှအပြစ်မတင်
ကြလေနှင့် ကိုလိုတာဆွဲနေသမျှတော့ ပြတ်မှာသေချာတာပေါ့။လွမ်းရေးထက်ဝမ်းရေးခက်နေကြသောသူ
တစ်ချို့မှာတော့ အေးချမ်းမှု့ဆိုသောလေပြေလေညင်းလေးကို ရှူရှိုက်ခွင့်များ ဘယ်သောခါများရနိုင်ကြ
တော့မှာပါလဲ,,,,,,,,,,
ဤအရာများသည် ကျနော်၏အတွေးစလေးများသာဖြစ်ပါ၍ စာဖတ်သူအပေါင်းနှင့်တိုက်ဆိုင်မှု့
မရှိခဲ့ပါမူ စိတ်မရှိကြပါနှင့်,,,
စာရေးသူ-နိုင်ထွန်း(ရမ္မာဝတီ-လေးတောင်)