ငါဟာ မနက်တိုင်းဖုန်းဆက်ပြီး နင့်ကိုအိပ်ရာနိုးခွင့်ရှိတဲ့သူတစ်ယောက်မဟုတ်ဘူး နင်နဲအပြင်သွားရင် နင့်လက်ကိုဆုပ်ကိုင်ထားခွင့်ရှိတဲ့သူတစ်ယောက် မဟုတ်သလို.. နင့်မိဘတွေနဲရင်းရင်းနှီးနှီးစကားပြောခွင့်ရှိတဲ့သူတစ်ယောက်လဲမဟုတ်ခဲ့ဘူး .. ဖုန်းလာလို့ နင်မအားရင် နင့်ဖုန်းကိုယူပြီး Hello ထူးပေးပိုင်ခွင့်ရှိတဲ့သူတစ်ယောက်လဲ မဟုတ်ဘူး .. ငါဟာ နင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခြင်းမခံခဲ့ရဘူးသလို .. ငါဟာ နင်ချစ်ရသူပါလို့ ဘယ်သူ တစ်ဦးတစ်ယောက်မှ မသိခဲ့ပါဘူး ...ဒါပေမယ့် ငါကျေနပ်ပါတယ်... ငါ မြတ်နိုးတဲ့နင့်ရဲ့တောက်ပတဲ့မျက်လုံးလေးတွေကိုတော့ ငါအနီးကပ်ရင်ခုံရင်းကြည်နူးခဲ့ရဘူးတယ် .. ငါ့ဘေးမှာ အခိုက်အတန့်  တစ်ခုအထိ နင်အတူရှိနေခဲ့ဘူးတယ် ..မိုးတွေရွာတဲ့အချိန်ထီးမပါလို့ .. ငါတို့ နှစ်ယောက်အတူလက်တွဲပြီး မိုးရွာထဲမှာ ပြေးလွှားကခဲ့ဘူးတယ်.. ငါနေမကောင်းတဲ့နေ့ မှာ နင်စိတ်ပူပြီး ငါ့ကိုအသိမပေးပဲ ငါ့ဆီရောက်လာခဲ့ဘူးတယ် .. အခိုက်အတန့် တစ်ခုအထိ နင်ငါ့ကို သေချာဂရုတစိုက်ရှိခဲ့ဘူးတယ်... ကံကြမ္မာကဆုံတွေ့ ခွင့်ပေးခဲ့တဲ့ ငါတစ်ဘ၀လုံးစာချစ်မိသွားမယ့်သူဟာ ဒီလိုပုံစံလေးပါလားလို့  နင့်မျက်နှာကိုငေးကြည့်ရင်း ငါကြည်နူးခဲ့ဘူးတယ်လေ... ငါလက်ခံထားပြီးသားပါ ... လောကမှာ တချို့ အချစ်တွေဟာ တွေ့ ဆုံချိန်နောက်ကျတတ်လွန်းတယ်ဆိုတာကိုပေါ့... အခု စွန့် လွှတ်ဖို့ အချိန်ရောက်လာလို့  နင်ငါ့ကိုစွန့် လွှတ်ခဲ့ပေမယ့်.. ငါကျေနပ်မိပါတယ်.. ဘာလို့ လဲဆိုတော့.. ငါဟာ အစောကတဲက တစ်ချိန်မှာခွဲခွာရမယ်ဆိုတာသိခဲ့ရက်နဲ့  နင်နဲ့ ဆုံစည်းခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို ကျေးဇူးတင်ခဲ့မိလို့ ပါပဲ...
↧
ငါကျေနပ်မိပါတယ်..
↧