Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

Color Blind Test လေးလုပ်ကြည့်ရအောင်

$
0
0

Color Blind Test လေးလုပ်ကြည့်ရအောင်

  

             ကျွန်တော်ဆေးတက္ကသိုလ် စတက်ရတုန်းက ဆေးစစ်တာတွေ လုပ်ရတယ် …။ သွေးစစ် ဆေးစစ် ကျန်းမာရေးစစ်ပေါ့ဗျာ …။ အဲ့ဒီမှာ ဆေးစစ်တုံးက Color Blind Test ဆိုတာပါတယ် …။ အရောင်ခွဲခြားနိုင်မှု အခြေအနေကို စစ်ဆေးတာပေါ့ …။ Color Blind ဆိုတာကြီးရှိနေရင် ဘာအရောင်မှ မမြင်ရတော့ဘဲ ရှေးရုပ်ရှင် ဇာတ်လမ်းတွေလိုမျိုး အဖြူအမည်း ဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး …။ အဓိက အရောင်နှစ်မျိုးကို မခွဲခြားနိုင်တော့တာ …။ အစိမ်းရောင်နဲ့ အနီရောင် ..။ ဆိုတော့လည်း မီးပွိုင့်မှာ နီနေသလား စိမ်းနေသလား မသိအောင် ဖြစ်နိုင်တဲ့ အခြေအနေတော့မဟုတ်ဘူး …။ ဒါပေမယ့် လည်း အဲ့ဒီ Color Blind ဖြစ်မဖြစ်ဆိုတာက လည်း အရေးပါတယ် …။ အဓိက ကတော့ ဆေးပညာလောကနဲ့ ပိုင်းလော့ တွေပေါ့ နော် … ဗိုလ်သင်တန်းဖြေတဲ့ သူတွေလည်း စစ်ရတာပါပဲ …။ (တခြား ဟာတွေလည်း ရှိချင်ရှိဦးမှာပေါ့ ဒါပေမယ့် ကျွန်တော်သိတာ ကိုပဲ ပြောကြည့်တာ … တစ်ချို့ အလုပ်တွေက အင်တာဗျူးခေါ်စစ်တဲ့အခါ Color Blind Test ပါစစ်တာတွေလည်း ရှိတယ်လို့ ကြားဖူးပါတယ် …) အဲ့ဒါက ကူးစက်ရောဂါလည်း မဟုတ်ဘူး …။ ဘက်တီးရီးယား ဗိုင်းရပ်စ် ကြောင့် ဖြစ်တာလည်း မဟုတ်ဘူး …။ အဓိက အားဖြင့်တော့ မျိုးရိုးဗီဇ ပြောင်းလဲမှုကြောင့် ဖြစ်ရတဲ့ အခြေအနေ …။ ပြီးတော့ မိန်းကလေးတွေထက် ယောက်ျားလေးတွေက ပိုပြီး အဖြစ်များပါတယ် …။ ပြီးတော့ ကုသပျောက်ကင်းနိုင်တဲ့ အခြေအနေလည်း မဟုတ်ပါဘူးတဲ့ …

 

              ကဲ … သူငယ်ချင်းတို့ရေ … ကိုယ်လည်း Color Blind ဖြစ်နေ မဖြစ်နေဆိုတာ တော်ရုံသိရတာ မဟုတ်ဘူးလေ … ဆိုတော့ ကျွန်တော်က Color Blind Test လေး လုပ်ပေးမယ် … နိုင်ငံတကာမှာ စစ်ဆေးတဲ့ Color Blind Test လေးပါ ..။

             အောက်က ပုံလေးတွေကိုကြည့်ပါ … ပြီးတော့ အစက်အပြောက်လေးတွေထဲမှာ ဘာဂဏန်း ပုံလေးပေါ်နေတယ် ဆိုတာပြောကြည့်ပါဦး …။

 

 

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

ကဲ Result လေးကို ပြောကြည့်ကြစို့ ….

 

တကယ်လို့ သူငယ်ချင်းက ပုံမှန်အမြင်ရှိတဲ့ သူဆိုရင် …

 

အပေါ်ဆုံး ဘယ်ဘက်က ပုံလေးမှာ 25 ကို မြင်ရမယ် … အပေါ်ဆုံး ညာဘက်က ပုံလေးမှာ 29 ကိုမြင်ရမယ် …

အလယ် ဘယ်ဘက်က ပုံလေးမှာ 45 ကိုမြင်ရမယ် … အလယ်ဘယ်ဘက်ကပုံလေးမှာ 56 ကိုမြင်ရမယ် …

အောက်ဆုံး ဘယ်ဘက်က ပုံလေးမှာ 6 ကိုမြင်ရမယ် … အောက်ဆုံး ဘယ်ဘက်ကပုံလေးမှာ 8 ကိုမြင်ရမယ် …

 

တကယ်လို့ သူငယ်ချင်းကသာ Red-Green Color Blindness ရှိနေခဲ့မယ်ဆိုရင်တော့ …

 

အပေါ်ဆုံး ဘယ်ဘက်က ပုံလေးမှာ 25 ကို မြင်ရမယ် … အပေါ်ဆုံး ညာဘက်က ပုံလေးမှာတော့ ဘာမှ မမြင်ရဘူး အစက်အပြောက်လေးတွေကိုပဲ မြင်ရမယ် …

အလယ် ဘယ်ဘက်က ပုံလေးမှာ ပုံလေးမှာလည်း ဘာမှ မမြင်ရဘူး အစက်အပြောက်လေးတွေကိုပဲ မြင်ရမယ် … အလယ်ညာဘက်ကပုံလေးမှာတော့ 56 ကိုမြင်ရမယ် …

နောက်ဆုံး အောက်ဆုံးက နှစ်ပုံမှာတော့ ဘာမှ ဂဏန်းမှ မမြင်ရဘဲ … အစက်အပြောက်တွေချည်း ဖြစ်နေလိမ့်မယ် ….

 

ကဲ သူငယ်ချင်းတို့ရေ … စမ်းသပ်ကြည့်လိုက်ကြပါဦးနော် …

 

ṂǥЌAṳถḡ

 

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>