ကျွန်မတို့ ချစ်ခဲ့ကြပါသည်။ အရမ်းချစ်ခဲ့ကြပါသည်။ တစ်မိုးအောက်တစ်ယောက်ရယ်လို့တောင် ပြောစမှတ်ဖြစ်အောင် ချစ်ခဲ့ကြပါသည်။
သို့သော် သို့သော် သို့သော်
အချစ်၊ အနမ်းတို့ကိုတော့ လွမ်းမနေခဲ့ပါဘူး။ ငြိမ်းချမ်းတဲ့အချစ်မို့လို့ အလွမ်းဆိုတဲ့ မီးတောက်တွေလည်း မရှိ။ ပကတိအေးချမ်းလျှက်။ ငြိမ်သက်လျှက်။ သို့သော် သို့သော် သို့သော် “ကျွန်မတို့ ချစ်နေဆဲ။ မေတ္တာတွေဝေနေဆဲပါ”
မောင်နဲ့ကျွန်မ စတွေ့ပုံက မဆန်းကြယ်လှပါ။ မောင်က ကျွန်မတို့လမ်းထဲကို အသစ်ပြောင်းလာတဲ့ အိမ်နီးချင်း အသစ်အဖြစ်ပေါ့။ ကျွန်မ ရဲ့ မောင်လေးက ကျွန်မနဲ့မောင်တို့ကြားက ပေါင်းကူးတံတားတစ်ခုပေါ့ရှင်။
“မမမေ ဒေါ်မမမေ သတင်းထူးဗျို့ သတင်းထူး”
“???? ဘာဖြစ်လာတာတုန်း ဖိုးသားရယ်။ အလန့်တကြား”
“မမမေကို ပိုးပန်းနေတဲ့ အိမ်နံပါတ် ၃၄ က ကိုနောင်တို့တမိသားစုလုံး အော်ဇီကို ပြောင်းသွားပြီတဲ့”
“ဟဲ့ အဲ့ဒါဘာဖြစ်လဲ?
“ဟာဗျာ……… ဘာဖြစ်ရမှာလဲ။ စားပေါက်တစ်ခု ပိတ်ပြီပေါ့….ကိုယ့်အမကို ပိုးပန်းနေတော့ ယောက်ဖလောင်း ဆိုပြီး သူ့ဂိမ်းဆိုင်မှာ ဂိမ်းအလကားသွားသွားဆော့လို့ရတယ်။ ခုတော့ဗျာ………… ”
“ဟဲ့ကောင်လေး ပေါက်ကရလျှောက်ပြောမနေနဲ့ သူများကြားရင် တစ်မျိုးထင်မယ်“
“အရေးကြီးတာ ခုမှ ပြောမှဗျ. အဲ့ဒီအိမ်ကို ပြောင်းလာတဲ့လူသစ်တွေကလေ ခင်ဖို့ကောင်းတယ်ဗျ ပြီးတော့ ချောလည်း ချောတယ်ဗျ……..”
“ဖိုးသား နင်ဟာလေ စပ်ကိုစပ်စုတယ်။ သွား ကျူရှင်သွားဖို့လုပ်”
ကျွန်မ လည်း ဖိုးသားကို အော်ငေါက်ပြီး ကျူရှင်အမြန်သွားခိုင်းလိုက်ရတယ်။ မအော်လို့လည်းမရ။ အင်မတန် စပ်စုပြီး စကားများတဲ့ ကလေးရယ်ပါ။
ကွန်မမမမေ တို့အိမ်က ၄၃ ဆိုတော့ သူပြောတဲ့ အိမ်နံပါတ် ၃၄ ဆိုတာ ကျွန်မတို့ အိမ်နဲ့ ၁၀ အိမ်မြောက်ကပါ။
ကျွန်မနဲ့ မောင့်ရဲ့ တွေ့ပုံက သိပ်တော့မဆန်းကြယ်လှပါဘူး………..( မောင့်နာမည်က မောင်တစ်လုံးတည်းပါ) ကျွန်မသင်တန်းကအပြန် ပိုက်ဆံအိတ် ကျ ကျန်ခဲ့တယ်။ မောင်က ကောက်ရတယ်။ ပြီးတော့ ပိုက်ဆံအိတ်ထဲမှာ ပါတဲ့ ဒေတာအတိုင်း ရှာပြီး ကျွန်မကို ပြန်ပေးခဲ့တယ်။ ထုံးစံအတိုင်း ကျွန်မက ကျေးဇူးတင်တယ်။ ကျွန်မ နဲ့ မောင်တို့ မိတ်ဆွေတွေ ဖြစ်ခဲ့တယ်။ ဒီအထိ ဘာဆန်းလို့လဲ ရိုးရိုး ဇာတ်လမ်းလို့ ထင်မှာပေါ့နော်။
ဖိုးသားပြောခဲ့သလို မောင်က တကယ်ပဲ ချောမောပြီး လူရည်မွန်တစ်ယောက်ပါ။
နောက်တော့ ကျွန်မနဲ့ မောင်တို့ ဖုန်းတွေလည်း ပြောဖြစ်ခဲ့ကြတယ်။ မောင့်ဖုန်း တစ်ရက် မလာရင် ကျွန်မ မျှော်နေမိပြီ။
“မောင်မှ အားရဲ့လား။ မောင် အလုပ်တွေရှုတ်နေမှာလား။ နေမကောင်းလို့များလား”
မောင်နဲ့ ကျွန်မ အွန်လိုင်းမှာလည်း စကားတွေ အများကြီးပြောဖြစ်ခဲ့ကြပြီ။ ကျွန်မအကောင့်လေး offline ဖြစ်နေရင် မောင်စိတ်ညစ်နေတတ်သလို မောင့်အကောင့်လေးကို မတွေ့မိရင် ကျွန်မအတွက် အွန်လိုင်းဆိုတာ ခြောက်ကပ်ကပ် တကယ့်ပျင်းစရာအတိပါ။
ဒီလိုနဲ့ အိမ်နံပါတ် ၄၃ က ကျွန်မ နဲ့ အိမ်နံပါတ် ၃၄ က မောင်တို့ သံယောဇဉ်တွေ အထပ်ထပ် တကယ်ကို ရစ်ပတ်ခဲ့ကြပြီ။
တစ်နေ့တော့ အွန်လိုင်းမှာ မောင်က
မောင်း မမမေ ကျွန်တော် ပြောစရာရှိတယ်
မမမေး ပြောလေ မမမေကို ကော်ဖီလိုက်တိုက်မလို့လား။ ရပါတယ်။ အားမနာနဲ့ :P
ကျွန်မ မမမေ ခါတိုင်းလိုပဲ မောင့်ကို စနောက်လိုက်တော့
မောင်း မနောက်နဲ့ မမမေ ကျွန်တော် တကယ်ပြောစရာရှိတာ။ ဒီလိုလုပ်ဗျာ။။ ညနေ FOREVER
ကော်ဖီဘားမှာ ဆုံမယ်
မမမေး အရေးကြီးလို့လား။ ညနေ မမမေ အတန်းဝင်စရာရှိသေးတယ်လေ။
မောင်း သိတယ် ။ မမမေ လာတဲ့အထိ ကျွန်တော်စောင့်မယ်။
မမမေး အိုကေလေ
ကျွန်မ မညာဘဲ မငြင်းပဲ ၀န်ခံရရင် ကျွန်မ ရင်ခုန်ပါသည်။ မောင့်ကို ခါတိုင်းတွေ့နေကျ စကားပြောနေကျ ပေမယ့် ထူးဆန်းစွာ ကျွန်မ ရင်ခုန်နေမိပါသည်။
သေချာပါတယ်။ ထုံးစံအတိုင်းဆိုရင် သူကလည်း တွေ့ဖို့ချိန်းတယ်။ မိန်းကလေးကလည်းရင်ခုန်နေတယ်ဆိုရင် သူတို့ နှစ်ယောက်ချစ်သူတွေ မကြာခင်ဖြစ်ကြတော့မယ်ဆိုတာပါပဲ။
ထူးဆန်းစွာပဲ အဲ့ဒီနေ့ အတန်းချိန်နောက်ကျတာရယ် သူငယ်ချင်းက မုန့်စားဖို့ ခေါ်ခဲ့တာရယ်ကြောင့် ကျွန်မ မော င်စောင့်နေတဲ့ ဆိုင်လေးကို ရောက်မသွားဖြစ်ခဲ့ပါဘူး။
ကော်ဖီဆိုင်မှာတစ်ယောက်တည်း ကျွန်မကို ည ၉ နာရီထိ စောင့်ခဲ့ရတဲ့ မောင်ကညကျတော့
ကျွန်မဆီကို ဖုန်းဆက်ပြီး
“မမမေ နေမကောင်းလို့လား။ အခုဘယ်လိုနေသေးလဲ”
“ ”
“ဟုတ်တယ်မလား။ နေမကောင်းတာမလား။ ကျွန်တော်စိုးရိမ်လို့”တဲ့
ကျွန်မ အရမ်းစိတ်မကောင်းဖြစ်ခဲ့ရပြီ။ မောင်ကျွန်မကိုစိတ်မဆိုးပါလား။ စိတ်အရမ်းပူနေပါလား။
“ကျွန်မ ………. ကျွန်မ ………….တောင်းပန်ပါတယ်……………………”
ကျွန်မသာ မောင့်နေရာမှာဆိုရင် စိတ်ဆိုးတာပဲဖြစ်ဖြစ် ရန်တွေ့တာပဲဖြစ်ဖြစ် လုပ်တော့မှာ ခုတော့
…………………………………………………………………………………………………………………………………………
ဆက်လက်ရေးသားတင်ပြပါအုံးမည်။
အားနည်းချက်တွေများနေတဲ့ မမမေရဲ့ ကိုယ်တိုင်ရေး အချစ်ဝတ္ထုဇာတ်လမ်းလေးပါ။နောက်ပိုင်းမှာ ချစ်ဇာတ်လမ်းလေး ဘယ်လိုအဆုံးသတ် မလဲလို့ အားပေးဝေဖန်ပေးပါ အုံးနော်။
တစ်ပါးသူပျော်ရွှင်ဖို့စိတ်ရင်းနှင့်အားထုတ်သူသည် ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည်။