ဌာနမှူးနဲ့ ပြောပြီးတော့ မင်းသမီး အိမ်ကို လှည့်ပြန်လာခဲ့တယ်....။ လမ်းမှာလည်း စဉ်းစားလာမိတယ်.....
တကယ်လို့ သံအမတ်ကြီးက DNA စစ်ဆေးချက်အရ အဖေမဖြစ်ခဲ့ရင် သူ့သားလို့ပြောတဲ့ ဒီကောင်လေးကို ပြန်မောင်းထုတ်လို့
ရပြီ.... ဒါဆိုရင် စွဲချက်တင်ထားတဲ့ အမှုကိုလည်း ရုပ်သိမ်းပေးရမယ်...။ နောက်ပြီး သူနဲ့အတူ ရဲကိုဝိုင်းထိုးခဲ့တဲ့ မူးယစ်ဆေးဝါး
မသင်္ကာတရားခံလေးတွေကိုလည်း အရေးယူနိုင်မယ်၊ ပြဿနာတစ်ခုတော့ရှိတယ်...။ သံအမတ်ကြီးကို DNA စစ်နိုင်ဖို့က သူ
ဆံပင်ညှပ်တဲ့နေ့အထိ စောင့်ရမယ်...။ ဒီကြားထဲ ပြည်နယ် တရားရုံးက စွဲချက်တင်လိုက်ရင် MPD က ရဲလေးကတော့ဘ၀ပျက်
ပြီ။ သူ့ ဌာနက တာဝန်ရှိသူတွေလည်း လွင့်ပြီ...။ နောက်ပြီး နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တစ်ဦးဦးက တရားဝင်တောင်းပန်ရတော့
မယ်။ (၂)ရက်တောင် လိုသေးတာပဲ... ဒီနေ့က သောကြာနေ့လေ။
အိမ်ပြန်ရောက်တော့ ဘာရယ်မဟုတ် လေသာဆောင်ကို ထွက်ပြီး ပတ်ဝန်းကျင်ကို ကြည့်နေမိတယ်.....။
ခပ် ဝေးဝေးက မစ္စစ္စပီ မြစ်ကြီးကို လှမ်းကြည့်မိတော့ အဆောက်အဦတွေနဲ့ ကွယ်နေလေရဲ့။ လမ်းမှာ နှင်းတွေ စိုနေတဲ့ Maple
ရွက်လေးတစ်ရွက်ကို တွေ့ခဲ့ရတယ်....။ ဒီလို နွေဦးရာသီလေးမှာ တစ်နေရာရာမှာတော့.... MapleLeaf လေးတွေ ကြွေနေ
သလို..... မြန်မာနိုင်ငံ ပင်လယ်ကမ်းစပ်မြို့လေးက သနပ်ခါးလေး လိမ်းထားတတ်တဲ့ ကောင်မလေးကို သတိရနေမိတယ်...။
သူလည်း ဒီအချိန်ဆို သဲသောင်နုနုလေးပေါ်မှာ... သတိရကြောင်းတွေကို တုတ်ကလေးနဲ့ ရေးခြစ်နေရောပေါ့.....။
တတီတီ အသံမြည်ရင်း ထိန်းချုပ်ရေး ဘောက်စ်လေးမှာ မီးနီလေးပွင့်လာလို့ ကြည့်လိုက်တော့ မင်းသမီး
ကားတန်းလေး ပြန်ဝင်လာတာပဲ.....။
ဧည့်ခန်းထဲမှာ ရပ်စောင့်နေတုန်း မင်းသမီးတို့ ၀င်လာကြတယ်...။ ဧည့်သည်တွေလည်း ပါလာတယ်......
ခန္ဓာကိုယ်တုတ်တုတ်ခိုင်ခိုင်နဲ့ အသားခပ်ညိုညိုတွေ... ဘရာဇီးတို့... ချီလီတို့လို လူမျိုးတွေပဲ...။
`` ဆမ်... ခဏလေးနော်.... ဧည့်သည်တွေပါလာတယ်.... ထိုင်ကြပါ..... အေးအေးဆေးဆေးပေါ့......´´
ပြောရင်း မင်းသမီးက အခန်းထဲ ၀င်သွားတယ်။
(၁၀)မိနစ်လောက်ကြာတော့.... ကရာတေးဘောင်းဘီလို...... အဖြူရောင်ဘောင်းဘီနဲ့ တီရှပ်အဖြူနဲ့ ပြန်
ပြန်ထွက်လာတယ်....။
`` ဒီနေ့ ဘရာဇီးက Dancer တွေခေါ်လာတယ်... Capoeira ကမလို့လေ ဆမ်ရဲ့..... လိုက်ကြည့်ပါလား´´
`` အင်း.... လိုက်ခဲ့မယ်။ ဘယ်သွားမှာလဲ.....´´
`` မြစ်ဘေးက အဖြူရောင်ကျွန်း စားသောက်ဆိုင်ကိုလေ.... မြစ်ကမ်းဘေးမှာဆိုတော့.... က လို့ရတယ်။
ကားပေါ်တက်ရင်း အတူထွက်လာကြတယ်၊ Dancer တွေက Ace ကားတစ်နဲ့... မင်းသမီးကားကိုတော့
ကျွန်တော်ကိုယ်တိုင် မောင်းခဲ့တယ်။ အတူယှဉ်ထိုင်ရင်း မင်းသမီးရဲ့ ပြင်သစ်ရေမွှေးနံလေးရနေတယ်။ စိတ်ထဲမှာ ရှင်မတောင်
သနပ်ခါးနံ့လေးကို သတိရမိသေးတယ်... ဒီနေ့ထူးဆန်းနေလိုက်တာ....။
သတ်မှတ်နေရာရောက်တော့ မင်းသမီးနဲ့ အဖွဲ့ ဆင်းကြတယ်.... ပြီးတော့ တီးလုံးကိုဆောင်းဘောက်ကြီး
နှစ်လုံးနဲ့ ဖွင့်ပြီး Dancer အဖွဲ့က အရင်ကတယ်...။ ဘရာဇီးကမ်းထရီး တေးသွား အရမ်း တက်ကြွစရာကောင်းတယ်...။ က နေ
ကြတာလည်း ပျော်စရာကြီး ``၀ီရရသ´´ လို့ခေါ်တဲ့ တက်ကြွခြင်းတွေကိုဖြစ်ပေါ်စေတယ်လေ.....။
ကနေတာကို သေချာကြည့်ရင်းနဲ့ မြန်မာတိုက်ခိုက်ရေးနည်းဖြစ်တဲ့ ဗန်တို ဗန်ရှည်သိုင်းနဲ့ တော်တော်တူ
နေတယ်ဆိုတာ သတိထားမိလိုက်တယ်.....။
သူတို့က တစ်ယောက်နဲ့ တစ်ယောက်တိုက်ခိုက်တာကို သရုပ်ပြ ကခုန်နေကြတာပဲ.......။ ခါးပေါ်မှာ ခန္ဓာ
ကိုယ်ကို တင်ပြီး ခြေကို တစ်ပတ်ပြီး တစ်ပတ်လှည့်ရင်းကနေတာတွေ... မြေကြီးပေါ်ကို ထိုင်ချရင်းငုံ့လိုက်...၊ ရှောင်လိုက်နဲ့ အင်
မတန်ကို အားမာန်ပါတဲ့...... ကနည်းပါပဲ....။ တော်ယုံ ခန္ဓာကိုယ်ကြံ့ခိုင်ယုံနဲ့တော့ မရလောက်ဘူး.....။
Dancer အဖွဲ့ ကပြီးတော့ မင်းသမီး ၀င်လာတယ်...။ ကျွန်တော် သေသေချာချာ ကြည့်မိတယ်...သူ က
နိုင်ပါ့မလားလို့....။
ထင်ထားတာထက် ပိုပြီး လှပအောင် ကသွားတယ်...။ အင်မတန်ကို လှပတဲ့ မင်းသမီးပါပဲ...။ ခါးပေါ်မှာ
ခန္ဓာ ကိုယ်ကို တင်ပြီး ခြေကို တစ်ပတ်ပြီး တစ်ပတ်လှည့်ရင်းကနေတုန်း သူ့ရဲ့ ရွှေရောင် ဆံနွယ်တွေက ရွှေရောင် ကမ္ဗလာကြီး
တစ်ချပ်ကို လေထဲမှာ ဖြန့်ခင်းထားသလိုကို လှပပါပေတယ်....။
ကလို့ ပြီးတော့ ချွေးတွေနဲ့ ရွှဲရွှဲစိုနေတဲ့ မင်းသမီးကို တဘက်ကလေး ကမ်းပေးမိတယ်.... `` ကျေးဇူးပါ..´´
လို့ အပြုံးလေးနဲ့ ပြောလိုက်တဲ့ မင်းသမီးကို ပြန်ပြုံးပြလိုက်မိတယ်...။
သတိထားကြည့်မိလိုက်တော့... အားလုံး ပြုံးနေကြလေရဲ့.....။ ရင်ခွင် ကမ်းစပ်ကို လှိုင်းလုံးကြီးတွေ ရိုက်
ခပ်မလာစေချင်ဘူး မင်းသမီးရေ.....။
ကျွန်တော် သက်တော်စောင့်...... (၁၂)သို့