Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကျမကိုအနမ်းလေးပေးပါ (Kiss Me Quick)

$
0
0

       ကိုတက်နေသည်ကုမ္ပဏီတစ်ခု၏၀န်ထမ်းဖြစ်သည်။ သူ့ဇနီးသည်နှင့်

ကလေးသုံးယောက်ရှိသည်။ ကိုတက်နေအစကအရက်ဆိုတာလုံးဝအနံ့

မခံနိုင်သူပါ။အပေါင်းအသင်းသူ့ငယ်ချင်းတွေနဲ့ အပျော်အပါးနဲနဲသောက်

ရာက အရက်အရသာကိုနှစ်သက်လာသည်။ လိုရင်းပြောရရင်ကိုတက်နေ

အရက်သမားတဖြည်းဖြည်းဖြစ်လာတယ်။ ကိုတက်နေသည်မိုးချုပ်မှအိမ်

ပြန်သည်။ မူးခါမှ အိမ်ပြန်တတ်သည်။

        ကိုတက်နေသည်အိမ်ထောင်ဦးစီးဖြစ်သည် အိမ်တွင် လက်ရှိလခ

က မိမိအရက်ဘိုး၊ နှင့်အိမ်စရိတ်စက မလောက်င၍ ကြွေးတင်သည်။

စိတ်ညစ်သည် အရက်ကိုပိုသောက်မိသည်။ ကိုတက်နေသည် စိတ်ညစ်လျှင်

ရင်မဆိုင်ရဲလျှင် အရက်ကိုဆေးအဖြစ်သာသောက်ရာမှ ရေချိန်ထက်မတန်တ

ဆပိုသောက်မိလျှင် မူးလဲလေတော့သည်။ လောကကြီးကိုစိမ်းစိမ်းကားကား

မေ့တတ်သည်။ ထိုအခါ အကြောင်းခတ်သိမ်း ပြဿနာခပ်သိမ်း ၊ ဒုက္ခခပ်သိမ်း

တို့သည် ယာယီပြေငြိမ်းရတတ်သည်။

         ကြာတော့ကိုတက်နေ အရက်ကိုမသောက်ရလျှင်မနေနိုင်တော့ပါ။အရက်ကို

ကိုတက်နေသိပ်ကြိုက်၍နေပြီ။ အစွဲလမ်းကြီးစွဲလမ်းပြီး သောက်တတ်လာသည်။

ကိုတက်နေသည်အရက်ကိုသူ့သားသမီးများထက်လည်းပို၍ချစ်သည်။အလုပ်

ထက်လည်း အရက်သောက်ရေးကို သူပိုလေးစားသည်။ အပွင့်လင်းဆုံးပြောရ

လျှင်တော့အိမ်ထောင့်တာဝန်ထက်အရက်အတွက် ပို၍မပျက်မကွက် ကျေပွန်၏။

လခထုတ်လျှင် အရက်ကိုလပေး ပေးသောက်သဖြင့် လခတစ်ဝက်ခန့်ကုန်သွား

တတ်သည်။ အိမ်ပြန်လျှင်မိန်းမအား ပြောဆိုရိပတ်ပြီး ကျန်လခအနည်းကိုပေးသည်။

       သူ့မိန်းမလည်း ကိုတက်နေ သေဆိုသေ ရှင်ဆိုရှင် ၀ိုင်းကြည်ရေဆိုလျှင်

ရေပါခပ်ပြီးပါလာတတ်သောမိန်းမဖြစ်သည်။ ကိုတက်နေကိုအလွန်ချစ်သည်။

အရာရာကို ကိုတက်နေစိတ်ဆင်းရဲမှာစိုးရိမ်သည်။ ကိုတက်နေပြောသမျှအကုန်

ယုံသည်။ ဟုတ်ဟုတ် ၊ မဟုတ်ဟုတ်ယုံပြီးသား ။ ကိုတက်နေကလည်း

သည်မျှသဘောကောင်းသော ဇနီးအပေါ်တွင်အနိုင်ယူတတ်သည်။

      ကိုတက်နေသည် မိုးလင်းပြီဆိုလျှင်တော့သတ်သတ်ရပ်ရပ် သန့်သန့်

ပြန့်ပြန့်နေတတ်သည်။ ပြောရလျှင်တော့ အရက်သမားနှင့်စိုးစဉ်းမျှမတူ

တော့ဘဲ မသိသာမသိလျှင် မည်သူမျှသူ့ကို အရက်သမားဟုထင်စရာမရှိပါ။

အနေကလည်းသန့်ပါဘိ၊ သူ့ရုပ်ကလည်းသန့်သဖြင့်သူ့ဇနီး မ၀ိုင်းကြည်

အလွန်ချစ်ရှာသည်။

          ဒီနေရာတွင်တော့မ၀ိုင်းကြည်အကြောင်းမပြောလို့မဖြစ်ပါ။ မ၀ိုင်းကြည်

သည် စိတ်သဘောထားအလွန်ကောင်းသည်။ ကိုတက်နေမူးပြီး အနိုင်ကျင့်သမျှ

ကိုသည်းခံနိုင်စွမ်းရှိသူသာဖြစ်သည်။ မ၀ိုင်းကြည်၏စိတ်သည်လင်ကိုဘုရာကဲံ့သို့

ကိုးကွယ်စိတ်။ ပြန်ပြောကောင်းသည်ဟုမယူဆတတ်။ ပြီးတော့ကိုတက်နေကို

သိပ်အထင်ကြီးလေးစားသည်။ တွေးကြည့်တော့အချစ်ကြောင့်အပြစ်မမြင်လေ

သလား။

         ကိုတက်နေက လူမျိုးပေါင်းစုံနှင့်အပေါင်းအသင်းရှိသူဖြစ်သည်ကိုဂုဏ်

ယူတတ်သည်။ ကြုံရာဆိုက္ကားတစ်စင်း စင်းနှင့်မူးပြီး တွဲ၍အိမ်တိုင်ရာရောက်သူ့

အပေါင်းအသင်းများက လိုက်ပို့သည်ကိုကျေနပ်သဘောကျသည်။

ကိုတက်နေဘယ်လိုပဲဖြစ်ဖြစ် ချစ်ပြီးသားပါ။ ကိုတက်နေ "ရှင်ကျမကိုအနမ်းလေး

ပေးပါဦး " ဟု သားသမီးများ၏ရှေ့တွင်ပင်နောက်ပြောင်တတ်သည်။

          ကိုတက်နေ မူးနေပေမဲ့အကောင်းတော့စားတတ်သည်။ အသားဟင်းချက်လျှင်

မ၀ိုင်းကြည်က ကိုတက်နေအတွက် အသားအကောင်းတစ်တုံးနှစ်တုံးဦးဦးဖြားဖြားချန်

ထားကာ သူနှင့်ကလေးတွေကတော့ဖြစ်သလိုသာစားကြသည်။

လခမလောက်ပေမဲ့ ရှိတာနဲ့လောက်အောင်စားချိုးခြံချွေတာပြိး

အကြွေးတတ်နိုင်သမျှမတင်အောင်ထိန်းသိမ်းစားရသည်။ တစ်ခါတစ်ခါ ရုံးမှ အပို

ဆုကြေးရလျှင်တော့အကြွေးများပြန်ဆပ်သဖြင့် ကျေသွားပြန်သည်။

       အရက်ကိုနေ့စဉ်သောက်နေသဖြင့်ကိုတက်နေတွင် ရောဂါရလာသည်။

ဆေးရုံကိုတက်ကုသတော့ သက်သာလာတယ်။ သက်သာလာတော့ပြန်သောက်။

ပြန်သောက်တော့မသက်သာ။ ဆေးရုံပြန်တက်ကု သက်သာလာတော့ ပြန်သောက်

နှင့်ဂျာအေးသူ့အမေရိုက်ဖြစ်နေသည်။ သုံးခါမြောက်ဆေးရုံတက်အပြီးမတော့

ကိုတက်နေ ရောဂါကျွမ်းနေသဖြင့်ကုသမရတော့ပါ။ ကိုတတ်နေဘ၀ဒီတွင်ဆုံး

ပါလေတော့သည်။ ကိုတက်နေအသုဘတွင် မ၀ိုင်းကြည်စိတ်အလွန်ထိခိုက်

ကာ အော်မိအော်ရာ အော်ငိုလိုက်ပုံက "ကိုတက်နေရေ ရှင် ကျမကို

အနမ်းလေးလာပေးပါဦးတဲ့ " တကယ်တော့မ၀ိုင်းကြည်သည် သတိလစ်၍

ပြောမိပြောငိုသည်သာ။ မ၀ိုင်းကြည်၏အချစ်သည်ပေးဆပ်ခြင်းသာဖြစ်တော့သည်။

ကိုတက်နေ၏အသုဘကိုလိုက်ပို့သူများက ငိုအားထက်ရယ်

အားသံ တွေးသာတွေး မရယ်နိုင်ကြပါ။ နောင်ရေးတွေးလျှင် မ၀ိုင်းကြည်တွင်

သားသမီးသုံးယောက်ကျန်ခဲ့သဖြင့်အသုဘလာရောက်သူများကများစွာ

စိတ်မကောင်းဖြစ်နေကြသည်။ ကျွန်တော်တွေးနေမိသည့်အတွေးတစ်ခုမှာ

လောကတွင် လူတို့သည် သူတို့၏အခက်အခဲများကိုသူတို့ဘာသာသူတို့

အလိုလိုကျော်ဖြတ်သွားတတ်ကြသည်ဟုသာတွေးရင်း စိတ်မကောင်း

ဖြစ်မိသည်မှအပ ဘာမျှမတတ်နိုင်တော့ပါ။ အရက်သည်အလွန်ဆိုးပါသည်။

 

(ကိုယ်တိုင်ရေး)

ကျေးဇူးတင်ပါသည်။

မြင့်စိုး


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>