၁၄၈၆ခုနှစ်တွင် စုန်းများကိုသုတ်သင်သော စုန်းလိုက်မုဆိုးများပေါ်ထွက်လာပြီး ထိုမုဆိုးများသည် စုန်းမများ၏တူလက်နတ်(Hammer of Witches)ဟူသော
ကျမ်းကို လက်ကိုင်ထားလေသည်။ထိုကျမ်းအဆိုအရ စုန်းဟု
စွပ်စွဲခံထားရသူကို ဥပါယ်တံမျဉ်းဖြင့် ၀န်ခံလာအောင် မည်မျှ
ညှင်းပန်းနှိတ်စက်မေးမေး ထိုအပြုအမူသည် မှန်ကန်သည်
ဟုဆိုသည်။
ထိုကျမ်း၏ လက်သုံးဝါဒမှာ စုန်းအတတ်ကို မယုံကြည်လျင် မျက်ကန်းသူဖြစ်သည်ဟုဆိုသည်။ ထိုကျမ်း လက်ကိုင်ထား သူတို့ ထဲတွင် အကျော်ကြားဆုံးဖြစ်လာသူမှာ ဥပဒေပညာနှင့် တွေးခေါ်ပညာရှင် ဂျိမ်းဘိုဒင်(1529-1596)ပင်ဖြစ်သည်။သူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ စုန်းဆိုသည်မှာဘုရားသခင်၏ဥပ
ဒေသများကို သိပါလျက်နှင့် စေတန်ခေါ်နတ်မိစ္ဆာနှင့် အပေး
အယူပြုကာ တစ်စုံတစ်ခုသောကျင့်ကြံမူကို ပြုလုပ်အားထုတ်သူ
ဟုဆို၏နောက်သူ၏ယူဆချက်တစ်ခုမှာ မီးရှို့ ခြင်းသည်သာ
လျှင်စုန်းများကို အကောင်းဆုံးဖြစ်၏ဟုဆိုသည်။ စုန်းများကိုမီး
ရှို့ သတ်လျင် နာရီဝက်ထက်ပိုမကြာချေ။ တစ်ဖန် သူ၏စုန်း
ဖော် ထုတ် ပုံမှာလည်းစိတ်ဝင်စားစရာကောင်း သည်။ သူသည်စုန်းများကိုဖမ်းမိလျှင် စုန်းပညာတတ်ပါသည်
ဟုဝန်မခံလာာမချင်း မရပ်မနားလမ်းလျှောတ်ခိုင်းလေသည်။ ထိုသို့ လမ်းလျှောတ်ခိုင်းရာတွင်စုန်းကို အစာလည်မကျွေး
ရေလည်းမတိုက်ချေ။ သူ၏နည်းသည် စိတ္တဇဆန်လှသောလည်း စုန်းဖော်ထုတ်ရာတွင် အလွန်တရာမှအောင်မြင်မူရခဲ့ လေသည်။
ထိုသို့ စုန်းဖော်ထုတ်မူသည်လည်း ယနေ့ တိုင်အသုံးပြုနေ
ရဆဲဖြစ်လေသည်။ တန်ဇန်နီယားနိုင်ငံတွင် 2005ခုနှစ်မှ 2011ခုနှစ်ကာလအတွင်းတွင် သက်ကြိးရွယ်အိုအမျိုးသမီး အများအပြားကို စုန်းအဖြစ-်စွပ်စွဲပြီး ဥပဒေမဲ့ သတ်ဖြတ်စီရင်
ခဲ့ လေရာလူပေါ်င်3း000မျှ သေဆုံးခဲ့ ဖူးလေသည်။စုန်း
အဖြစ်စွပ်စွဲခံရပုံမှာ တန်ဇန်နီးယားရှိ ဆင်းရဲ
နွမ်းပါးသောဒေသများတွင် ထမင်း၊ဟင်းချက်ရန် နွားချေးခြောက်အား လောင်စာအစ်ြအသုံးပြုကြလေသည်။ ထိုလောင်စာအခိုးရိုက်သောကြောင့် မျတ်လုံးများနီမြန်း
လျှက်ရှိရာ အယူအစွဲကြီးသည့်ဒေသခံများသည့် သူတို့ ၏စီးဟွး
ပျတ်မူများကို စုန်းတို့ ကလုပ်ဆောင်ကြခြင်းဟု ယူဆကုန်
တော့သည်။
မှော်နှင့်ပယောဂ
ပယောဂဟုဆိုရာတွင်အမျိုးမျိုးရှိလေသည်။ ဘီးလူး၊သဘက်ဝင်ကပ်ခဲ့ လျှင် လူနာသည်မှိုင်းတိုင်းတိုင်း ၊ဝေတေတေနှင့်မျတ်တောင်မခတ်ရှိပေလိမ့်မည်။ မြေဖုတ်နှင့်
အစိမ်းသရဲတို့ ဝင်ကပ်ခဲ့ သော ဇတ်လေးခြင်း ၊ခေါ်င်းအောက်
စိုက်၇်ျ ဇတ်ကျိုးသယောင်နေခြင်းတို့ ပြုလုပ်တတ်လေသည်။
စုန်းတို့ ဝင်ကပ်လေသော် ဦးခေါ်င်းမှာမငြိမ်မသတ်ရှိပြီး ရယ်မောနေတတ်လေသည်။နတ်တို့ ဝင်ကပ်လျှင်မူ မျတ်စိ
ရဲပြီးတစ်ကိုယ်လုံးတုန်ယင်တတ်လေသည်။
ထိုသို့ ကွဲကွဲပြားပြားသိပြီးလျှင် ပယောဂဆရာတို့ ရှောင်၇ှား
အပ်သောအရာကိုလည်းသိရပေမည်။ဆရာသည် ပူးကပ်ခံရသူအား လက်ဖွဲ ၊့ဆေး၊အင်းစသည့်များနှင့်
ချုပ်နှောင်ထားခြင်းမပြုလုပ်ရချေ။ ပယေဂဆရာ
ကချုပ်နှောင်ထားခဲ့ သည့်ရှိသော် ပယောဂသည်တစ်ကိုယ်
လုံးမိသည်ဟုမဆိုနိုင်သောကြောင့် ခြေဖျား၊လက်ဖျားနှင့်
ဆံပင်တို့ တွင်ဝင်ပုန်းခိုနိုင်လေသည်။
တစ်ဖန်သမ်းဝေတိုင်းလည်းပယောဂမဖြစ်နိုင်သလို အလုံးအပြင်တွေ့ တိုင်းလည်း အပင်းလုံးမဟုတ်ချေ။ အ
ချို့ သောပညာနုသည့် ပယောဂဆရာတို့ သည် မဆင်မခြင်နှင့်
ပြုစားသူကိုခေါ်လေရာ မြွေဟောက်ကိုတုတ်နှင့်တို့ သကဲ့ 
သို့ ဖြစ်ပြီး လူနာအားကြမ်းတမ်းသောအမူကိုပြုစေကာ ပယောဂဆရာကို ရင့်၇င့်သီးသီးဆက်ဆံလေတော့သည်။