Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သီတင်းကျွတ် လပြည့်နေ့ ဆိုသည်မှာ......

$
0
0

              

                 မြတ်စွာဘုရားရှင် အလောင်းတော်ကို   မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့တွင် မိခင် မဟာမာယာဒေ၀ီမှ

ဖွားမြင်တော်မူခဲ့ပါသည်။

                 သက်တော် (၂၉)နှစ်အရွယ်တွင် နန်းစည်းစိမ်နှင့်တကွ အားလုံးကို စွန့်လွှတ်ကာ ဥရုဝေလ တောသို့ဝင်ခဲ့ပါသည်။

ဥရုဝေလတောတွင် ပင်ပန်း ဆင်းရဲလှသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံးကျင့်ခဲ့ပါသည်။ နောင်တွင် ထိုအကျင့်

များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဟူသော မဂ္ဂင်ရှစ်ပါးအကျင့်ကို ကိုယ်တော်တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။  ထိုမဂ္ဂင်ရှစ်ပါး.....

အကျင့်ဖြင့် ဂေါတမဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိ

တော်မူခဲ့ ပါသည်။    ဘုရားဖြစ်ပြီးနောက် -   သတ္တမ ၀ါကို တာဝတိံသာ နတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော  

သန္တုဿိတနတ်သားကိုအမှူးထားကာ တာဝတိံသာနတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင်

အဘိဓမ္မာ ဒေသနာ တော်ကို ရက်ပေါင်း (၉၀) ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။

                  အဘိဓမ္မာတရား ဒေသနာ တော်ကို နည်း(၃)နည်းဖြင့် ဟောကြားခဲ့ပါသည်။

             အကျယ်နည်း-  ဗုဒ္ဓမြတ်စွာသည်မယ်တော်ကိုကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကိုသတ္တ၀ါတို့နားလည်စေလိုခြင်း၊

အဘိဓမ္မာတရားကို အစအဆုံးတထိုင်တည်း ဟောကြားလိုခြင်း၊  အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊

လူတို့သက်တမ်းနှင့်  သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက်  လူတို့ ဣရိယာပုတ်ဖြင့် ဟောသူရော နာသူပါ

မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံသာနတ်ပြည်၌ ဟောရခြင်း ဖြစ်ပါသည်။

             အကျဉ်းနည်း -   မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း၊ဆွမ်းစားခြင်း၊ ရေချိုး သန့်စင်

ခြင်းစသည့်ပြုဖွယ်ကိစ္စများကို ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့်ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင်  ဟိမ၀န္တာ

စန္ဒကူးတော၌ နေ့သန့်စင်(အနားယူ)တော်မူခိုက် မြတ်စွာဘုရားက အရှင်မဟာသာရိပုတ္တရာအားအဘိဓမ္မာတရားကို အကျဉ်းချုပ်

နည်းဖြင့် ဟောတော်မူပါသည်။

            မကျဉ်းမကျယ်နည်း -  အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာ

တို့အားမကျဉ်းမကျယ်နည်းဖြင့်ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာကတပည့်ရဟန်းငါးရားကို

ဟောကြားသော အဘိဓမ္မာဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံကာ အတည်ပြုချက် ယူ

တော်မူခဲ့ပါသည်။

 

 

                     ဤသို့ဖြင့် အဘိဓမ္မာဒေသနာတော်ကြီးသည် မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ခု

ဝါဆိုလပြည့် ကျော်(၁)ရက်မှ သီတင်းကျွတ်လပြည့် နေ့အထိ  (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း

ပေါ်ထွန်းခဲ့ပါသည်။   ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည်အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး   တာဝတိံသာနတ်ပြည်မှ  သင်္ကဿ

နဂိုရ်ပြည်သို့   သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူလာသည်ကို ရည်စူးပြီး ဘုရားရှင်အားပူဇော်သောအားဖြင့် ဆီမီး

ထွန်းကာ မီးထွန်းပွဲ ကျင်းပသောအစဉ်အလာသည် ရှေးဘိုးဘေများလက်ထက်ကပင်ရှိခဲ့ပါသည်....။  ထို့အပြင် ဘုရားရှင်သည်

မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကိုဟောကြားတော်မူပြီးနောက် သီတင်းကျွတ်

လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက်  “  အဘိဓမ္မာအခါတော်နေ့ ” ဟု သမုတ်ကာ အဘိ

ဓမ္မာ ရွတ်ဖတ် ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။

                      အဘိဓမ္မာတရားတော်ကိုတစ်နေရာတည်း၌ တစ်ဆက်တည်းဟောကြားသောတရားရှည်ကြီးတစ်ပုဒ်ဖြစ်သော်

လည်း  ဟောပုံဟောနည်းအမျိုးမျိုးကိုသုံး၍ ဟောကြားထားသဖြင့်ဟောနည်းအရ ကျမ်းခုနှစ်ကျမ်း (ဓမ္မသင်္ဂဏီ, ၀ိဘင်း, ဓာတု

ကထာ, ပုဂ္ဂလပညတ်,ကထာဝတ္ထု,ယမိုက်, ပဋ္ဌာန်း)  ခွဲခြားထားပါသည်။

အဘိဓမ္မာအသင်းကြီး  ၀က်ဆိုဒ်မှ.....

 

 

                  သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပလေ့ရှိတဲ့ပွဲများကတော့-  ပ၀ါရဏာပွဲ။  ပ၀ါရဏာရဲ့ အဓိပ္ပါယ်မှာ  ဖိတ်ကြား

ခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်းတို့ဖြစ်လေသည်။   သာသနာ့ဝန်ဆောင် ရဟန်းတော်များသည် ၀ါကျွတ်သည်နှင့် သီတင်း

ကျွတ် လပြည့်နေ့တွင်  `` အရှင် ဘုရားတို့..... တပည့်တော်သည် သံဃာကို ဖိတ်ကြားပါဧ။်။  တပည့်တော်ဧ။် အပြစ်ကို မြင်ခြင်း

ကြောင့်သော်လည်းကောင်း၊ ကြားခြင်းကြောင့်သော်လည်းကောင်း၊ သံသယရှိလျှင်သော်လည်းကောင်း တပည့်တော်အားသနား

သောအားဖြင့် ပြောဆို သတိပေးကြပါ။  အပြစ်ကို ကုစားပါ မည် " ဟု  ဖိတ်ကြားတိုက်တွန်းပြီး ရဟန်းများကမိမိရဲ့အပြစ်များကို

အခြားတစ်ပါးထံတွင် မိမိ၏သဘောဆန္ဒအလျောက်ဖွင့်ဟပြောဆိုပြီးဝန်ချတောင်းပန်ကြသလိုသာသနာတော် သန့်ရှင်းတိုးတက်

ရေးအတွက် အပြုသဘောဆောင်ပြီး ဝေဖန်သုံးသပ်ကြသည့်ပွဲလည်းဖြစ်ပေသည်။ အလွန်ပင် ဒီမိုကရေစီ နည်းလမ်းကျန၍စည်း

စနစ် ကောင်းလှသော ပွဲပါပေ။

               မီးမြင့်မိုရ်ပွဲ။   သီတင်းကျွတ် လပြည့်ညတွင်နတ်ပြည်မှလူ့ပြည်ကို ဆင်းသက်လာရာတွင် လပြည့်ဝန်းနှင့်အတူ

ကောင်းကင်တွင် တင့်တယ်စွာဖူးမြင်ရသော မြတ်စွာဘုရားရှင်အား နတ်လူအများက ပူဇော်သည့်အနေဖြင့် ဆီမီးများဖြင့် ပူဇော်

ခြင်း အထိမ်းအမှတ် အနေဖြင့် အိမ်၊ ကျောင်း၊ တန်ဆောင်းများတွင် ဆီမီး၊မီးပုံးများထွန်းညှိပူဇော်ကြသလိုဘုရားစေတီများတွင်

လည်း ဆီမီးပူဇော်ပွဲများ ပြုလုပ်ပြီးမီးမြင့်မိုရ်ပွဲများ ကျင်းပကြပါသည်။ ပုဂံမြို့  ၊ မြင်းကပါ  ဂူပြောက်ကြီးဘုရား   ပန်းချီကားတွင်

ဗုဒ္ဓမြတ်စွာဘုရား  တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့   သက်ဆင်းပုံပန်းချီကို တွေ့ရှိရသည့်အတွက်  မီးမြင့်မိုရ်ပွဲကို ပုဂံခေတ်

တည်းက ကျင်းပခဲ့သည်ဟု ယူဆနိုင်ပေသည်။

                      ဘုရားပွဲတော်။  နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီးပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများစသည်တို့ကိုလည်း  မြန်မာ

နိုင်ငံ တ၀ှမ်းတွင် ကျင်းပလေ့ရှိကြသည်မှာ ယနေ့တိုင် ဖြစ်လေသည်။

                       သီတင်းကျွတ်လကို တူရာသီဟုခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဍာန် နက္ခတ်ထွန်းပလေသည်။  ထိုမျှမက  ၁၂လ ရာသီ

တွင် နေ့တာနှင့် ညတာ တူညီသော တစ်ခုတည်းသော လလဲ ဖြစ်လေသည်။ ထို့ကြောင့်ကင်းဝန်မင်းကြီးက “ သီတင်းကျွတ်ပြီ

တူရာသီ အာသ၀ဏီရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” ဟု ဖွဲ့ဆို ခဲ့လေသည်။

မင်းလှသားလေး   ဘလော့မှ.......

 

                      သီတင်းကျွတ်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သာမကကမ္ဘာအရပ်ရပ်ရှိဗုဒ္ဓဘာသာဝင်တိုင်းအတွက်

အထူးအလေးအမြတ် ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။   ဘုရားရှင် တာဝတိံသာနတ်ပြည်တွင် ဟောကြားတော်မူသော

အဘိဓမ္မာ  တရားတော်သည်မိခင်ဖြစ်ခဲ့ဘူးသော သန္တုဿိတ နတ်သားအား ဦးတည်အမှူးထား၍ ဟောကြားခဲ့သည့် တရားတော်

ဖြစ်ခြင်း၊  အဘိဓမ္မာ တရားတော်အား နားကြားရ ကုန်သော မရည်မတွက်နိုင်သော နတ်ဗြဟ္မာများ.... ကျွတ်တန်းဝင်ရခြင်းတည်း

ဟူသောဝိသေသများကြောင့်  မိဘကျေးဇူးဆပ်တရားတော်အဖြစ် ဗုဒ္ဓဘာသာဝင်များက စွဲယူသတ်မှတ်ထားခြင်းကြောင့် သီတင်း

ကျွတ်လပြည့်နေ့တွင် မိဘများအားအထူးအားဖြင့်ပူဇော်ကန်တော့ခြင်း၊ မိဘများ၏ မိခင်ဖခင်များဖြစ်သော အဘိုးအဘွားများအား

အထူးအားဖြင့် ပူဇော်ကန်တော့ခြင်း၊  မိဘနှင့် တစ်ဂိုဏ်းတည်းဖြစ်သော  ဆရာသမားများအားလည်း မိဘကဲ့သို့ ကျေးဇူးရှိသူများ

အဖြစ် ပူဇော်ကန်တော့ခြင်းများကို အစဉ်အလာမပျက် ဆောင်ရွက်လာခဲ့ကြပါသည်။

                        သီတင်းကျွတ်လပြည့်နေ့၏ ညချမ်းချိန်ခါတွင်လည်းထိန်ထိန်ညီးသောလပြည့်ဝန်းနှင့်အပြိုင် တာဝတိံသာနတ်

ပြည်မှ လူ့ပြည်လူ့ရွာ သင်္ကဿနဂိုရ်ပြည်သို့ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းမှ ဆင်းသက်ကြွချီတော်မူသော

သုံးလူ့ထွဋ်တင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီအလင်းတိုင်များကို တတ်စွမ်းသမျှ ထွန်းညှိပူဇော်ကြလေသည်။

 

 

                         ဤသို့ သီတင်းကျွတ် မီးထွန်းပွဲတော်တွင်  အဘိုးအဘွားများမှအစ  မြေးမြစ်များအထိ ပါဝင်ပူဇော်၍ ကုသိုလ်

ပြုကာ  ငြိမ်းချမ်းအေးမြသော ဂါရ၀တရားနှင့် ကုသိုလ်တရားကိုအခြေခံသည့် ဘာသာရေးဆိုင်ရာပွဲတော်တစ်ခုအဖြစ် ပျော်ရွှင်စွာ

ပါဝင် ဆင်နွှဲကြလေသည်။  ထိုသီတင်းကျွတ် ဆီမီးပူဇော်ပွဲတွင် မိသားစုအလိုက် လှည့်လည် ပူဇော်ခြင်း၊  ကြည်ညိုသဒ္ဒါပွါးရခြင်း၊

မိဘကျေးဇူးကို ပြန်လည်ဆင်ခြင်အောက်မေ့သတိရခြင်း၊ မြတ်စွာဘုရားရှင်၏ ကြည်ညိုဖွယ်အဆင်းတော်အား စိတ်မှန်းဖြင့်ပူဇော်

နိုင်ခြင်း တို့အပြင်  ပုရိမ၀ဿာဝါသ -  ပထမ၀ါကပ်ခြင်း ( ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့၌၀ါကပ်၍ သီတင်းကျွတ်လပြည့်နေ့တွင်

ဝါကျွတ်သည်) မှ  ကင်းလွတ်တော်မူကြသော သံဃာတော်အရှင်မြတ်များအားလှူဒါန်းမှုအစုစုတို့နှင့် ဆွမ်းခဲဘွယ် ဘောဇဉ်တို့ဖြင့်

အထူးအားဖြင့် ပူဇော်လှူဒါန်းရခြင်း...၊ သံဃာတော်များ၏ သာ့သနာ့တာဝန်ကို စင်ကြယ်စွာထမ်း ဆောင်နိုင်ခြင်း အလို့ငှာ `` ပ၀ါ

ရဏာပြုခြင်း ´´ ၊  အဘိဓမ္မာတရားတော်များကို  ပြန်လည်ရွတ်ဆို ပူဇော်နိုင်ခြင်းတည်းဟူသော....  မွန်မြတ် ထူးခြားသည့်အကျိုး

ကျေးဇူးများကို ဆောင်ရွက်နိုင်သော နေ့ထူးနေ့မြတ် ဖြစ်ပါကြောင်း  တင်ပြရင်း....   သီတင်းကျွတ်  လပြည့်နေ့တွင်  ပျော်ရွှင်စွာ

ကုသိုလ်ပြုနိုင်ကြပါစေကြောင်း ခင်ဗျား.......

(ကွန်ဆူးမား)

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>