ကျွန်တော်တင်တဲ့ ရိုးရာနတ်
======================
ငါ့ရိုးရာရေ . . .
ငါက မင်းရဲ့စောင့်ရှောက်မှု့ကိုပဲ
သေတပန် သက်တဆုံး
လိုချင်နေတဲ့သူပါကွယ် . . . ။
ဆိုင်းမဆင့်ဗုံမပါ နှဲသံလေးသဲ့သဲ့လေးမကြားရပဲနဲ့ ကျွန်တော့်မှာရှိတဲ့ရင်တနေရာစာမြေကွက်လေးထဲကို သူပျော်
ရွှင်ကြည်နူးစေဖို့အတွက် ခင်ကျင်းပြင်ပေးခဲ့ပါတယ် ။ လူ့လောကမှာ သူတတ်မြှောက်သမျှလွတ်လပ်မှု့တွေနဲ့
ခုန်ပေါက်ဆော့ကစားနေတာကိုပဲ ကျွန်တော်ကြည့်နေချင်ခဲ့တာပေါ့ ။ အုန်းပွဲငှက်ပျောပွဲမလိုပဲ ဖိတ်ခေါ်လို့
ရတဲ့ သူမရဲ့အလှတရားအောက်မှာ ကျွန်တော်ငါးပါးမှောက်တဲ့အထိ့တပ်မက်ခဲ့မိ့တယ်ဆိုပါတော့ ။ ငါးပါး
မှောက်တယ်ဆိုတာက ကျွန်တော့်ရဲ့အာယုံငါးပါးလုံးကို မလွှတ်တမ်းချုပ်နှေင်ခဲ့တဲ့သူမရဲ့အလှတရားအောက်
မှာ ရောက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ ။ ဟုတ်တယ် သူမကကျွန်တော့်ရဲ့ယုံကြည်အားထားမှု့ကိုအရယူ
လိုက်နိင်တဲ့ သူတယောက်ပါပဲ ။ ပြီးတော့ ( တပါးသူနဲ့မတူ ) ကျွန်တော့်ရဲ့စိတ်စေသနာလေးတွေ နားခို
ခြင်းခံထိုက်ဆုံးသူပေါ့ ။ ကျွန်တော့်ရဲ့ရိုးရာလို့ဆိုလိုက်ယုံနဲ့ သူအပေါ်ထားရှိတဲ့ကျွန်တော့်ရဲ့တပ်မက်မှု့က
တော့ အံ့မခန်းစရာကောင်းလောက်အောင် အချိန်တိုင်းမှာစိုးမိုးနေခဲ့တယ်လေ ။ ပန်းကလေးတွေနဲ့နှိုင်းစ
ပြီ ဒီရာသီကဘာလဲလို့အဖြေရှာကြည့်နေစရာမလိုသလို ဥတုသုံးပါးလုံးပေါ်မှာ အရိပ်ထင်နေတဲ့သူမရဲ့လွှမ်း
မိုးမှု့က ရာဇ၀င်ထဲမှာရှိတဲ့သူရဲကောင်းတွေတောင်မှ တွေ့ကြုံဖူးမယ်မထင်ပါဘူး ။ ဒါကြောင့် သူမနဲ့ပတ်
သက်လို့ ဘယ်လိုမှကျနွမ်းစရာမရှိတဲ့ ကျွန်တော့်ရဲ့ရင်ဥယာဉ်ထဲက နှလုံးသားသစ်ပင်မှာ မကျွတ်တမ်း
မလွတ်တမ်းစံစားနေထိုင်သူဟာ သူမကလွဲလို့ဘယ်သူဖြစ်နိင်အုံးပါ့မလဲ ။ ဟုတ်တယ် သူမကကျွန်တော်
စောင့်စားမျှော်ကိုးထားတဲ့ ကျွန်တော့်ရဲ့ရိုးရာနတ်ပါပဲ ။ ကျွန်တော့်ရဲ့ဘ၀တခုလုံး ကျွန်တော့်ရဲ့အနာဂတ်
တခုလုံး သာယာလှပစေနိင်ဖို့အတွက် ပထမဦးအနေနဲ့ ကျွန်တော့်ရဲ့နုညံမှု့ဟူသမျှနဲ့လဲ မြှောက်စားထား
ရမယ်ဆိုတာလဲသိ့တယ် ။ အစာတလုပ်စားနေချိန်လေးမှာတောင် “ သူများဆာနေမလား ” ဆိုတဲ့အသိ့စိတ်
ကလေးနဲ့ သူဆာလောင်တာမှန်သမျှကိုဖြည့်စည်းပေးချင်တာလဲ ကျွန်တော့်ရဲ့ပေးဆပ်မြှောက်စားမှု့လေးတ
ခုပဲပေါ့ ။ ညအိပ်ယာဝင်ချိန်ကစလို့ ( အိမ်မက်ထဲမှာတံထားထိုးပြီ ) နံနက်မိုးလင်းတဲ့အထိ့ ကူးစက်ပျော်
ဝင်သွားတဲ့ ကျွန်တော့်ရဲ့တရားဝင်အားအားရားရားအချိန်မှာတောင် လွှမ်းမိုးထားနိင်လွန်းသူသူ့အတွက်
စထက်ထမ်းပိုးပေးဆပ်နေချင်တဲ့ကျွန်တော့်ရဲ့ယုယမှု့တွေက သူ့အတွက်ဆိုတုနှိုင်းစရာလဲရှိနိင်မယ်မထင်
တော့ပါဘူး . . . . ။
တကယ်တော့ငါ့ရိုးရာရေ
ငါ့အပေါ်စိုးမိုးထားစေမဲ့
မင်းရဲ့မေတ္တာတရားကိုရရှိဖို့အတွက်
အုန်းပွဲငှက်ပျောပွဲမလိုဘူးဆိုရင်တောင်မှ
ငါ့ရဲ့နုညံမှု့မှန်သမျှကတော့
မင်းလိုအပ်မှာပါ
ဒီအတွက် ငါက
အချိန်တိုင်းပေးဆပ်ဖို့လဲ
ဝန်မလေးပါဘူး ငါ့ရိုးရာရယ် . . . ။
= နှလုံးသားဖြင့်ရင်း၍ - မင်းဆက်ဆက်ခ
( ၇.၁.၁၂ )