အခုတလောတော်တော်လေးပြောနေကြတယ်နော်….PSY ရဲ့နာမည်ကျော်မြင်းစီးအက နဲ့ အိုးပါးဂန်းနမ်စတိုင်လ်လား..(ဟင့်အင်း)အဲ..နိုက်ကလပ်တွေမှာတော့တော်တော် ခေတ်စားဆိုပဲ။
ဒါဖြင့် ဟိုရှမ်းမလေးရဲ့ဂျပန်ပြိုင်ပွဲအကြောင်းလား(ဟုတ်ဖူး) အင်တာနက်မှမဲအများဆုံးရ တာသိပါရဲ့။
ဒီလိုဆိုရင် မင်းပြားမှာ ဘင်္ဂလီတွေထပ်ချနေတဲ့အကြောင်းလား(မဟုတ်ဘူးလို့ဆို)
ဒါဖြင့်ဘာတွေရှိသေးလဲ စဉ်းစားစမ်း။
ဒီလိုပါ..ဒီလို
မပြောရင်ရလားဆိုတော့ရပါတယ်။ကိုယ့်စီးပွားရေးတော့လည်းမဟုတ်ပါဘူး။အဲ..ကိုယ်နဲ့မဆိုင်ဘူးလို့သတ်မှတ်လို့မရပါဘူး။ နိုင်ငံနဲ့ချီပြီးတော့လည်းကြီးကြီးကျယ်ကျယ်မပြော လိုပါဘူး။
ဒီတော့ရင်ထဲက ဂရုဏာကိုဖော်ပြချင်ရုံလို့သာသဘောထားကြပါ။ပိုရှင်းအောင်ပြောရရင် ကျွဲ နွားတွေအပေါ်ထားတဲ့ဂရုဏာပေါ့။
ဒီစာလေးကိုဖတ်ပြီး ကိုယ်နဲ့မဆိုင်သလိုတော့သဘောမထားကြပါနဲ့ အလျဉ်းသင့်သလို တော့မျှဝေပေးကြစေလိုပါတယ်။
အခုတလော မြန်မာနိုင်ငံမှာ နိုင်ငံခြားကိုအေးခဲအမဲသားတွေတင်ပို့ခွင့်ရလာပြီးနောက် နိုင်ငံအရပ်ရပ်က ကျေးရွာအစွန်အဖျားလိုနေရာလေးတွေမှာ သားသတ်ခွင့်လိုင်စင် ကိုအကြောင်းပြပြီး ကျွဲ၊နွားတွေ အဆမတန်သတ်ဖြတ်နေကြပါတယ်။
တစ်ချို့ရွာတွေဆိုရင် ရွာမှာလယ်လုပ်စရာကျွဲနွားတွေပင် မရှိတော့ကြောင်းဖော်ပြကြ ပါတယ်။ဘယ်လောက်ပဲစက်မှုလယ်ယာခေတ်ရောက်နေနေ ကျွဲနွားတွေရဲ့အခန်းကို လည်းအဆုံးစွန်ပစ်ပယ်လို့မရကြသေးပါဘူး။
ဂျာနယ်တွေမှာ ဖော်ပြကြသလိုပဲ။ပြည်ပမီဒီယာတွေကပါ အော်နေကြသံတွေကြားမိမှာ ပါ။ကျွန်မရောက်ဖူးတဲ့အရပ်ဒေသလေးမှာဆိုရင် ၂ရက်ကိုနွား ၁ကောင်သတ်ခွင့်အား၊ တစ်ရက်ကို အကောင် ၂၀လောက်သတ်ဖြတ်နေလို့ သားသတ်လိုင်စင်ကိုသိမ်းပြီး အမဲသားရောင်းချခွင့်ပါပိတ်လိုက်ပါတယ်။ဒါပေမယ့် ဘယ်လိုပြဿနာတွေဖြစ်နေလဲ ဆိုတော့ လယ်ထဲကိုင်းထဲက ကျွဲနွားတွေကိုအသားခိုးလှီးတာတွေဖြစ်နေပါတယ်။
အသိတစ်ယောက်ဆိုရင် သူ့ရဲ့နွားကိုပေါင်သားတွေလှီးယူသွားခြင်းခံရပါတယ်။
သူ့ထက်ပိုဆိုးတာက တခြားလူတစ်ယောက်ရဲ့ ကျွဲကို တစ်ကိုယ်လုံးအသားတွေ လှီးယူပြီး မသတ်ပဲထားခဲ့ခြင်းပါ။ဘယ်လောက်ရက်စက်လိုက်ကြသလဲစဉ်းစားကြည့်ပါ။ မေ့ဆေးတွေနဲ့ပဲသုံးပြီးလှီးယူလားတော့မသိပါ။ တရုတ်နိုင်ငံကိုအများဆုံးတင်ပို့ နေတဲ့ အေးခဲအမဲသားတွေကိုဖမ်းမိတာတွေလည်းကြားကြားနေရပါတယ်။
ငွေအတွက်နဲ့မြန်မာတွေမှ လောဘဇောတင်မက ရက်စက်ကြမ်းကျုတ်မှုတွေပါရှိလာပြီ လားရှင်။ဒီလိုဆိုရင် ကျွန်မတို့နိုင်ငံမှာ နွားခိုးဂိုဏ်းတွေမှတဆင့် လူဆိုးဂိုဏ်း၊ လူသတ်ဂိုဏ်းတွေပါပေါ်ပေါက်လာရင်ဘယ်လိုလုပ်မလဲ။ကျွဲ၊နွားလို သတ္တ၀ါကြီးကြီးတွေ ကိုအဆက်မပြတ်သတ်ဖြတ်နိုင်တဲ့နှလုံးသားပိုင်ရှင်တွေဟာ တခြားအရာတွေအပေါ် မှာလဲ မရက်စက်လာနိုင်ဘူးလား။
ယခင်ကကိုယ့်ဒေသတွင်းစားသုံးရန် သားသတ်ခြင်းမှ ပြည်ပသို့တင်ပို့ရန်အတွက်နေ့စဉ် အကန့်အသတ်ထက်ကျော်လွန်ပြီး တရားမ၀င်အကောင်များစွာ သတ်လာခြင်းတွေကို သေသေချာချာလေး အရေးယူသင့်ပါတယ်လို့ မထင်မိကြ ဘူးလား။
(အမှားအယွင်းပါရင် ခွင့်လွှတ်ကြစေလိုပါတယ်)
နန်းတော်ရာသူ(ကိုယ်တိုင်ရေးသားသောဆောင်းပါး)