သူငယ်ချင်းက ပြောတယ်......... သစ္စာမရှိတဲ့ ယောကျာ်းတစ်ယောက်ကို တမ်းတမနေနဲ့တဲ့....မေ့လိုက်တဲ့.........
ဘယ်လိုမေ့ရမှာလဲနော်.....ချစ်ခဲ့တာ သိပ်မကြာခဲ့ပေမဲ့ အ၇မ်းခံစားခဲ့ရတယ်......
အွန်လိုင်းပေါ်မှာချစ်ခဲ့ဖူးပေမဲ့ တကယ် ချစ်ခဲ့တယ် ဆိုတာသ ကိုယ့်ကိုကိုယ် ယုံကြည်မိတယ်.....
ယောကျာ်းတွေ တော်၂ များ၂ ကဒီလိုတွေပဲလား ရွှေမြို့တော်ကြီးရယ်...........ချစ်သူတစ်ယောက်ကို ချစ်ဖို့ ကိုယ့်ဘက် သူ့ဘက် ဘာတွေလိုအပ်မှာလဲ........နှင်းဆီကတော့ ယုံကြည်မှုနဲ့ ချစ်ခဲ့မိတာ.....
အခု အဲ့ဒိယုံကြည်မှုကိုပဲ အလွဲသုံးစား လုပ်သွားတာ ခံခဲ့ရပြီ.....
နှင်းဆီအတွက်တော့ ကိုယ်ကချစ်မိရင် ကိုယ့်ချစ်သူကို အထင်ကြီးချင်တယ်....လေးစားချင်တယ်..ယုံကြည်ချင်တယ်...မြတ်၂နိုး၂ ချစ်ချင်တယ်...သူ့ဘက်ကဘာမှမပေးရင်နေပါစေ..ကိုယ့်ဘက်က တတ်နိုင်သလောက်ပြန်ပေးချင်တယ်.... အချစ်နဲ့ပတ်သက်ရင် လူတိုင်းက လောဘကြီးကြတယ် အချစ်ကြီးလို့အမျက်ကြီးကြတယ် ဆိုပေမဲ့...နှင်းဆီကတော့ အမျက်မကြီးနိုင်ပါဘူး....မေ့လဲမမေ့နိုင်ဘူး.....
သူစိတ်ချမ်းသာရင် နှင်းဆီကျေနပ်တယ်....သူပျော်နေရင် နှင်းဆီပျော်တယ်....အချစ်ဆိုတာ ပြန်ရမှမဟုတ်ပါဘူး..ကိုယ့်ဘက်က ပေးဆပ်ယုံနဲ့လဲ အချစ်တစ်ခုလို့ ခံယူမိတယ်.......
ရွှေမြို့တော်ကြီးရေ...နှင်းဆီမှရင်ဖွင့်စရာဆိုလို့ ရွှေမြို့တော်ရဲ့သူငယ်ချင်းတွေပဲ ရှိပါတယ်......
တခြားလူကိုသာပြောမိပြောမိရင် နှင်းဆီကိုဟားကြလိမ့်မယ်....... အခုတော့နှင်းဆီအသဲကွဲနေပြီ.... ရည်းစားထားဖူးတဲ့ လူတစ်ယောက်က အသဲကွဲရင် ဘယ်လိုခံစားရလဲ ရွှေမြို့တော်ကြီးသိလား....
ဟားဟားဟား အခုတော့ အသဲကွဲတာ ရယ်ရသလို ငိုလဲငိုရတယ်...ကိုယ်ကချစ်မိရင် အရှုံးပဲနော်....နှင်းဆီကတော့အမြဲတမ်းရှုံးနေတာပါပဲ.....
ကျေးဇူးတင်တယ်ရွှေမြို့တော်ရေ...ခံစားချက်တွေမှန်သမျှ ရွှေမြို့တော်ကြီးက နားထောင်ပေးတယ်....နားလည်ပေးနိုင်လို့ပါ........
↧
အသဲကွဲနေလို့ပါ ရွှေမြို့တော်..
↧