Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရင်ကွဲစေတီ......

$
0
0

                                  သီတင်းကျွတ်ပြီ ကောင်မလေးရေ....၊ အဘိဓမ္မာအခါတော်နေ့မှာ မနက်စောစောထ လွမ်းစေတီလေးမှာ

အာရုဏ်ဆွမ်းကပ်ပြီး အတူတူ ဥပုဒ်စောင့်ချင်တယ်တဲ့...၊ ညကျရင်တော့ တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်လူ့ရွာသင်္ကဿနဂိုရ်

ပြည်ကို ပြန်လည် ကြွမြန်းတော်မူလာတဲ့  ဘုရားရှင်ကိုရည်စူးပြီး ဆီမီးတွေ ပူဇော်ချင်တယ်တဲ့.....၊ ပြည့်ဝန်းနေတဲ့ လမင်းကြီးရယ်၊

ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းကြီးတွေရဲ့ တောက်ပတဲ့ အရောင်တွေရယ်...။   နတ်ဗြဟ္မာတွေရဲ့ ကိုယ်ရောင်

ကိုယ်ဝါတွေရယ်... မြတ်စွာဘုရားရှင်ရဲ့ သိင်္ဂီရွှေရောင်အဆင်းတော်ရယ်...  တဖြတ်ဖြတ်တောက်ပနေမဲ့  ရောင်ခြည်တော်တွေရယ်၊

ဖူးတွေ့ခဲ့ရတဲ့သူတွေအတွက် ဘယ်လောက်များ ကြည်ညိုစရာ ကြည်နူးစရာ ကောင်းလိုက်မလဲလို့.....။  ကောင်းကင်ကို မျှော်ကြည့်

ရင်းက ကြည်ကြည်နူးနူးပြောကြားခဲ့တယ်လေ.... အဲဒီကောင်မလေးက အခုတော့....

                                   ``သမီးကို ဂရုစိုက်ပေးလို့ တကယ်ကို ကျေးဇူးတင်တယ် မောင်သန့်စင်....´´  ကောင်မလေး အိမ်ထဲဝင်

သွားတော့ သူ့ဖေဖေက ကျွန်တော့်ပုခုံးကိုကိုင်ရင်း လှိုက်လှိုက်လှဲလှဲ ပြောလာတယ်....။  ကျွန်တော် သူ့ဖေဖေမျက်နှာကိုကြည့်ရင်း

ဘာပြန်ပြောရမှန်း မသိခဲ့ပါဘူး.... သူ့မေမေကလည်း တစ်ဘက်မှာ ညျိုးငယ်နေတဲ့ မျက်နှာနဲ့ ကျွန်တော်တို့ကို ရပ်ကြည့်နေခဲ့တယ်

လေ....။

                                   ခဏကြာတော့ ကောင်မလေး အ၀တ်လဲပြီး ပြန်ထွက်လာတယ်... ပြီးတော့ သူ့မိဘတွေကို ခွင့်တောင်း

တယ်။ ကျွန်တော်နဲ့ အတူတူ ခဏ လမ်းလျှောက်ချင်တယ်တဲ့....။

                                   အတူတူ လမ်းလျှောက်ထွက်လာရင်း.... `` ကိုနဲ့ ဖေဖေက မီးမီးအကြောင်းပြောနေတာလားဟင်...´´

စောင်းငဲ့ပြီးမေးလာတယ်.... `` မဟုတ်ပါဘူး... ´´ ရုတ်တရက် လိမ်ညာတဲ့စကားကို လွယ်လွယ်လေး ပြောလိုက်မိတယ်...။

                                   `` မျက်နှာတွေ မကောင်းဘူး.... မီးမီးအကြောင်းပြောနေကြတာပါ... သိပါတယ်...´´

                                    တကယ်တော့ ကောင်မလေးမှာ လူကီးမီးယား ဆိုတဲ့ သွေးကင်ဆာရောဂါ ရှိနေခဲ့တယ်တဲ့....။  လူကီး

မီးယား( Leukemias )ရောဂါဆိုတာ ရက်တိုနဲ့ နာတာရှည် နှစ်မျိုးရှိတယ်တဲ့.... ။ ရောဂါရဲ့ အမျိုးအစားကို ရောဂါဖြစ်တဲ့ သွေးဖြူဥ

အမျိုးအစားနဲ့လဲ ခွဲခြားတယ်လို့ သိရတယ်....။ ဒီရောဂါဖြစ်ပြီဆိုရင်  Infections ရောဂါပိုးဝင်တာ၊ Anemia သွေးအားနည်းတာနဲ့

Bleeding သွေးယိုတာတွေ ဖြစ်လာစေနိုင်တယ်တဲ့....။

                                    ရိုးတွင်းခြင်ဆီမှာ Stem cells ခေါ်တာတွေကနေ သွေးဥအမျိုးမျိုး ဖြစ်လာရတယ်။ သွေးနီဥဆိုတာက

အသက်ရှူလိုက်တဲ့အခါ လေထဲက အောက်စီဂျင်နဲ့ ပေါင်းပြီး သွေးကို သန့်အောင်လုပ်ပေးတယ်။  သွေးဖြူဥတွေကတော့ ရောဂါကို

တိုက်ဖျက်တာ လုပ်ပေးတယ်တဲ့...။ သွေးမှုံဆိုတာလေးတွေက သွေးကိုခဲစေပြီး၊ သွေးမယိုရအောင် လုပ်ပေးတယ်။ သွေးဥမှန်သမျှ

ဟာ တခြားသက်ရှိ (ဆဲလ်) တွေလိုပါဘဲ၊ အသစ်ဖြစ်လာ၊ ရင့်လာ-အိုလာပြီး နောက်ဆုံး ပျက်စီး၊ သေဆုံး ကုန်ကြတယ်။    မြတ်စွာ

ဘုရားက  ခေမာ မိဖုရားကြီးကို တရားပြသလိုပါဘဲတဲ့....။

 

                                    ရောဂါဖြစ်ဖြစ်နေသူကို သွေးစစ်ရင်  WBC သွေးဖြူဥတွေ သိပ်များနေမယ်။ သွေးမှုံနည်းမယ်။ Hb သံ

ဓါတ် နည်းမယ်။ ရိုးတွင်းခြင်ဆီကို Bone marrow aspiration  ဒါမှမဟုတ်  Bone marrow biopsy လုပ်ရင် ကင်ဆာ  ဆဲလ်

တွေ့မယ်။ Cytogenetics တို့ Spinal tap တို့လဲ လုပ်တယ်။   Chest x-ray ရင်ပတ် ဓါတ်မှန်ရိုက်ရင် တက်စေ့တွေ ကြီးနေတာ

လည်း  တွေ့ရမယ်တဲ့.....။ ကောင်မလေးကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေပါပဲ...။

                                     `` မနက်ဖြန် ဘုရားမှာ ဆီမီးပူဇော်ပြီးရင်MRTV ကလာတဲ့ ဗုဒ္ဓဂါယာကို ဖူးရင်းနဲ့ ဗုဒ္ဓ၀င်တွေကိုကြည်

ညို ပူဇော်ပြီး  သီတင်းကျွတ် လပြည့်ည သန်းခေါင်ယံကို  ဖြတ်သန်းကြမယ်နော်တဲ့...။ လိုလိုလားလား ပြောနေတဲ့ ကောင်မလေးရဲ့

မျက်နှာကို စိုက်ကြည့်နေတဲ့ ကျွန်တော့်ကို ကောင်မလေးက ပြန်ပြီး အားပေးသွားတယ်....

`` စိတ်မပူနဲ့ကို... ဒီရောဂါကိုကုဖို့  Biological Therapy ကုနည်းလဲ ရှိသေးတယ်...။ Radiation

Therapy လို့ခေါ်တဲ့ ဓါတ်ကင်နည်းလဲ သုံးနိုင်တယ်......။  Stem Cell Transplant  ရိုးတွင်းခြင်ဆီ လဲပေးဖို့လည်း လိုတယ်...။

Supportive Care လို့ခေါ်တဲ့  ရောဂါပိုးမဝင်အောင်၊ ရောဂါလက္ခဏာတွေ သက်သာအောင်၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေသက်

သာအောင်၊ အစာအာဟာရ ပြည့်ဝအောင်၊ စိတ်ဓါတ် မကျအောင် ဂရုစိုက် လုပ်ပေးရင်လည်း သက်သာတယ်တဲ့။ အခု မီးမီးကအား

လုံးလုပ်နေတာပဲ.... ကို မပူနဲ့နော်....´´

                                      သူ့စကားလေးကို နားထောင်ရင်း ဘာတစ်ခုမှ ပြန်မပြောနိုင်လို့ ခေါင်းပဲညိတ်ပြလိုက်မိတယ်၊မီးမီးရေ

အားတင်းထားပါကွာ.....။ တကယ်တော့ ကျွန်တော်တို့ သိနေခဲ့တယ်လေ... ကင်ဆာဆဲလ်တွေ များလွန်းနေတယ်တဲ့...အရင်ကဆို

(၄)လလောက်နဲ့ ဆုံးသွားနိုင်ပေမဲ့အခု(၈၀)ရာနှုန်းလောက်အထိကုသနိုင်တယ်လို့ ပြောတယ်...။ ဒါပေမဲ့ မီးမီးက တိုးတက်မှုမရှိဘူး

တဲ့လေ....။

                                       လရောင်အေးအေးလေးရဲ့ အောက်မှာ ပူလောင်နေတဲ့ ရင်တွေနဲ့ အိမ်ပြန်လာခဲ့တယ်...။ အိမ်ရောက်

တော့လည်း တန်ခိုးရှင်များနှင့် ဆုံစည်းခဲ့ရင် မီးမီးရောဂါ ပျောက်ကင်းဖို့ ဆုတောင်းမိမှာပါလို့ မဖြစ်နိုင်တာကိုတစ်ယောက်ထဲ တမ်း

တနေမိသေးတယ်...။

 

                              `` ကလင်.. ကလင်.. ကလင်..´´ အဆက်မပြတ် မြည်နေတဲ့ ဖုန်းသံကြောင့် အိပ်ချင်မူးတူးနဲ့ ဖုန်းခွက်ကို

ကောက်ကိုင်လိုက်မိတယ်။  တစ်ဘက်က ပြောစကားကို နားထောင်လိုက်ပြီးတာနဲ့ ချက်ချင်းမျက်လုံး ကျယ်သွားတယ်....။  ခေါင်း

နပန်းလဲကြီးသွားတယ်၊  မေမေ့ကို ပြောပြီး ချက်ချင်းဆေးရုံကိုလိုက်လာခဲ့တယ်....။

                              သွေးသွင်းထားယုံမျှမက အောက်စီဂျင်ပိုက်ကိုပါ တတ်ထားရတဲ့ မီးမီး... ကျွန်တော်သူ့ဘေးမှာဝင်ထိုင်ရင်း

မျက်နှာကို သေသေချာချာကြည့်မိတော့ ဖြူဖျော့နေတယ်... နှုတ်ခမ်းတွေလည်း အောက်စီဂျင်ပြတ်သလို ပြာနှမ်းနေတယ်... မျက်

ဖြူလန်မလို ဖြစ်နေတဲ့ မျက်လုံးလေးတွေက ကျွန်တော့်ကို အားယူပြီး ကြည့်နေတယ်... သူ့လက်ဖ၀ါးလေးကို ကျွန်တော့် လက်ဝါး

ပေါ်တင်ထားတော့ ငြိမ်နေလေရဲ့. သူသိတယ်ဆိုတဲ့ သဘောပေါ့....။ ကျွန်တော် ငိုချလိုက်ချင်တယ်.... အခြေအနေတစ်ခုကို သိနေ

ခဲ့ပြီလေ....။

                               သူပါးစပ်လေး ဟ လာတယ်. နှုတ်ခမ်းလေးလဲ ခြောက်နေလို့... ရေဗူးလေး ကောက်ယူပြီး ပိုက်ကလေးနဲ့

အသားအယာ ထည့်ပေးတော့ ဖြည်းဖြည်းချင်းသူမြိုချနေတယ်... လည်ချောင်းထဲကို စီးဝင်သွားတဲ့ ရေသောက်ချတဲ့ အသံက ဒီည

အတွက် ရက်စက်တဲ့ ရယ်မောသံတစ်ခုလိုပါပဲ....။

                               မနက်အာရုဏ်မတက်မီ (၃)နာရီလောက်မှာတော့ ကျွန်တော့်လက်ကို ဆုပ်ကိုင်ရင်း မီးမီး အားလုံးကိုနှုတ်

ဆက်ထွက်ခွါသွားခဲ့တယ်...။ အပြင်မှာ လေပြင်းတစ်ချက်ဝေ့ကနဲ တိုက်ခတ်သွားတယ်....။

 

                              

                                အဲဒီ သီတင်းကျွတ်  လပြည့်နေ့လေးကတော့....  ကျွန်တော့်အတွက် သောကတွေနဲ့  ရင်တွေ တစ်ခုလုံး

ကွဲကြေခဲ့ရတဲ့ ရင်ကွဲရာသီပါပဲ....။

                                ကျွန်တော်တို့ နှစ်ယောက် ကြိုတင်စီစဉ်ထားခဲ့သလို အာရုဏ်ဆွမ်းလဲ မကပ်ဖြစ်တော့ဘူး၊ တာဝတိံသာ

နတ်ပြည်ကနေ လူ့ပြည်လူ့ရွာ သင်္ကဿနဂိုရ်ပြည်ကို ပြန်လည် ကြွမြန်းတော်မူလာတဲ့  ဘုရားရှင်ကိုရည်စူးပြီး ဆီမီးတွေလည်း မပူ

ဇော်ဖြစ်တော့ဘူး...။   ဗုဒ္ဓဂါယာကို ဖူးရင်းနဲ့ ဗုဒ္ဓ၀င်တွေကိုကြည်ညို ပူဇော်ရင်း  သီတင်းကျွတ် လပြည့်ည သန်းခေါင်ယံကို လည်း

ဖြတ်သန်းမယ်ဆိုပေမဲ့လည်း မျက်ရည်တွေနဲ့ပဲ ဖြတ်သန်းခဲ့ရတယ်...။

 

                         ဒီနေ့ သီတင်းကျွတ်လပြည့်ပြီ ကောင်မလေးရေ ....... ကိုယ် တစ်ယောက်ထဲ အာရုဏ်ဆွမ်းတွေ ကပ်ခဲ့တယ်၊

မင်းရဲ့ ၀ိဥာဉ်လေးနဲ့အတူရှိနေတယ်လို့လည်း ခံစားမိခဲ့ပါတယ်......။ လွမ်းစေတီလေးမှာ တတ်နိုင်သမျှ တဒင်္ဂဖြစ်ဖြစ် ကိုယ် တရား

အားထုတ်ခဲ့တယ်၊ သီလလည်း ဆောက်တည်ထားတယ်နော်...။  ညကျရင် MRTV ကလာတဲ့ ဗုဒ္ဓဂါယာကို ဖူးရင်းနဲ့ ဗုဒ္ဓ၀င်တွေကို

ကြည်ညိုပူဇော်ရင်းလှပတဲ့သီတင်းကျွတ်လပြည့်ည သန်းခေါင်ယံကို  ဖြတ်သန်းမယ်နော်။ ကောင်မလေး မြင်တွေ့ခွင့်ရနေသေးရင်

သာဓုခေါ်ပေးပါနော် .....ပြုပြုသမျှ ကုသလကို အမျှအတန်းပေးဝေပါတယ်....။  ဒါမှ မဟုတ်ရင်လဲ ကောင်းမွန်တဲ့ ဘုံဘ၀တစ်ခုမှာ

ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ ကောင်မလေးရေ....။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...