Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ခေါက်ဆွဲကြော်လေး ကြော်ကြမယ်

$
0
0

ဒီခေါက်ဆွဲကြော်မှ မတင်ခဲ့ရင် သူငယ်ချင်း နေမင်းခိုင်က သူငယ်ချင်းသေခန့်းပတ်ပြီးဆိုပဲ။ ခေါက်ဆွဲကြော်မကြော်မချင်း စကားမပြောတော့လို့ အမြန်ဆုံးကြော်ကျွေးလိုက်ပါတယ်။ (အဟိ...ဖွမှာပဲ)

 

မေကိုယ်တိုင်ကလည်း ခေါက်ဆွဲကြိုက်တယ်။ ခေါက်ဆွဲဆို အပြုတ်အကြော်၊အသုပ် တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်ကြော်စားလေ့ရှိပါတယ်။ ဒါကြောင့်မို့ပဲ ထင်ပါရဲ့။ အသင့်စားခေါက်ဆွဲထုပ်တွေကို နေ့စဉ်နီးပါး ငုံ့စားနေမိတာ။ ရှူးးးး ခေါက်ဆွဲခြောက်ထုပ်ပဲ စားနိုင်တာ လူမသိစေချင်လို့ ခပ်တည်တည်နဲ့ ဖြီးလုံးထုတ်တာ။


ကဲ ခေါက်ဆွဲစပြီးကြော်တော့မယ်နော်။

ပါဝင်သော ပစ္စည်းများ

၁။ ခေါက်ဆွဲ (၅၀သားခန့်)

၂။ဂေါ်ဖီထုပ် အနည်းငယ်

၃။ရွှေပဲသီး အနည်းငယ်

၎။ပဲပင်ပေါက် အနည်းငယ်

၅။မုန်လာဥနီ (၁)ဥခန့်

၆။ပြောင်းဖူးအနု (၆)ခု

၇။ကြက်သွန်နီဥကြီး (၂)ဥ

၈။ကြက်ဥ(သို့) ဘဲဥ (၃)လုံး

၉။ပဲဆီ (ပဲငံပြာရည်အနောက်) စားပွဲတင်ဇွန်း (၂)ဇွန်း

၁၀။ သကြား စားပွဲတင်ဇွန်း(၁)ဇွန်း

၁၁။ခရုဆီ စားပွဲတင်ဇွန်း (၂)ဇွန်း

၁၂။ ဆား (သို့) ပဲငံပြာရည်အကြည် သင့်တင့်ယုံမျှ

၁၃။ကြက်သား (သို့) ဝက်သား

၁၄။ အကြော်ကြော်ရန်ဆီ


အချိုမုန့် ထည့်ဝင်လိုပါက မိမိစားသုံးသင့်သော အတိုင်းအတာ

အသီးအရွက်တွေကို လျှော့ထည့်ချင်လဲရပါတယ်။ အမျိုးအရေတွက် လျှော့နည်းစေချင်ရင်လဲရပါတယ်။ ဂေါ်ဖီနဲ့ ပဲပင်ပေါက်  ၊ကြက်သွန် စသည်ဖြစ်ပဲ ထည့်ချင်တယ်ဆိုရင်လဲ အဆင်ပြပါတယ်။ မေက အသီးအရွက်တွေကို နှစ်သက်ခုံမင်လို့ အမျိုးအမည်များများနဲ့ ပိုထည့်လိုက်တာပါ။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ အသီးအရွက်များကို ပုံတွင်ပြထားသည့်အတိုင်း မိမိစိတ်ကြိုက် အနေအထားအတိုင်း လှီးဖြတ်ပေးပါ။

၂။ ခေါက်ဆွဲများကို ပဲဆီ ၊ခရုဆီ(သုံးစွဲပါက) စသည်ဖြစ် နယ်ထားပေးပါ။ပဲဆီ ခရုဆီကို ကြိုတင်မနယ်ဘဲ အသီးအရွက်ကြော်တဲ့အထဲ ထည့်လိုက်ရင်လဲ ရပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုထည့်လိုက်ရင် အသီးအရွက်များမှာ ပဲဆီအရောင်ကြောင့် အစိမ်းရောင်ပျောက်ပြီး မဲသွားလို့ ခေါက်ဆွဲထဲသာ ကြိုတင်နယ်ထားလိုက်တာပါ။

၃။ကြက်ဥကို အိုးပြားပြားလေးထဲ ပါးပါးလေး ဖြစ်အောင် ဟိုဘက်ဒီဘက်လှိမ့်ကာ ကြော်ပေးပါ။ ခေါက်ဆွဲကျက်မှ ထည့်လိုလျှင်လဲ ရပါ၏။ အဲ့လိုထည့်ရင်ကြက်ဥများကြောင့် ခေါက်ဆွဲများ တစ်စုတစ်ဝေးထဲ စုစည်းနေကာ စီးကပ်နေခြင်းကို မေ မနှစ်သက်သောကြောင့် ကြိုတင်ကြော်ထားလိုက်ပါသည်။

ထို့နောက် ထိုကြက်ဥ အပြားလိုက်ကို အိုးထဲတွင်ပင် လှိမ့်ယူလိုက်ပါသည်။ လှိမ့်ယူထားသော ကြက်ဥများကို အမျှင်ပါးပါးလှီးထားလိုက်ပါသည်။

၎။ အားလုံးအဆင်သင့် ဖြစ်ပြီးဆိုလျှင် မီးဖိုးပေါ်သို့ ဒယ်အိုးတင် ၊အိုးထဲသို့ အကြော်ကြော်ရန် သင့်တင့်သော ဆီထည့် ထားလိုက်ပါ။

ဆီများ အရှိန်ပြင်းပြင်းနှင့် ပူလာလျှင် ကြက်သွန်နီကို ထည့်ကာ နွမ်းသွားယုံမျှ ကြော်ပေးလိုက်ပါ။ ထို့နောက် အသားထည့်ကြော် ။ အသားများ ကျက်လောက်သည့်အခါတွင် အသီးအနှံများကို ထည့်ကြော်ပါလေ။ ပဲပင်ပေါက်နှင့်ကြက်ဥများကို မထည့်သေးပဲ ချန်လှပ်ထားပါ။

၅။ အသီးအရွက်များထဲသို့ ဆား၊သကြား၊ရသာမှုန့်များ ထည့်ကာ ခေတ္တမျှ ကြော်ပေးလိုက်ပါ။

၆။ ထို့နောက် ခေါက်ဆွဲထည့်ကာ ပါဝင်ပစ္စည်းများ နှံ့စပ်သည်အထိ သမပေးလိုက်ပါ။ အရသာ အပေါ့အငန်ကို မြည်း အရသာအနေတော်ပဲ ဖြစ်ပြီးဆိုလျှင် ခေါက်ဆွဲကြော် ကျက်လေပြီ။

၇။ ခေါက်ဆွဲကြော်အိုး မီးဖိုပေါ်မှ ချကာနီးဆဲဆဲတွင် ချန်လှပ်ထားသော ပဲပင်ပေါက်နှင့် ကြက်ဥများထည့်ကာ အနည်းငယ် သမမျှတအောင် မွှေပေးလိုက်ပါ။ ပဲပင်ပေါက်သည် ထိုခေါက်ဆွဲ“ အပူရှိန်ဖြစ်ပင် နူးလွယ်သောကြောင့် မီးဖိုပေါ်မှ အိုးချကာနီးအချိန်မှသာ ထည့်ဝင်ရန် အသင့်တော်ဆုံးဖြစ်လေသည်။

မှတ်ချက်။ ။ ခေါက်ဆွဲကြော်လျှင် အသီးအရွက်ကို ခေတ္တမျှသာ ကြော်ပေးပါရန်။ အချိန်ကြာမြင့်စွာ ကြော်ထားသော အသီးအရွက်များသည် အစိမ်းရောင်ပျက်ကာ အရသာလည်း အနည်းငယ် ချွတ်ယွင်းလေ့ရှိသည်။

သူငယ်ချင်းအားလုံး မေကြော်ထားသော ခေါက်ဆွဲများအား စားသုံးနိုင်ပါပြီရှင်။

စားလို့ မဝသေးရင် ထပ်၍ ယူနိုင်ပါသည်ရှင်။

 

.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်







Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>