ကန်ရေပြင်ည..ဟုတ်တယ်.အကိုကြီးကိုခင်မောင်တိုးဆိုခဲ့တဲ့..ကန်ရေပြင်ည
အရမ်းကိုလွမ်းစရာကောင်းတဲ့သီချင်းအေးအေးလေးပါ..ကျွန်တော်တီးတိုးဆိုနေကျ
ခုလဲ..အလွမ်းသီချင်းလေးက…နားထောင်နေမိတယ်..
အကိုကြီး..ကိုခင်မောင်တိုးကိုလွမ်းလို့ပါ..
" အိမ်အပြင်မှာ..မိုးနှောင်းမိုးသည်း..ကောင်းနေတုန်း..
ဝေးတစ်နေရာ..တစ်ပါးသော အရပ်ရယ်..လွမ်းရုပ်ကြွမ်းများ..
တစ်ရိပ်ရိပ်နဲ့..တွေးစိတ်တံခါးကို..တွန်းဖွင့်၍..မင်းရောက်လာပြီ..
ယွန်းနုနု တိုးတိုးစကားသံ…
စည်းငြိမ့်ငြိမ့်..စောင်းညင်းခပ်သံ..
လင်းလက်လက်..နုတ်ဆက်ဆည်းဆာ…
လွင့်လုလု..အိပ်မက်တမျှလှတဲ့ည..။
အိမ်အပြင်မှာ..မိုးနှောင်း..မိုးစဲခဲ့ပြီပဲ..
ကြင်နာသူရေ..တို့ရင်မှာ..မိုးသည်းထို့အတူပဲ..မရွာနဲ့တော့..
အသိစိတ်ကို လှန်းပုတ်နှိုးတော့..
သီချင်းလေးရယ်..အဆုံးသတ်နိုင်ပြီ….
…………………………………………………….
……………………………………………………."
ကျွန်တော်..သီချင်းလေးဆုံးအောင်..နားထောင်နိုင်စွမ်းမရှိတော့ပါ..
အကိုကြီးရယ်..ခုတော့..တကယ်ကိုပဲ..တပါးသောအရပ်မှာ..ကွယ်လွန်ခဲ့ရှာပြီပေါ့
အကိုကြီးချစ်တဲ့..အနုပညာရပ်ဝန်းလေးမှာ..မြန်မာသံစစ်စစ်လေးတွေကို
ကိုယ်ပိုင်ဟန်တစ်ခုနဲ့..အကိုကြီးမှတ်တိုင်တစ်ခုစိုက်ခဲ့တာပါ..။
ဘယ်ချိန်ဘယ်ခါပဲနားထောင်ထောင်မရိုးလွန်းတဲ့..အကိုကြီးရဲ့ သီချင်းလေးတွေကို
အကိုကြီးကိုချစ်တဲ့သူတွေ အမှတ်တရစုဆောင်းသိမ်းဆည်းထားလျက်ပါ..
အကိုကြီးရဲ့ဂန္ဓ၀င်တေးပေါင်းများစွာထဲက ကြိုးကြာ..လူတိုင်းအသဲစွဲခဲ့ရတာပါ
မိုင်ထောင်ချီပျံသန်းနေရတဲ့..ရာသီပြောင်းငှက်တစ်အုပ်..သူတို့က..ကြိုးကြာတွေ
ပျံမလား..နေရာဟောင်းမှာ အစာငတ်ခံသေမလား..
ပျံသန်ရင်း ခရီးတစ်ဝက်မှာ..သက်လုံမကောင်းသူတွေ..ကျဆုံးခဲ့ရတာတွေ
ဇွဲရှိသူတို့အောင်ပွဲ…
အကိုကြီးရေ..နိမိတ်ပုံတစ်ခုလေလား..။
သည်းဦးသစ္စာ…..စိတ္တဇ……ဆုံးဖြတ်တဲ့တိုင်း..
ငှက်လေးတစ်ကောင်…ကန်ရေပြင်ည….လေလွင့်ငှက်ငယ်..
အေးစေသောငြိမ်း…ရင့်ကျက်ခြင်းမှာ….မလာမယ့်လမ်း..
ပုံပြင်ဆန်နေသလား….မပြည့်အိုး….တရားအိမ်..
အကိုကြီးရေ..ဒီသီချင်းလေးတွေကို..သွားလေသူကြီးကို သတိတရရှိလေတိုင်း..
နားထောင်နေရအုန်းမှာပါ..
တစ်ခေတ်တစ်နေရာမှာ..မှတ်တိုင်းသစ်စိုက်ထူပေးခဲ့တဲ့..
ကိုခင်မောင်တိုး..ကောင်းရာသုခတိလားပါစေ..