ဘဝအမြင်....တဲ့ဒီခေါင်းစဉ်လေးကိုကျနော်နှစ်သက်သည်၊ရွေးလည်းရွေးတတ်ပေးလည်းပေးတတ်ပါပေသည်၊ဆုရတာမရတာကို
အပထားကျနော်တွေးထင်ထားသည့်ဘဝအမြင်တွေကိုပြောခွင့်ရတော့မည်၊ဒီအတွက်ကျနော်ကျေးဇူးတင်ရလေသည်လူအမျိုးမျိုး
စိတ်အထွေထွေရယ်မို့ဘဝအမြင်တွေကွဲပြားနေမှာသေချာလှသည်၊ကျင်လည်ရာပတ်ဝန်းကျင်၊အတတ်ပညာ၊အတွေးအခေါ်နှင့်
ညဏ်ရည်ကိုလိုက်၍အမြင်တွေလည်းကွဲပြားပေမည်ဘယ်လိုပင်ကွဲကွဲဘဝအမြင်တွေမလွဲဖို့တော့လိုပါသည်ဘဝကိုကောင်းသော
အမြင်ဖြင့်မြင်ရန်သာလိုပါသည်ရောင့်ရဲတတ်ဖို့လိုပါမည်၊ဆန္ဒနှင့်ဘဝတစ်ထပ်တည်းကျချင်မှကျမည်ကိစ္စမရှိပါ၊ဘဝသမုဒ္ဒရာကို
ဆန္ဒတည်းဟူသောလှေငယ်ဖြင့်ဖြတ်သန်းစဉ်တက်ကျိုးသွားတော့ရောဘာဖြစ်လည်းမိမိရည်မှန်းချက်ရှိရာကိုလက်ထိုးလို့လှော်
ပစ်လိုက်ရုံသာရှိသည်၊ဘဝကိုမြင်ကြရာဝယ်လောကီအမြင်လောကုတ္တရာအမြင်တို့ဖြင့်သင့်တင့်မျှတစွာမြင်သင့်သည်ဘဝတစ်ခု
တွင်ကိုယ်ပြုသောကံအတိုင်းကိုယ့်ဘဝထံပြန်လာမည်ကိုတော့သတိချပ်သင့်သည်၊ဘဝကိုအမျိုးမျိုးဖွင့်ဆိုကြသည်တစ်ချို့ကလည်း
Life is a battle. Life is a struggle.ဘဝဆိုတာတိုက်ပွဲတစ်ခု၊ဘဝဆိုတာလှုပ်ရှားရုန်းကန်မှုတစ်ခုလို့ဆိုကြသည်၊တကယ်တော့
လည်းလူ့သမိုင်းစတည်ချိန်လူရယ်လို့စတင်မွေးဖွားချိန်မှစ၍သေဆုံးသည်အထိကြားကာလအတွင်းလူသားတို့၏ပြုမူဆောင်ရွက်
မှုများသည်သူတို့၏ဘဝများပင်ဖြစ်သည်၊စာရေးဆရာကြီးဘဘဦးသုခ၏တေးဘုမ္မာသီချင်းထဲကလို"ဘဝသံသရာရှည်လျားထွေ
ပြားမနေမနားတသွားတည်းသွားကြတာ"ဟုသာဆိုလိုက်ချင်ပါတော့သည်။
ရခဲလှသည့်လူ့ဘဝ၊ဘုရားဖြစ်နိုင်ခွင့်ရှိတာလည်းလူ့ဘဝ၊တစ်ခါတုန်းကဘုရင်ကြီးတစ်ပါးကလူ့သမိုင်းစတင်ချိန်မှလက်ရှိအချိန်
အထိလူ့ဘဝသမိုင်းမှတ်တမ်းကိုသူသိချင်သည်တဲ့ပညာရှိအမတ်တွေကိုရေးသားစေသည်ရေးသားချိန်ခုနစ်လောက်ကြာမှပြီး
သည်စာအုပ်တွေကကုလားအုတ်(၇)ကောင်လောက်တင်ယူလာရသည်ဘုရင်ကြီးမဖတ်နိုင်ထပ်ချုံခိုင်းသည်ကုလားအုတ်(၁)စီး
စာ၊ဒါလည်းမဖတ်ချင်ပြန်၊ထပ်ချုံ့ခိုင်းပြန်သည်၊စာအုပ်ထူထူကြီးတစ်အုပ်၊ဒါလည်းသူမဖတ်ချင်လူ့ဘဝတွေအကြောင်းကိုတိုတို
နှင့်ရှင်းရှင်းသာသိချင်သည်တဲ့ပညာရှိတွေခေါင်းခဲကုန်သည်နောက်ဆုံးဘုရင့်သမီးတော်လေးကဒီကိစ္စကိုသူဖြေရှင်းပါမည်တဲ့
နောက်နေ့မနက်ညီလာခံကြတော့သမီးတော်လေးကဘဝအကြောင်းကိုပေစာလေးတစ်ရွက်ပေါ်ရေး၍ဘုရင်ကြီးထံဆက်သသည်
ဖတ်ပြီးတော့ပြုံးသည်ဘဝဆိုတာဒီလိုကိုးဟုမှတ်ချက်ချသည်၊ပေစာရွက်လေးထဲမှာရေးထားတာကရှင်းသည်"လူတို့မွေးဖွားကြ
သည်၊အသက်ရှင်နေထိုင်ကြသည်၊ပြီးတော့သေဆုံးသွားကြသည်"တဲ့ကျနော်ဒီစာလေးကိုဖတ်မိတော့ဘဝအမြင်တစ်ခုရလာသည်
မွေးဖွားပြီးသက်ရှင်နေထိုင်ပြီးတော့သေဆုံး...ဘာထူးမှာလည်းတရိစ္ဆာန်တကောင်နှင့်ဘာများကွာတော့ပါမည်နည်းလူသားသည်
အသိညဏ်မြင့်မားသည်ဘဝကိုဒီလိုနှင့်အချိန်ကုန်လျင်ပြီးရောဖြတ်သန်းနေတော့မှာလားကျနော်လက်မခံနိုင်ပါ၊မိမိရည်မှန်းချက်
ချက်ကိုရောက်အောင်သွားရမည်ဒါနှင့်လည်းမပြီးသေးကျနော်တို့၏ New Generation မျိးဆက်သစ်ကလေးတွေရှိလာဦးမည်၊သူ
တို့လေးတွေအနာဂါတ်လှပအောင်ဖန်တည်းပေးရဦးမည်၊မကောင်းသူကိုပဲ့ပြင်ကောင်းသူကိုပိုတော်အောင်ဆောင်ရွက်ပေးရဦးမည်
ဒီကလေးတွေမွေးပြီးလောကကိုကောင်းကျိုးမပေးနိုင်လျင်ကျနော်တို့တာဝန်ကျေနိုင်ကြပါမည်လား၊ဒီနေရာတွင်ကျနော်အမှတ်ရ
လာတာလေးရှိသည်၊မြန်မာပြည်ကိုခေတ္တပြန်စဉ်သူငယ်ချင်းတစ်ယောက်နှင့်ဆုံသည်သူအိမ်ထောင်ကျပြီးသားလေးတစ်ယောက်ရ
နေတာကျနော်သိသည်သူ့ဇနီးသည်ကိုမတွေ့လို့မေးကြည့်တော့ကွဲသွားပြီတဲ့....ကျနော်ကပြောသည်ခလေးကမိခင်နှင့်အတူရှိနေ
ရင်မကောင်းဘူးလားမင်းကအလုပ်တစ်ဖက်နဲ့ဆိုတော့လစ်ဟင်းမှုတွေရှိနိုင်သည်မပေါင်းနိုင်တော့လျင်လည်းမိခင်နှင့်အတူထား
ပေးဖို့အကြံပေးမိသည်၊ကိုယ့်ကိုယ်ကိုတော့တယ်ဟုတ်တဲ့ငါပါလားဒါမျိုးတွေတောင်ပြောတတ်နေပြီဟုစိတ်ကြီးဝင်သလိုတောင်
ထင်ရသည်၊ကျနော့သူငယ်ချင်းကစကားတစ်ခွန်းတည်းနှင့်အလဲထိုးချလိုက်သည်၊မင်းမြင်တာကိုငါအပြစ်မပြောလိုပေမဲ့ငါ့အမြင်
ကိုတော့မင်းသိအောင်ပြောရမည်တဲ့သူကကျနော့ထက်သုံးနှစ်လောက်ကြီးသည်ပညာလည်းတတ်ပါသည်အရာရှိတစ်ဦးလည်း
ဖြစ်ပါသည်၊သူ့ဇနီးသည်မှာအတွေးအခေါ်နိမ့်ကျသူဖြစ်ကြောင်း၊လောင်းကစား(၁လုံး/၂လုံး/၃လုံး)ကိုအလွန်မက်ကြောင်း၊အိမ်မှာ
ရှိတာတွေလည်းကုန်အကြိမ်ကြိမ်ဆုံးမ၍လည်းမရသဖြင့်လမ်းခွဲခဲ့ကြောင်းသူမလက်ထဲတွင်ထားပါကခလေးဘဝနစ်မွန်းမည်၊သူ့
သားငယ်မှာညဏ်ရည်မြင့်မားသူဖြစ်၍ပန်းကောင်းအညွန့်အကျိုးမခံနိုင်ကြောင်းမတော်တဆများသူ့သားလေးပညာတစ်ပိုင်းတစ်
စနှင့်လေလွင့်သွားခဲ့လျင်သူ့ကြောင့်ရခဲ့တဲ့ခလေးလောကထဲကိုအမှိုက်တစ်စလာပစ်သလိုဖြစ်မည်သူအမှိုက်ပစ်သောဖခင်တစ်
ယောက်အဖြစ်မခံနိုင်ပါတဲ့။သွားပြီကျနော့အထင်နှင်အမြင်တက်တက်စင်အောင်လွဲချေပြီရှက်လိုက်ပါဘိခင်မျာ၊ကျနော်သူ့လိုဘာ
ကြောင့်မတွေးခဲ့မမြင်ခဲ့တာပါလိမ့်ကျနော့အားနည်းချက်ကိုမြင်ရပြီအချိန်မီပြင်လိုက်ဦးမှ၊ကျနော်မသိသောအိမ်ထောင်ရေးဘဝကို
သူ့လောက်မမြင်နိုင်တာသေချာသွားပြီသင်ခန်းစာတစ်ခုအဖြစ်မှတ်ထားဦးမှဖြစ်မည်ကျနော်လည်းလောကထဲကိုအမှိုက်လာပစ်
သူမဖြစ်ရဖို့သူငယ်ချင်းကလမ်းပြသွားခဲ့လေပြီ။
လူတွေရဲ့ဘဝတွေထဲမှာမလွဲမသွေပတ်သက်နေတာကအချစ်ဖြစ်သည်ဒီအချစ်အပေါ်အမြင်လေးလည်းသက်သေလေးနှင့်ပြောရပါ
ဦးမည် Love at first sight. မြင်မြင်ချင်းချစ်မိတယ်၊Love is blind.အချစ်တွင်မျက်စေ့မရှိတဲ့One side love is painful.တစ်ဖက်
သတ်အချစ်ဆိုတာနာကျင်ရတယ်တဲ့ပြောပြရလျင်ဆုံးနိုင်ဖွယ်လို့မထင်မိတော့ဒီနေရာမှာဘဝရဲ့အစိတ်အပိုင်းဖြစ်တဲ့အချစ်အပေါ်
မှာအမြင်တစ်ခုလေးရခဲ့တာကလည်းဒီလိုပါ........ကျနော့ရဲ့ဒဿနလေးမပြောပြခင်အချစ်အပေါ်အမြင်လေးတွေလည်းဖြတ်ပြော
ခွင့်ပြုပါပြင်သစ်ဧကရာဇ်နပိုလီယန်ဘိုနာပတ်ကပြောခဲ့ပါတယ် Love is the idler's occupation,the warrior's relaxation,and
the sovereign's ruination.အချစ်ဆိုတာလူပေါ်ကြော့တွေအတွက်တော့အလုပ်အကိုင်တစ်ခုဖြစ်သလိုစစ်ပွဲဆင်နွှဲတဲ့လူတွေအတွက်
တော့အပန်းဖြေစရာတစ်ခုပေါ့၊မင်းစိုးရာဇာများအတွက်တော့ပျက်စီးရာပျက်စီးကြောင်းတစ်ခုပါတဲ့....နောက်အမြင်ကလည်းတစ်မျိုး
လေးပါအင်္ဂလန်ကအဌမမြောက်အက်ဒွပ်ဘုရင်အဖြစ်နန်းတက်ခဲ့တဲ့ဝေလမင်းသားကြတော့လည်းတစ်မျိုးပါသူ့ချစ်သူကိုလက်ထပ်
ခွင့်မရလို့ထီးနန်ကိုစွန့်ခဲ့တယ်သူပြောခဲ့တဲ့နှုတ်ဆက်မိန့်ခွန်းထဲမှာ..I have found it impossible to carry the heavy burden of
responsibility and to discharge my duties as King as I would wish to do without the help and support of the woman
I love. တဲ့သူဆိုလိုချင်တာကကျနော်ချစ်တဲ့အမျိုးသမီးရဲ့ကူညီဖေးမမှုမပါဘဲဒီကြီးလေးတဲ့တာဝန်ကိုထမ်းဆောင်ဖို့ရှင်ဘုရင်တာဝန်
ကျနော်ဆန္ဒရှိတဲ့အတိုင်းဆောင်ရွက်ဖို့မဖြစ်နိုင်ပါတဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီးဘဝရဲ့အစိတ်အပိုင်းဖြစ်တဲ့အချစ်အပေါ်ကျနော်အမြင်
သစ်ကလေးရခဲ့ပါတော့တယ်...Love is nothing but it can be everything.အချစ်ဟာဘာမှမရှိပါဘူးဒါပေမဲ့အရာရာကိုဖြစ်သွားစေ
နိုင်တယ်ဆိုတာပါ။
နောက်ဆုံးအနေနဲ့ဘဝအပေါ်မှာလောကုတ္တရာအမြင်လေးနဲ့အဆုံးသတ်ချင်ပါတယ်ဘဝအပေါ်မှာလောကုတ္တရာအမြင်ကတော့ရှင်း
ပါသည်ဘဝရှိလို့ခန္စာရသည်သည်အတွက်အို/နာ/သေတွေကိုရင်ဆိုင်ရမည်ဒီဒုက္ခတွေလွတ်ချင်လျင်ဖြစ်ပျက်ကိုမြင်အောင်ရှုသံ
ယောဇဉ်တွေကိုဖြတ်သံသရာကလွတ်အောင်ရုန်းတတ်ရပေမည်၊လူကြီးတစ်ဦး၏ဘဝအပေါ်ရှုမြင်သွားပုံလေးကလည်းလှပပါသည်
လူနှစ်ယောက်ရှိသည်တစ်ဦးကမူးပေတေနေသောလူဆိုးနောက်တစ်ဦးကသူတော်စင်တရားသမားနှစ်ယောက်အတူလျောက်လာစဉ်
တရားသမားခေါင်းကိုခဲလာမှန်သည်သွေးမြေကျရသည်အမူးသမားကတော့ဘာမှမဖြစ်ဒီဖြစ်ရပ်ကိုနှိုင်းယှဉ်သုံးသပ်ပြသည်မူးပေတေ
နေသောသူသည်အတိတ်ဘဝကုသိုလ်ကံနောက်ဆုံးလက်ကျန်ကြောင့်ခဲလုံးမမှန်အတိတ်ကုသိုလ်ကံကလည်းကုန်ပြီဒါပြီးလျင်သူ့ဘဝ
သုညကစရတော့မည်အနှုတ်ပြတော့မည်သူတော်စဉ်တရားသမားကတော့အတိတ်ကအကုသိုလ်ကံကြောင့်နောက်ဆုံးအကျိုးပေးကာခေါင်းကိုခဲလုံးမှန်
သည်လက်ရှိဘဝတွင်ကောင်းအောင်သူနေသည်အတိတ်အကုသိုလ်ကံကလည်းကုန်ပြီအပေါင်းဖြင့်စပေတော့မည်၊ဒီအကြောင်းအရာ
လေးကိုနားထောင်ပြီးကျနော်ဘဝအမြင်တစ်ခုတိုးလာသည်လက်ရှိအချိန်မှစ၍ကျနော်တို့ဘဝများစွာ၏ရှေ့ခရီးကို(-)ဖြင့်သွားကြမည်
လား(+)ဖြင့်သွားကြမည်လား၊ကျနော်တိုက်တွန်းလိုပါသည်၊ဘဝကို(+)ဖြင့်သာသွားကြစေလိုပါသည်။
( ကိုယ်တိုင်ရေးဘဝအမြင်ဆောင်းပါး)
အားလုံးကိုခင်မင်လေးစားစွာ...kaunghtet (ကဗျာဥယျာဉ် )
ီ
↧
ဘဝအမြင် (ပြိုင်ပွဲဝင်ရန်)
↧