ရွှေမြို့ တော်မှ အက်ဒမင်အကို အမများ၊ ချစ်ညီမလေးရဲ့  သူငယ်ချင်းများးနဲ့ သူငယ်ချင်းမဖြစ်သေးသူ မန်ဘာများ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါရစေ…
ကျွန်မတို့ရဲ့  ရွှေမြို့ တော်ဆိုဒ်မှာ ကဗျာတွေ စာတွေရေးရင်းနဲ့ အားလုံး ပျော်ရွှင်နေကြမယ်လို့လဲ ထင်ပါတယ်…
ကလောင်ရှင်တွေကလည်း တစ်နေ့ထက် တစ်နေ့ လက်စွမ်းတွေ ပြနေလိုက်ကြတာ လိုက်လို့ကို မမှီနိုင်တော့ပါဘူး…
တစ်ချို့ ကျတော့ စာရေးသူ သီးသန့်ဖြစ်ပြီး တစ်ချို့ ကျတော့လည်း စာဖတ်ပရိသတ်ဘဲ ဖြစ်နေပါတယ်…
ရေးတဲ့သူရှိမှ ဖတ်တဲ့သူဆိုတာပေါ်ပေါက်လာသလို၊ ဖတ်တဲ့သူကြောင့်လည်း ရေးတဲ့သူတွေ များပြားလာရခြင်းပါ…
ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုတဲ့ သဘောပေါ့နော်…
ဒီနေရာလေးမှာ ကျွန်မ တွေ့မြင်မိတာလေးတစ်ခုကို အကြောင်းပြုရင်း အက်ဒမင် အမတစ်ယောက်ကလည်း ချစ်ညီမလေး စာမရေးတာ ကြာပြီနော်လို့ သတိပေးလာတဲ့အတွက် ဒီပို့စ်လေးရေးဖို့ စိတ်ကူးမိတာပါ…
ကျွန်မတို့ ရွှေမြို့ တော် ဆိုဒ်မှာ စာရေးသားကြတဲ့ စာရေးဆရာ၊ စာရေးဆရာမတွေ အရမ်းတော်ကြပါတယ်…
ဘာကြောင့် ဒီလိုကောက်ချက်ချလို့ရတာလဲဆိုတော့ သူတို့ရေးတဲ့စာတိုင်းမှာ မှတ်ချက်တွေဟာ များပြားလွန်းစွာ တွေ့ရလို့ပါဘဲ…
မှတ်ချက်ပေးသူဟာ မကောင်းတာကိုတော့ ကောင်းတယ်လို့ ပြောတဲ့သူ မရှိပါဘူး…
တစ်ကယ်ကောင်းလွန်းလို့သာ မှတ်ချက်ပေးရခြင်း ဖြစ်ပါတယ်…
ကျွန်မလည်း ကိုယ်ရေးထားတဲ့ပိုစ့်လေးတွေမှာ မှတ်ချက်များများလေးတွေ့ရရင် ပျော်နေတတ်သူပါ…
ခုနောက်ပိုင်း ကျွန်မ စာသိပ်မရေးဖြစ်တော့ ရေးဖြစ်တဲ့သူတွေကိုဘဲ လိုက်အားပေးနေမိပါတယ်…
အဲဒီမှာ ဘာတွေ့ရသလဲဆိုတော့ တက်သစ်စ ကလောင်ရှင်လေးတွေကို အားပေးတဲ့သူ အရမ်းနည်းနေတာ တွေ့ရပါတယ်…
တစ်ချို့ ဆို မှတ်ချက်တစ်ခုမှတောင် မရှိပါဘူး…
ရေးသားသူ ကလောင်ရှင်တော့ ဘယ်လိုခံစားရမယ်မသိပေမဲ့ ကျွန်မ ကိုယ်ချင်းစာနာစွာနဲ့ စိတ်မကောင်းဖြစ်မိပါတယ်…
ကျွန်မ ဖတ်မိသလောက်တော့ ကလောင်သစ်လေးတွေမှာလည်း အစွမ်းအစတွေရှိနေပါတယ်…
စာတစ်ကြောင်း နှစ်ကြောင်းနဲ့ ကဗျာမဟုတ် စာမဟုတ်တဲ့ စာပေတွေကိုတော့ ထည့်မပြောလိုပါဘူး…
သူတို့ဘက်က ကျွန်မ ခံစားကြည့်တော့ ကိုယ်ရေးထားတဲ့စာမှာ မှတ်ချက်တစ်ခုတောင် မရှိဘူးဆိုရင် စာဆက်ရေးဖို့ အင်အားရှိနိုင်ပါတော့မလား…
စာတစ်ပုဒ်ကို ကြည့်လိုက်ရင် ကြည့်သူဦးရေတော့ တွေ့ရပြီး မှတ်ချက်ရေးတဲ့သူ မရှိခြင်းဟာ ဒီစာမကောင်းဘူးလို့ ဆိုလိုလိုက်တာနဲ့တူနေပါတယ်…
ကျွန်မလိုဘဲ ပညာရှင်အဆင့်မဟုတ်ဘဲ ဝါသနာရှင်အဆင့်သာ ရှိသေးသူတွေအတွက် လိုအပ်ချက်ဆိုတာ ရှိနေစမြဲပါ…
အဲဒီလိုအပ်ချက်ကို မိမိက အပြစ်သဘောမမြင်ဘဲ အပြုသဘောမျိုးနဲ့ ဝေဖန်ထောက်ပြပေးမယ်ဆိုရင်
နောက်ဒီထပ်ကောင်းတဲ့ စာပေတွေအဖြစ် ဖန်တီးလာပါလိမ့်မယ်…
စာရေးသားသည်ဖြစ်စေ၊ စာဖတ်သည်ဖြစ်စေ ရယူလိုစိတ် မပါဘဲ ရေးမယ်၊ ဖတ်မယ်ဆိုရင် သဟဇာတ ဖြစ်ပြီး နှစ်ဖက်လုံး အကျိုးဖြစ်ထွန်းနိုင်ပါတယ်…
ကိုချစ်ဦးမောင်ရဲ့  “စကားတစ်ခွန်းကြောင့် လူမုန်းမခံပါစေနဲ့” ဆိုတာလည်း မမှားပါဘူး…
ဒါကတော့ပြောသူပေါ်မှာဘဲ မူတည်တယ်လို့ ကျွန်မယူဆပါတယ်…
မိမိသာ လူမုန်းမခံရအောင် ပြောတတ်မယ်ဆိုရင် ကျေးဇူးတောင် ပြန်တင်ခံရအုန်းမှာပါ…
စာရေးသားတယ်ဆိုတာ လွယ်ကူလှတာတော့ မဟုတ်ပါဘူး…
စာရေးနိုင်ဖို့ အရင်ဆုံး ကိုယ်ကစာဖတ်ရပါတယ်…ပြီးရင် အတုယူပြီး မိမိကိုယ်ပိုင်ဟန်နဲ့တင်ပြနိုင်ဖို့က ပိုအရေးကြီးပါတယ်…
သမ္ဘာရင့် ဝါရင့် ဆရာ၊ ဆရာမတွေရဲ့  စာတွေကို ဖတ်ကြည့်မယ်ဆိုရင် သူတို့ဘယ်လောက်လေ့လာထားသလဲဆိုတာ မမေးဘဲနဲ့ကို သိနိုင်ပါတယ်…
ရွှေမြို့ တော် ဆိုဒ်မှာ ကိုယ်တိုင်လည်း စာရေးတယ်၊ သူများကိုလည်း အားပေးမှတ်ချက်လေးတွေ ရေးပေးနေတဲ့သူတွေလည်း တွေ့မြင်ရပါတယ်…
ဒါဟာရယူမှုမပါတဲ့ ကောင်းသော လုပ်ဆောင်ခြင်းပါ…
နောက် မန်ဘာသစ်လေးတွေကို မမောတမ်းလိုက်လံကြိုဆိုပေးသူ၊ အသိပညာ ဗဟုသုတတွေကိုသာ တစိုက်မတ်မတ်ရေးသူ၊ မန်ဘာတွေ ပျော်ရွှင် ဥာဏ်ထက်နိုင်စေဖို့ ဟာသနဲ့ ဥာဏ်စမ်းတွေ တင်ပေးသူ၊ ပြဿနာ ပေါင်းစုံနဲ့ လိုအပ်သမျှကို ဖြေရှင်းဖြည့်ဆည်းပေးနေတဲ့အက်ဒမင် အကိုအမများနဲ့ ဆိုဒ်တည်ပေးသူတို့ကိုလည်း ကျေးဇူးအလွန်တင်ဖို့ ကောင်းပါတယ်…
မိမိအတွက် ဘာမျှော်လင့်ချက်မှ မထားဘဲ သူတစ်ပါးအကျိုးကို စွမ်းဆောင်နိုင်သူဟာ ရှားပါးစာရင်းမှာဘဲ ရှိနေပါသေးတယ်…
ဒါကြောင့် ကျွန်မတောင်းဆိုမိတာက စာရေးသားသူရော၊ စာဖတ်ပရိသတ်ရော အရေးအသား လေးစားပြီး ပုဂ္ဂိုလ်စွဲမထား အားပေးလိုက်ကြမယ်ဆိုရင် ရွှေမြို့ တော်ဆိုဒ်မှာ ကလောင်အသစ် ပညာရှင်အသစ်တွေ ပေါ်ထွန်းလာပြီး ဒီ့ထက် အောင်မြင်တဲ့ဆိုဒ်တစ်ခု ဖြစ်လာမှာပါလို့ တင်ပြရင်း……………
“ သင့်ကော်မန့်တစ်ခုက ရေးသားသူအတွက် အားဆေးတစ်ခွက်ပါ”
( ချစ်ညီမလေးရဲ့  ဒီပိုစ့်မှာ မည်သူ့ကိုမျှ ထိခိုက်နစ်နာစေလိုခြင်း မရှိဘဲတောင်းဆိုမှုသဘောအဖြစ်နဲ့သာ ရေးသားထားခြင်း ဖြစ်တဲ့အတွက် ထိခိုက်မှုရှိသွားပါက မှားတာရှိ ဝန္ဒာမိပါလို့ )