Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တကယ်မချစ်ဘူးဆိုရင်

$
0
0

လူတစ်ယောက်ကို တကယ်မချစ်နိုင်ဘူးဆိုရင်
သူ့ ကို သံယောဇဉ်မပေးပါနဲ့ ..
မျှော်လင့်ချက်အမှားတွေနဲ့ လဲ ချည်နှောင်မထားပါနဲ့ ..
ဟန်ဆောင်ဂရုစိုက်မှုတွေနဲ့  အဆုံးသတ်မလှပတဲ့အချစ်ကို မွမ်းမံချယ်သဖို့လဲ ကြိုးစားမနေပါနဲ့ ..

ခင်မင်ရင်းနှီးမှုပေးတာဟာ
မလိုအပ်တဲ့သံယောဇဉ်ပေးတာ၊ မျှော်လင့်ချက်အမှားတွေနဲ့ ချည်နှောင်တာ၊ ဟန်ဆောင်ဂရုစိုက်မှုပေးတာမျိုးတေ

ွမဟုတ်ပေမယ့်
ချစ်တယ်ပြောပြီးအမှားပြန်ပြင်တာမျိုးကတော့ ဒီလိုအရာတွေကို ကျူးလွန်မိရာရောက်ပါတယ်...

လူတစ်ယောက်ရဲ့ နှလုံးသားဆိုတာ
အပျင်းဖြေစရာ အပျော်တမ်းဆော့တဲ့ ကစားစရာအရုပ်လဲမဟုတ်၊
အပျင်းပြေကြည့်စရာ ဗီဒီယိုကားလဲမဟုတ်၊
ပစ်ချလိုက်ပြန်ကောက်ယူလိုက်လုပ်လို့ ရတဲ့ ဘော်လီဘောဂိမ်းလဲမဟုတ်ပဲ..
ထိရှလွယ်၊ နာကျင်လွယ်၊ နင့်နဲခံစားလွယ်တဲ့
နူးညံ့သိမ်မွေ့ တဲ့အရာတစ်ခုပဲမဟုတ်လား..

ဒါကြောင့်
လူတစ်ယောက်ကို အချစ်စစ်စစ်နဲ့ မချစ်နိုင်ဘူးဆိုရင် အစောကတည်းက သူ့ ကို သံယောဇဉ်မပေးပါနဲ့…
အချစ်လဲမဟုတ်၊ သံယောဇဉ်လဲမဟုတ်၊ တွယ်တာမှုလို့ လဲသေသေချာချာပြောလို့ မရတဲ့
ကိုယ့်ရဲ့ ဘာမှန်းရေရေရာရာမသိတဲ့စိတ်တစ်ခုကြောင့် အခြားသူတစ်ယောက်ကို ထိခိုက်နစ်နာသွားစေမယ်ဆိုရင် အဆုံးသတ်မှာ ကိုယ်ကိုယ်တိုင်လဲ အနည်းနဲ့ အများတော့ ပင်ပန်းထိခိုက်မှုကိုခံစားရမှာပါပဲ..

အချစ်စစ်ဆိုတဲ့အရာဟာ ခက်ခဲပင်ပန်းတတ်တယ်ဆိုပေမယ့် အဆုံးသတ်မှာ ပျော်ရွှင်ကြည်နူးစရာကောင်းလေ့ရှိတတ်သလောက်
အချစ်စစ်မဟုတ်တဲ့ဒီအရာမျိုးကတော
ပြုလုပ်သူနဲ့ ယုံစားမိသူနှစ်ဦးစလုံးအတွက် ပြင်းထန်စွာ ထိခိုက်ပင်ပန်းစေတတ်သလို အဆုံးသတ်မှာလဲ နာကျင်ကြေကွဲစရာကောင်းလွန်းတတ်တယ်လေ.

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>